စက်တင်ဘာ
၂၅ ရက်က သမ္မတဦးသိန်းစိန်နှင့် အမေရိကန် သမ္မတဟောင်း ဂျင်မီကာတာတို့
နေပြည်တော်တွင် တွေ့ဆုံစဉ် (ဓာတ်ပုံ- သမ္မတရုံးဝက်ဘ်ဆိုက်)
နိုင်ငံတော်သမ္မတ
ဦးသိန်းစိန်သည် ထာဝရ ငြိမ်းချမ်းရေး ရရှိရေးအတွက် အတွေ့အကြုံ၊
အကြံဉာဏ်များ မျှဝေပေးရန် မြန်မာနိုင်ငံသို့ ရောက်ရှိနေသည့်
အမေရိကန်နိုင်ငံ သမ္မတဟောင်း နိုဗယ်ငြိမ်းချမ်းရေးဆုရှင် ဂျင်မီကာတာ
ဦးဆောင်သော ကမ္ဘာ့ခေါင်းဆောင် ဟောင်းများအဖွဲ့ (The Elders)
အဖွဲ့ဝင်များအား စက်တင်ဘာ ၂၅ ရက် မွန်းလွဲ ၂ နာရီခွဲတွင် နေပြည်တော်ရှိ
နိုင်ငံတော်သမ္မတ အိမ်တော်ရှိ ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံရာတွင်
တောင်းဆိုခဲ့သည်။
ယင်းသို့ တွေ့ဆုံရာတွင်
အမေရိကန် သမ္မတဟောင်း
ဂျင်မီကာတာနှင့်အတူ ကမ္ဘာ့ခေါင်းဆောင် ဟောင်းများအဖွဲ့(The Elders)
အဖွဲ့ဝင်များဖြစ်သော ဖင်လန်နိုင်ငံ သမ္မတဟောင်း နိုဗယ်ငြိမ်းချမ်းရေးဆုရှင်
မာတီအာတီဆာရီ၊ နော်ဝေနိုင်ငံ ၀န်ကြီးချုပ်ဟောင်း
ဒေါက်တာဂရိုဟာလမ်ဘရန့်တ်လန်းတို့ ပါဝင်ကြောင်း သိရသည်။
ထိုသို့
တွေ့ဆုံရာ၌ သမ္မတဦးသိန်းစိန်က အဆွေတော်တို့ အနေဖြင့် ယခုကဲ့သို့
ကမ္ဘာ့လူသားများ၏ အကျိုးကို ရှေးရှုပြီး လိုက်လံကူညီ ဆောင်ရွက်ပေးနေသည့်
အတွက် များစွာဝမ်းမြောက် ဂုဏ်ယူမိကြောင်း၊ မိမိတို့ နိုင်ငံအတွင်း
လက်နက်ကိုင် တိုင်းရင်းသားများနှင့် ငြိမ်းချမ်းရေး ရရှိရေးအတွက်
ဆောင်ရွက်လျက် ရှိရာတွင် အောင်မြင်မှုများ ရှိသကဲ့သို့ အခက်အခဲများလည်း
ကြုံတွေ့ရကြောင်း၊ လက်ရှိအချိန်တွင် နိုင်ငံတစ်ဝန်းနီးပါး သေနတ်သံများ
ချုပ်ငြိမ်းသွားပြီး နယ်စပ်ဒေသ အများအပြားတွင် ငြိမ်းချမ်းရေး
အသီးအပွင့်များကို ခံစားနေရပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့အပြင်
မကြာမီ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ငြိမ်းချမ်းရေး သဘောတူညီချက်အား
လက်မှတ်ရေးထိုးနိုင်ရန် ဆောင်ရွက်လျက် ရှိကြောင်း၊ အပစ်အခတ်များ
ရပ်စဲသော်လည်း ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးရရှိရန် နိုင်ငံရေး
ဆွေးနွေးပွဲများ ဆက်လက်ကျင်းပရန် ကျန်ရှိနေပါ သေးကြောင်း၊
သမ္မတဦးသိန်းစိန်က ပြောကြားသည်။
တွေ့ဆုံမှုတွင် ငြိမ်းချမ်းရေး
ကိစ္စရပ်များသာမက ဖွဲ့စည်းပုံ အခြေခံဥပဒေပြင် ဆင်ရေးဆွဲရေး ဆိုင်ရာများ၊
ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သည့် ပဋိပက္ခများအား ကုလသမဂ္ဂ၊ နိုင်ငံတကာ
အဖွဲ့အစည်းများ၊ အစိုးရ မဟုတ်သော အဖွဲ့အစည်းများ၊ စေတနာရှင်များနှင့်
ပူးပေါင်း၍ ပညာရေး၊ ကျန်းမာရေး၊ ကလေးသူငယ် စောင့်ရှောက်ရေး၊
နေထိုင်စားသောက်ရေး၊ လူမှုစီးပွားဘ၀ ဖွံ့ဖြိုးတိုးတက်ရေး၊
လူမျိုးစုနှစ်စုအကြား အတူတကွ ယှဉ်တွဲနေထိုင်နိုင်ရေး၊ ထာဝရ ရင်ကြားစေ့ရေး
တို့အတွက် ဖြေရှင်းဆောင်ရွက်နေမှုများ၊ ၂၀၁၃ ခုနှစ် နှစ်ကုန်တွင် နိုင်ငံရေး
အကျဉ်းသား မကျန်ရှိရအောင် ဆောင်ရွက်နေမှုများနှင့် စပ်လျဉ်း၍
ဆွေးနွေးခဲ့ကြကြောင်း နိုင်ငံတော် သမ္မတရုံး၏ ထုတ်ပြန်မှုအရ သိရသည်။
ကမ္ဘာ့ခေါင်းဆောင်
ဟောင်းများအဖွဲ့ (The Elders) အဖွဲ့ဝင်များသည် စက်တင်ဘာ ၂၅ ရက်
ညနေပိုင်းတွင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ရုံး၌ ရွေးကောက်ပွဲ
ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးအား သွားရောက်တွေ့ဆုံခဲ့ပြီး ရွေးကောက်ပွဲ
လုပ်ငန်းစဉ်များ ပိုမိုဖွံ့ဖြိုး တိုးတက်အောင် ဆောင်ရွက်နိုင်ရေး၊ ၂၀၁၅
ခုနှစ်တွင် ကျင်းပမည့် ရွေးကောက်ပွဲအတွက် ပြင်ဆင်ဆောင်ရွက် နေမှုများ၊ သမ္မတ
ရွေးကောက်ပုံစနစ်၊ ရွေးကောက်ပွဲတွင် လေ့လာရေး အဖွဲ့များ၊ ခွင့်ပြု၊ မပြု၊
အခြားနိုင်ငံ ရွေးကောက်ပွဲများသို့ သွားရောက် လေ့လာမှု အခြေအနေများ၊
နိုင်ငံတကာ ရွေးကောက်ပွဲဆိုင်ရာ အတွေ့အကြုံများကို ဆွေးနွေးခဲ့ကြကြောင်း
သိရသည်။
ဆက်လက်၍ အမေရိကန် သမ္မတဟောင်း ဂျင်မီကာတာ ဦးဆောင်သည့် The
Elders အဖွဲ့ဝင်များသည် ညနေ ၅ နာရီ ခန့်တွင် လွှတ်တော်ရေးရာဆောင် I-1 တွင်
ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးနန္ဒကျော်စွာအား တွေ့ဆုံ၍ မြန်မာနိုင်ငံ၏
ဒီမိုကရေစီ ကူးပြောင်းရေးတွင် ပါဝင်ဆောင်ရွက်ရေး၊
လူ့အခွင့်အရေးဆိုင်ရာနှင့် လွှတ်တော်ဆိုင်ရာ ကိစ္စရပ်များ
ဆွေးနွေးခဲ့ကြကြောင်း သိရသည်။ ထို့ပြင် ၎င်းတို့သည် သီတဂူဆရာတော် အရှင်ဥာဏိဿရ၊
အစ္စလာမ် ဘာသာရေးအဖွဲ့မှ ဦးအေးလွင်၊ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့်
ပွင့်လင်းလူ့ အဖွဲ့အစည်းမှ ဦးမင်းကိုနိုင်တို့ကို ရန်ကုန်မြို့၌
သီးခြားစီတွေ့ဆုံ ဆွေးနွေးခဲ့သည်။
မိမိကွန်ပြုတာမှာ USB ပေါက်တွေကနေလာတဲ့ ဗိုင်းရပ်ကို ကာကွယ်ကြမယ်
-
*USB DISK SECURITY 6.2.0.125 WITH KEYGEN*
*မိမိတို့ကွန်ပြူတာကို နေရာအမျိုးမျိုးကနေ ပြီးတော့ virus
အမျိုးမျိုးဝင်နိုင်ပါတယ်*
*အခုပေးချင်တာလေးကတော့ မိ...
9 years ago
0 comments:
Post a Comment