Related Posts Plugin for WordPress, Blogger...

Wednesday, January 3, 2018

မန်ဘာဝင် 100 ပြည့် အမှတ်တရ ရှင်းတမ်း နှင့် မန်ဘာဝင်နည်း ( ဖတ်ဖြစ်အောင်ဖတ်ပေးကြပါ )

ရှင်းတမ်း
*******

အားလုံးသော ၀ါတနာ တူ ညီ အစ်ကိုမောင်နှမများ မင်္ဂလာပါ .။ ကျွန်တော်က တော့ ဒီဆိုဒ်ရဲ့ Second Admin အနေနဲ့ ဝင်ရောက်ရေးသားနေတဲ့ နေသာ (kingboyonline@gmail.com) ဖြစ်ပါတယ် .။
အခုဆို ဆိုဒ်ကို ပြ့ည်စုံအောင် ကျွန်တော် အခြားသော ဆိုဒ်တွေက နေ copy ချပေးခဲ့တာတွေလည်းတော်တော်များများ ရှိနေပါပီ .။  ဒါပေမယ့် ဆိုဒ်မှာ လေဘလ်တွေ များလာတာပဲ ရှိပီး ဆိုဒ်ရဲ့ လေဘလ်တွေကို သီးသန့်  တစ်ပိုင်း တစ်ပိုင်း ခွဲနိုင် ခြင်းမရှိသေးပါဘူး .။ ဒါကြောင့် လေ့လာသူများ အတွက် မရှင်းတာတွေ ဖြစ်နေတဲ့အကြောင်းကို အီးမေလ်းတစ်စောင် ၀င်လာပါတယ် .။


ကော်ပီယူခြင်းအကြောင်း
******************

အဲ့တာကို ကျွန်တော် ပြုပြင် ဖို့  အတွက်စိတ်ထဲမှာ ထည့်ထားပါတယ် .။ တစ်ကယ်တမ်းမှာ မအားလပ်သေးတာကြောင့် ကျွန်တော် မလုပ်နိုင်သေးပါဘူး .။အခု ကျွန်တော် တို့ ဆိုဒ်မှာ ရှိနေတဲ့ ကဏ္ဍ တွေ အားလုံး ဟာ မပြည့် စုံသေးပါဘူး .။ ပြည့်စုံတယ်လို့ ထင်ရလောက်တဲ့အနေ အထားပါ.။ဒီလိုဖြစ်အောင် ကျွန်တော်လုပ်ခဲ့တာရည်ရွယ်ချက်ရှိပါတယ် .။ ( သတင်း ) ပိုစ့် တွေက လွဲပီး ကျန်တဲ့ ပိုစ့် တော်တော်များများကို ကျွန်တော်ကိုယ်တိုင်တင်ခဲ့တာဖြစ်ပီး နည်းပညာ ပိုင်းမှာ  ကျွန်တော့်ကိုယ်ပိုင် တင်ထားတာတွေ တော်တော်များများ ရှိပါတယ် .။ နည်းပညာ အနည်းငယ် ကို ကော်ပီခဲ့တာဖြစ်သလို  ကျန်တဲ့ သီချင်းကဏ္ဍ ဆိုရင်လည်း ဒီကနေ ကူးယူခဲ့တာဖြစ်ပါတယ် .။ ကော်ပီ ယူထားတဲ့ အကြောင်းကို ပိုစ့်တွေမှာ ကျွန်တော် credit ပေးထားခဲ့ပီးဖြစ်ပါတယ် .။ ကျန်နေတဲ့  ကျန်းမာရေးနဲ့ လိင်ပညာပေးကဏ္ဍ ကိုလည်း မြ၀တီ သတင်း ကနေ ကော်ပီယူခဲ့တာပါ .။ ဒါကြောင့်ကျွန်တော် ကော်ပီ  ယူခဲ့ တဲ့အကြောင်း က ၀ါတနာတူ ညီ အစ်ကိုများ အနေနဲ့ လိုချင်တဲ့ အပိုင်းကို ချက်ချင်းဆိုသလို တစ်နေရာထဲကနေ  အခက်အခဲ မရှိအောင်  ကြည့်ရှု့ နိုင်အောင်လို့ ပါ .။

လိုချင်တာလေးရှိခဲ့ရင်
****************
သူငယ်ချင်းတို့ အနေနဲ့  မိမိတို့ လိုချင်သော  Software , Applications , အစရှိတာတွေကို chat box မှာဖြစ်စေ ကျွန်တော်တို့  ADMIN  နှစ်ယောက်ရဲ့ Email သို့ ဖြစ်စေ . တောင်းဆို ပြောကြားနိုင်ပါတယ် .။
ဒီနေ့  တောင်းထားတာကို မနက်ဖြန်မှာ ကျွန်တော် တို့  မတင်ပေးနိုင်တာကို နားလည်ပေးစေချင်ပီး ခန့် မှန်း  ( ၇ ) ရက် အတွင်း တင်ပေးတတ်ပါတယ် .။ အရင်က ကျွန်တော့်ကိုယ်ပိုင် ဆိုဒ် ဖြစ်တဲ့ www.naytar.blogspot.com  (အိမ်မက်၏လက်တော်များ) မှာ ဆိုရင်  တောင်းဆို ထားတာတွေ ကြာနေရင် ဆဲခံရ မတတ် ဖြစ်ခဲ့ပါတယ် .။ ဒါကြောင့် သီးခံ ပေးဖို့  နဲ့  နားလည်ပေးစေချင်ပါတယ် .။




မန်ဘာဝင်ပေးကြပါ
**************
နောက်ထပ်ကျွန်တော် တောင်းဆိုချင်တာလေးတစ်ခုရှိပါတယ်.။ ကျွန်တော် ဒီဆိုဒ်မှာ ၀င်ရေး တုန်း က မန်ဘာဝင်ဦးရေ ဟာ  ၁၀  ယောက်လောက်ပဲရှိပါတယ် .။ အခု ဆိုရင် သူငယ်ချင်းတို့ ရဲ့အားပေးမှု့ ကြောင့် ၁၀၀ ကျော်ခဲ့ပါပီ .။ သေသေချာချာ ပြန်စဉ်းစားကြည့်ကြရအောင်ဗျာ.။ မန်ဘာဝင်ရန်နေရာ
ကျွန်တော်တို့ ဘလော့ဂါ တွေအတွက် အားဆေးဆိုတာ  Comment  တွေ Member ၀င်မှု့ တွေ ပါ.။ သူငယ်ချင်းတို့ အတွက်လည်း ဒါဟာ ခက်ခဲတာ မဟုတ်ပါဘူး .။ အချိန် သုံးမနစ်လောက် အကုန်ခံပီး ရလာတဲ့ မန်ဘာဝင်တစ်ယောက်ဟာ ကျွန်တော်တို့ အတွက်တော့ အရမ်းအသုံးဝင်တဲ့ ဆေးတစ်လက်ပါပဲ .။ဒါကြောင့် သူငယ်ချင်းတို့ ကို လေးလေးနက်နက်နဲ့ တောင်းဆိုပါတယ် .။ မန်ဘာဝင်ပေးကြပါ .။


ဆက်သွယ်ဖို့ 

**********
နောက်ဆုံးအနေနဲ့ ကတော့  အကြောင်းကြောင်းကြောင့် လိုအပ်လာတဲ့အချိန် ချက်ချင်းရုတ်တရက် အရေးကြီးနေတဲ့ အချိန် တစ်ခုခုမှာ ဆက်သွယ်ဖို့ လိုအပ်လာခဲ့ရင် ဆက်သွယ်နိုင်ပါတယ် .။ ကြီးကျယ်တာ မဟုတ်ရပါခင်ဗျ .။

       နေသာ  ။     ။    kingboyonline@gmail.com
                             09-31866906
                             01-73057301


      ဆရာချမ်း ။    ။    sayarchan2013@gmail.com
                             09-33584590

အဆင်မပြေတာလေးများရှိခဲ့ရင် chat box မှာ အော်ခဲ့ကြပါလို့ .။
မကြာမှီ ကျွန်တော် အားတဲ့ရက် များကြုံခဲ့ရင်  ဆိုဒ် လမ်းညွှန် ပိုစ့်တစ်ခု တင်ပေးပါ့မယ် .။

အပေါ်မှာ မန်ဘာဝင်တဲ့နေရာ လင်ခ့်လေး ပေးထားတယ်နော် .။

ဒါကတော့ကျွန်တော့် အလုပ်ရဲ့ Show Room နဲ့ Product တွေ စုစည်ထားတဲ့ Page လေးပါ.။သူငယ်ချင်းများကို LIKE  ပေးဖို့ မေတ္တာရပ်ခံပါတယ် .။
                                          Yadana Htike Electric

Saturday, October 28, 2017

India cable wire ကောင်းကောင်းသုံးလိုသော အိမ်ပိုင်ရှင်များအတွက်







မင်္ဂလာပါ ခင်ဗျာ.။ ဒါကတော့ ကျွန်တော်အရင်က ပြောထားခဲ့တဲ့ ကျွန်တော်တို့  Yadana Htike Electric  ( SHOW ROOM ) ရဲ့ Electric wire ကို စတင် မိတ်ဆက်တာပါ.။ ကျွန်တော် တို့  Company မှာ နိုင်ငံခြား မိတ် cable တွေ ကို ဈေးကွက်ဖြန့်  တဲ့ လုပ်ငန်းကို အဓိက  လုပ်ဆောင်ပါတယ်.။ ဈေးကွက် ဖြန့် တဲ့ လုပ်ငန်းကို လုပ်ဆောင်တယ်ဆိုတဲ့နောက်မှာတော့ ကျွန်တော် တို့  နိုင်ငံခြားကနေ ကိုယ်စားလှယ် ယူပီး Container ကားတွေ နဲ့  တင်သွင်းခဲ့တဲ့ ဒီ ပစ္စည်းတွေဟာ ၀ယ်ယူတဲ့ သူတွေ အတွက်တော့ ပိုပီး သက်သာစေ ပါတယ် .။  နိုင်ငံခြားဖြစ် ၀ါယာ တွေ အပြင် ပြည်တွင်းက ၀ါယာတွေပါ ရရှိနိုင်ပါတယ်.။ အခု ကျွန်တော် တင်ထားတဲ့ ပုံလေးတွေက အဖြစ်သဘောပဲ ရှိတာပါ .။ နောက်မှ သေသေချာချာ တင်ဖို့ စီစဉ်ထားပါတယ် .။ မှတ်ထားကြနော် ..။ Yadana Htike Electric ပါ .။
                                                       yadanahtike80@gmail.com ကို ဆက်သွယ်နိုင်သလို                                                       kingboyonline@gmail.com ကို လည်းဆက်သွယ် နိုင်ပါတယ် .။  Show room lacation ကတော့  ( အမှတ် ၁၅၄ ၊ ၂၉ လမ်း ၊ ပန်းဘဲတန်း မြို့ နယ် ရန်ကုန်မှာဖြစ်ပါတယ် .။  phone number တွေကတော့  ၀၁-၂၅၁၅၂၄   ၊  ၀၁-၂၄၅၀၅၅ ၊ ၀၉-၅၁၃၅၅၈၆ ၊ ၀၉-၃၁၈၆၆၉၀၆ ) တို့ ကိုဆက်သွယ်နိုင်ပါတယ် .။

Friday, October 13, 2017

မိမိ အိမ်တစ်အိမ်လုံးကို အသေသပ်ဆုံး မီးဆင်ပီး fancy အလှ ဆင်လိုသူများအတွက်

မင်္ဂလာပါခင်ဗျာ .။ Electirc wire man အလုပ်လုပ်သူများ နဲ့  မိမိအိမ်တစ်အိမ်လုံးကို fancy အလှဆင်လို သူများး  electric wire cable များကို ဈေးနှုန်း သက်သာစွာ ဖြင့် ၀ယ်လိုသူများ အပြင် နယ်မှ ဆိုင်ဖွင့် ရောင်းလိုသူများ အတွက် အကောင်းဆုံးသော ၀န်ဆောင်မှု့များကို ပေးလျှက်ရှိနေသော လျှပ်စစ်ပစ္စည်း အရောင်းဆိုင် (Show Room ) တစ်ခု နဲ့  မိတ်ဆက်ပေးလိုက်ပါတယ် .။ ဆိုင်နမ်မည်က Yadana Htike Eliectric ( ရတနာထိုက် ) ဖြစ်ပါတယ် .။ အမှတ် 154 , 29  လမ်း ၊ ပန်းဘဲတန်း ရန်ကုန်မှာဖြစ်ပါတယ် .။ သူ့ ရဲ့ ထုတ်ကုန်တွေ ကို ကြည့်ရှု့ ဖို့ အတွက် နမူနာ အနေနဲ့  လင်ခ့် ပေးထားပါတယ် .။
                                                   ဒီမှာပါ

သူ့မှာလည်း ကိုယ်ပိုင် WEB လေးတစ်ခုရှိပါတယ် .။ အဲ့တာလေးကိုလည်းကြည့်ချင်တယ်ဆိုရင် တော့

                                                   ဒီမှာပါ

ဆက်သွယ်ဖို့ အီးမေလ်းလဲရှိပါတယ် ..  yadanahtike80@gmail.com  ဖြစ်ပါတယ် .။

Thursday, February 11, 2016

http://chanmyaportyhouse.blogspot.com တစ်မျိုးတည်းကို Android ဖုန်းမှာ Offline အနေ နဲ့ ဖတ်နိုင်ပါပြီ "

" ကဗျာချစ်သူ ၊ စာပေ ချစ်သူ များ
အတွက် ကျွန်တော့်ရဲ့ ဘလော့လေးဖြစ်တဲ့
http://chanmyaportyhouse.blogspot.com တစ်မျိုးတည်းကို Android ဖုန်းမှာ Offline အနေ နဲ့ ဖတ်နိုင်ပါပြီ "

Chan Mya's photo.
ပထမဆုံး Android ဖုန်းမှာဒေါင်းလော့လုပ်ပြီး Install လုပ်လိုက် ရုံပါဘဲ။ Internet ဖွင့် ထားချိန်မှာ သူ့အလိုလို ကျွန်တော့်ဆိုဒ်မှာ အသစ်တင်ထားတဲ့ Post တွေကို Auto Download ဆွဲနေပါလိမ့်မယ်။ ပြီးသွားရင်တော့ Internet ကွန်နရှင်မရှိတဲ့ အခြေအနေမှာ Offline အနေ နဲ့ ဖတ်နိုင်ပါပြီ။ ပြီးရင် အင်တာနက် ဖွင့်ပြီး 1မိနစ်ခန့်ဘဲ ဒေါင်းလုပ်ဆွဲလိုက်တာနဲ့ သတင်းတွေကို အင်တာနက်ကွန်နရှင်မရှိဘဲ အချိန်မရွေး ဖတ်နိုင်မှာဖြစ်ပါတယ်။ အသစ်တွေကိုတော့ အင်တာနက်ကွန်နရှင်နဲ့ ခဏတာလေးဘဲ ဒေါင်းယူ ရမှာပါ။

Apk ကို ဒီမှာဒေါင်းပါ

https://s02.solidfilesusercontent.com/NTY0ZTI0YjZiMTYzOWJkODFmNjMyYTU1NWQxMTQ1ZjNjMTUzNGIwODoxYVQ4SlA6SEFwbkpJSk9FZXM2aDBGWkJEYWJTRzJKMmJr/6c172e6ac2/Chan_Mya.apk

MoeMaKa ကို Android ဖုန်းမှာ Offline အနေ နဲ့ ဖတ်နိုင်ပါပြီ


MoeMaKa  ကို Android ဖုန်းမှာ Offline အနေ နဲ့ ဖတ်နိုင်ပါပြီ 

(ချမ်းမြ) မိုးမခ၊ ဖေဖော်ဝါရီ ၁၁၊ ၂၀၁၆

ပထမဆုံး Android ဖုန်းမှာ Install လုပ်လိုက် ရုံပါဘဲ။ Internet ဖွင့် ထားချိန်မှာ သူ့အလိုလို ကျွန်တော့်ဆိုဒ်မှာ အသစ်တင်ထားတဲ့ Post တွေကို Auto Download ဆွဲနေပါလိမ့်မယ်။ ပြီးသွားရင်တော့ Internet ကွန်နရှင်မရှိတဲ့ အခြေအနေမှာ Offline အနေ နဲ့ ဖတ်နိုင်ပါပြီ။ ပြီးရင် အင်တာနက် ဖွင့်ပြီး 1မိနစ်ခန့်ဘဲ ဒေါင်းလုပ်ဆွဲလိုက်တာနဲ့ သတင်းတွေကို အင်တာနက်ကွန်နရှင်မရှိဘဲ အချိန်မရွေး ဖတ်နိုင်မှာဖြစ်ပါတယ်။ သတင်းအသစ်တွေကိုတော့ အင်တာနက်ကွန်နရှင်နဲ့ ခဏတာလေးဘဲ ဒေါင်းယူ ရမှာပါ။

ဒီမှာဒေါင်းပါ

https://drive.google.com/file/d/0B5l2CGs-ko02SHJDSU5ZS3M3T3M/view?usp=sharing 

Saturday, May 2, 2015

နေ၀န်းနီ (မန္တ​လေး) – ရှေး​ဟောင်းယဉ်​​ကျေးမှုအ​မွေအနှစ်​​တွေ ပြုပြင်​​တော့မယ်​ဆိုရင်​ ….

နေ၀န်းနီ (မန္တ​လေး) – ရှေး​ဟောင်းယဉ်​​ကျေးမှုအ​မွေအနှစ်​​တွေ ပြုပြင်​​တော့မယ်​ဆိုရင်​ ….
မိုးမခမဂ္ဂဇင်း ​ဖေ​ဖော်​ဝါရီလ အတွဲ ၂ ၊ အမှတ်​ ၂


တ​လောက စာ​စောင်​တခုမှာ မန္တ​လေးမြို့ရဲ့​ရှေး​ဟောင်းယဉ်​​ကျေးမှုအ​မွေအနှစ်​​တွေကို နိုင်​ငံခြားကုမ္မဏီတခုနဲ့ပူး​ပေါင်းပြီး ​ရှေးမူ၊ ​ရှေး လက်​ရာမပျက်​ပြုပြင်​ထိန်​သိမ်းမယ်​လို့ ဖတ်​လိုက်​ရတယ်​။ ရှေး​ဟောင်းယဉ်​​ကျေးမှုအ​မွေအနှစ်​​တွေကိုပြုပြင်​ထိန်းသိမ်းတာဟာ မင်္ဂလာတပါးပါ။ ဝမ်းသာစရာကိစ္စပါ။ ဒါ​ပေမယ့်​ သိပ်​လည်းမဝမ်းသားရဲဘူး။

(၁)
လွန် ​ခဲ့တဲ့တလ​လောက်​က ​မေ​မေရဲ့အမျိုး​တွေမန္တ​လေးကို ဘုရားဖူးလာကြတယ်​​။ ဒါနဲ့​ မေ​မေကလည်း ကျွန်​​တော့်​ရုံးပိတ်​တဲ့​နေ့နဲ့တိုက်​​နေ​တော့ ဧည့်​သည်​​တွေကို ဘုရားဖူးလိုက်​ပို့ခိုင်းတယ်​။ ဒါနဲ့ကျွန်​​တော်​လည်း ဧည့်​သည်​​တွေကို မန္တ​လေးရဲ့အထင်​ကရ​နေရာ​တွေကိုလိုက်​ပို့​ပေးပြီး တခုခြင်းစီရဲ့သမိုင်း​ကြောင်းဖြစ်​​ပေါ်လာပုံကို​ရှင်းပြလာခဲ့တယ်​။ ဒါမှလည်း ဘုရားလည်​ မဖြစ်​​မှာ​ပေါ့။ တ​နေကုန်​ပါပဲ။ ည​နေပိုင်းမှာ​တော့​ တောင်​သမန်​မှာ အပန်း​ဖြေရင်း ငါး​ကြော်​၊ ပုဇွန်​​ကြော်​​စားမယ်​ဆိုပြီး ဧည့်​သည်​​တွေကို​ခေါ်လာခဲ့တယ်​။ ဦးပိန်​တံတား​ပေါ်လမ်း​လျှောက်​ရင်းတံတားရဲ့သမိုင်း​ကြောင်းကို​ ရှင်းပြရ​တော့တယ်​။

(၂)
တံတား​ဆောက်​လုပ်​​သောနှစ်​က ၁၂၁၁ ခုနှစ်​ “အင်းက​အော်​အာ”​ ဆောက်​လုပ်​ခါလို့ မှတ်​သားထားတယ်​။ တံတား​ဆောက်​လုပ်​ပြီးသည့် နှစ်​ ၁၂၁၃ ခုနှစ်​ “အင်းက​အော်​ညီး”​ဆောက်​လုပ်​ပြီးလို့ မှတ်​သားထားကြတယ်​။ တံတား​ကို​ဆောက်​လုပ်​ရာ အချိန်​ ၂ နှစ်​မျှကြာခဲ့တယ်​။ ယခုဆိုလျှင်​ ဦးပိန်​တံတားကြီးသက်​တမ်းမှာ ၁၆၅ နှစ်​ရှိ​လေပြီဖြစ်​သည်​။ တံတားရဲ့အရှည်​မှာ ၃၉၇၆ ​ပေရှည်​လျားသည်​။ မြန်​မာ့​ဆောက်​လုပ်​​ရေးအတတ်ပညာရှင်​များက ​ခြေလှမ်းဖြင့်​တိုင်းတာ၍​ ဆောက်​လုပ်​ခဲ့​သော မြန်​မာမှုကျွန်းတံတားကြီးဖြစ်​သည်​။ ကမ္ဘာမှာ အရှည်​ဆုံး ကျွန်းတံတားလည်းဖြစ်​သည်​။ ဦးပိန်​တံတားက အမရပူရ ​ရှေး​ဟောင်းမြို့​တော်​၏ အမှတ်​သ​င်္ကေတ၊ ကမ္ဘာလှည့်​ခရီးသွားများ​နေ့စဉ်​လာ​ရောက်​ကြည့်​ရှုအပန်း​ဖြေတဲ့​နေရာ စသည်​ဖြင့်​ ရှင်းပြလာခဲ့တာ​ပေါ့။

(၃)
အခု ဦးပိန်​တံတားက​တော့​ အရင်​တုန်းကလိုမဟုတ်​​တော့​ပေ။ အရင်းတုန်းက တိုင်​လုံး​တွေ မညီမညာ အတိုအရှည်​နဲ့ ​အ​ဝေးက​နေလှမ်း ကြည့်​လိုက်​ရင်​ အလွန်​ကြည့်​​ကောင်းတဲ့ ဦးပိန်​တံတား။ အခု​တော့ တာဝန်​ရှိလူကြီး​တွေက မညီမညာရှိ​နေတဲ့တိုင်​​တွေကို အတိုရှည်​ညီ​အောင်​ဆိုပြီး ဖြတ်​ပြစ်​တယ်​။ ဒါကလည်း လှ​စေချင်​လို့ပါ ​ရှေးမူမပျက်​​သေးပါဘူးလို့ စိတ်​ထဲမှာ​ဖြေသိမ့်​ထားတယ်​။ နောက်​တခါကြ​တော့​ အဲဒီ တာဝန်​ရှိတဲ့လူကြီး​တွေကပဲ တံတားက မ​ကောင်း​တော့တဲ့တိုင်​လုံး​တွေအစား ကွန်​ကရစ်​တိုင်​နဲ့လည်းထားတယ်​။ မြန်​မာနိုင်​ငံမှာ ကျွန်​သစ်​​တွေ အဲ​လောက်​ရှားကုန်​ပြီလား။ မြန်​မာမှု ကျွန်းတံတားကြီးက​နေ ကွန်​ကရစ်​တိုင်​တံတားဖြစ်​​တော့မယ်​။ အမျိုးသားယဉ်​​ကျေးမှုနဲ့ ယဉ်​​ကျေးမှုအ​မွေအနှစ်​များမ​ပြောက်​ပျက်​​အောင်​ ထိန်းသိမ်း​စောင့်​​ရှောက်​​ရေးဆို….သက်​ပြင်းတချက်​ချပြီးပြန်​ခဲ့တယ် ​။
အခုလည်းစာ​စောင်​ထဲမှာ မန္တ​လေးမြို့က ရှေး​ဟောင်း​ယဉ်​​ကျေးမှုအ​မွေအနှစ်​​တွေကို ​ရှေးမူ၊ ​ရှေးလက်​ရာ မပျက်​ပြုပြင်​မယ်​ဆို​တော့​လေ….ထိုနည်း၎င်း …..ထိုနည်း၎င်းပဲလား  …ဒါမှမဟုတ်​ မန္တ​လေးမြို့ရဲ့အသည်းနှလုံး​တွေကို ဆွဲဖြုတ်အုံးမလား​တော့ မသိ​​ပေ။

လေးစားလျှက်
နေဝန်းနီ{မန္တ​လေး}

ချမ်းမြ ။ "လမ်း​ဘေးတက္ကသိုလ်​နဲ့ မန်း​ဈေးချိုည​ဈေး"

ချမ်းမြ ။ "လမ်း​ဘေးတက္ကသိုလ်​နဲ့ မန်း​ဈေးချိုည​ဈေး"
ဇန်​နဝါရီ ၆ ရက်​ ၊ ၂၀၁၅ ​နေ့ထုတ်​ စံ​တော်​ချိန်​သတင်းစာ


ည​နေ ၅ နာရီ​လောက်​မှစတင်​၍ ၈၄ လမ်းတလျှောက်​လုံးတွင်​ ​မန္တ​လေးမြို့​လေးကို အလှဆင်ရန်​ ည​ဈေးသည်​များ ​ဈေးခင်း ရန်​ ပြင်​ဆင်​​နေကြ​လေသည်​။ ၂၆ လမ်းမှ ၂၈ လမ်းထိက စာအုပ်​အ​ဟောင်း​တွေ​ရောင်းတဲ့အတန်းပါ။ ဆရာ​ဇော်​ခိုင်​ဦးက လမ်း​ဘေးတက္ကသိုလ်​လို့တင်​စားပြီး စာ​ပေ​ဟော​ပြောပွဲများတွင် ထည့်​သွင်း​ပြောသည်​ကိုကြားဖူးသည်​။ ထိုစာ​အုပ်​အ​ဟောင်း တန်းတွင်​ စာအုပ်​မျိုးစုံရရှိ​လေသည်​။ တချို့စာအုပ်ဆိုင်​​ပေါ်တွင်​မရှိသည့်​စာအုပ်​မျိုး​တွေကို ထိုလမ်း​ဘေးတက္ကသိုလ်​​လေး၌ သွား​ရောက်​ရှာ​ဖွေရသည်​။ဈေးလည်းသက်​သာ​ပေသည်​။ ထိုလမ်း​ဘေး တက္ကသိုလ်​​လေးတွင်​ စာအုပ်​မဝယ်​လည်း လာ​ရောက်​ဖတ်​ရှုနိုင်​​ပေသည်​။ စိတ်​တိုင်းကြမှ ဝယ်​ယူနိုင်​သည်​။
၂၈ လမ်း မှ ၂၉ လမ်းထိက​တော့ အင်္ကျီဆိုင်​၊ အိမ်​​ဆောက်​ပစ္စည်း၊ ဖိနပ်​ဆိုင်​၊​ ရေဒီယို ကက်ဆက်​ဆိုင်​နှင့်​ဝက်​သားဒုတ်​ထိုးသည်​ဆိုင်​များ၊ ထိုးမုန့်ဆိုင်​တို့ ရှိ​လေသည်​။ ခင်းကျင်းထားပုံမှာလည်း ၈၄ လမ်းမကြီး လက်​ဝဲ လက်​ယာနှင့်​ အလယ် ခေါင်​တို့တွင်​ ခင်းကျင်းထား​လေသည်​။ ​၁၉၇၇- ၁၉၇၈ ခုနှစ်​​လောက်​တုန်းကဆို မန္တ​လေး​ဈေးချိုည​ဈေးတန်းမှာ အလွန်​စည်း ကား​လေသည်​။ နာရီစင်​ထိပ်​မှ စကာ ၃ ပြတိတိ စား​သောက်​ဖွယ်​ရာ စားသုံးသူ၊ ဝယ်​ယူသူများနှင့်​ အလွန်​စည်းကားလှ​ပေသည်​။ ​ဈေးသည်​များ၏ ​ဖော်​​ရွေသောအ​ပြောများ​ကြောင့်​ ဝယ်​သည်​ မဝယ်​သည်​အပထား မန္တ​လေး​ဈေးချိုည​ဈေးတန်း​လေးမှာ လူအများအပြားစည်​ကားသည်​။
နာရီစင်​ထိပ်​တွင်​ အ​ကြော်​ဆိုင်​ အ​အေးဆိုင်​များ ​နောက်​စာအုပ်​တန်း ထိုးမုန့်​တန်းများဖြင့်​ မန္တ​လေးရဲ့ညချမ်း​လေးကို အလှ ဆင်​ကြ​လေသည်​။ ကျွန်​​တော်​ငယ်​ငယ်​တုန်းကဆိုရင်​ စက်​ဘီး​လေးတစ်​စီးဖြင့်​ ညပိုင်းတွင်​ လမ်း​ဘေးတက္ကသိုလ်​၌ ဘဝ အတွက်​ ပညာများကို ဆည်းပူး​လေ့လာရ​လေသည်​။ ထိုကဲ့ လမ်း​ဘေးတက္ကသိုလ်​၌  ​ ပညာများဆည်းပူးသလို တခါတခါ တွင်​လည်း လက်​ဖက်​ရည်​ဖိုးမရှိသဖြင့်​ ​လေး​လေး၏စာအုပ်​များကို  လမ်း​ဘေးတက္ကသိုလ်​လေး၌ ​ရောင်းစားဖူး​လေသည်​။ တက​နေ့ဆိုရင်​ဖြင့်​ ည​နေ ၆ နာရီကတည်းကပင်​ ထိုလမ်း​ဘေးတက္ကသိုလ်​​လေးစာထိုင်​ဖတ်​လိုက်​တာ ဆိုင်ရှင်ဦး​လေးကြီး ကစာအုပ်​​တွေသိမ်း​နေတာ​တွေ့​တော့မှ နာရီကြည့်​မိပြီး ဆိုင်​သိမ်းချိန်​​ရောက်​မှန်းသိ​ပေသည်​။
အခု​ခေတ်​က​လေး​တွေကို ည​ဈေးတန်းလို့ ​ပြောလိုက်​လျှင်​ တရုတ်​တန်း ည​ဈေးတန်းလားလို့ လာ​မေး​လေသည်​။ ရင်​နင့်စ ရာပါပဲ။ အဲဒီတရုတ်​တန်း ည​ဈေးတန်းက ၁၉၉၀ ​နောက်​ပိုင်းမှ စပြီးဖြစ်ပေါ်လာသည်​။ ကျွန်​​တော်​တို့မန္တ​လေး​ဈေးချိုည​ဈေး တန်းက ​ဈေးချို​တော်​ရုံကြီး ၁၂ ရုံကတည်းရှိတာ။တရုတ်​တန်းည​ဈေးတန်းက မ​နေ့တနေ့မှ​ ပေါ်လာတာပါ။ သူတို့လို လူငယ်​​လေး​တွေက အခုလို​ပြော​တော့ ကျွန်​​တော်​စိတ်​ထဲ၌ ငါ့တို့ မန္တ​လေးမြို့ကြီးဟာ ဘိုးဘိုး​အောင်​​မြို့ဖြစ်​​နေပြီ။ “ဝ” တစ်​လုံးပျက်​ရင်​ “ဝ” နှစ်​လုံး၊ “ဝ” နှစ်​လုံးပျက်​ရင်​ “ဝ” ​လေးလုံး ဟို​နေရာ “ဝ” ဒီ​နေရာ တရုတ်​နဲ့တ​မြို့လုံးလည်း ထုံးသုတ်​စရာမလိုပဲ ​ဖွေး​​နေပြီလို့​ တွေးမိသည်​။
ဒီမြို့​လေးကအ​ပြောင်းအလဲ​တွေ မကြာခဏဖြစ်​​နေလို့ လူငယ်​​လေး​တွေသိ​အောင်​​ ရေးသား​တင်​ပြလိုင်ခြင်းဖြစ်​ပါတယ်​။ ည​ဈေးတန်းလို့ ပြောလိုက်​တာနဲ့ ​ဈေးချိုည​ဈေးတန်းဆိုပြီး သိရှိနိုင်​ပါ​စေ။ အမှန်​အတိုင်းမြင်​နိုင်​ကြပါ​စေ…။  ။

လေးစားလျက်
ချမ်းမြ

ချမ်းမြ ။ "မန္တ​လေးကို ချစ်​တယ်​"

ချမ်းမြ ။ "မန္တ​လေးကို ချစ်​တယ်​"
ဧပြီ ၁၀ ရက်​၊ ၂၀၁၅ ​နေ့ထုတ်​ စံ​တော်​ချိန်​သတင်းစာ
ကျုံးမြို့ရိုးကို သက်​​သေတည်​ပြီး
ပြောမယ်​....မန္တ​လေးမြို့ကိုချစ်​တယ်

နာရီစင်​နဲ့​ဈေးချို​တော်​ကို
သက်​​သေတည်​ပြီး​ပြောမယ်
မန္တ​လေးမြို့ကိုချစ်​တယ်

အတုမရှိ​ကျောင်း တုန်​လှုပ်​သွားမယ်
မန္တ​လေးမြို့ကိုချစ်​တယ်

မဟာမြတ်​မုနိဘုရားကြီး
မန္တ​တောင်​နဲ့​မြွေကြီးနှစ်​​ကောင်
ကုသိုလ်​​တော်​ဘုရားနဲ့​ကျောက်​စာ​တွေ
ဦးပိန်​တံတားနဲ့မယ်​ဇယ်​ပင်​တန်း
ရတနာပုံ​ကျောင်းနဲ့​ကျောက်​​တော်​ကြီးဘုရား
အားလုံးကိုသက်​​သေတည်​ပြီး​ပြောမယ်
ဟေ့ ငါ....မန္တ​လေးမြို့ကို တအားချစ်​တယ်

ချမ်းမြ

ချမ်းမြ ။ "သံမဏိ ကြယ် ပြာ"


ချမ်းမြ ။ "သံမဏိ ကြယ် ပြာ"
ဧပြီ ၂၂ ရက်​ ၊ ၂၀၁၅ ရက်​​နေ့ထုတ်​ စံ​တော်​ချိန်​သတင်းစာ

သူဟာ ခေတ် ဝန် ကိုထမ်း၍
ခေတ် လမ်းကို လျှောက် တဲ့သူ
မြန် မာစာ ပေ လောကရဲ့
အ တောက် ပဆုံး သော က လောင် ရှင်
မိခင် မြန် မာရဲ့ သား ကောင်းရတနာ
“အများပြည် သူ သ ဘောမတူသည့် 
အမိန့် အာဏာမှန် သမျှ တာဝန် အရဖီဆန် ကြ”ဆိုတာ
သူ့ရဲ့ တိုက် ပွဲခရာသံ…
.
နိုင် /ကျဉ်း အားလုံးကိုစာနာမှုနဲ့
ထောင် ဝတ် စုံပြာကို ကွယ် လွန် တဲ့အထိဝတ် ပြခဲ့သူ
ဟုတ် တယ် ….”သူ”ဆိုတာက
ကျွန် တော် တို့အားလုံးရင် ထဲက ဘဘဦးဝင် တင်
ဟံသာဝတီ ဦးဝင် တင်
NLD ဦးဝင်းတင်
မန္တ လေး ဦးဝင်းတင်
ဘယ် တော့မှ မ ကြွေတဲ့
သံမဏိ ကြယ် ပြာ….။  ။
{ဘဘဦးဝင်းတင် (၁၉၃၀ – ၂၀၁၄) ကွယ် လွန် ခြင်းတစ် နှစ် ပြည့် အလွမ်း ပြေ}

Saturday, March 7, 2015

ဖုန်းထဲမှာ ပဋ္ဌာန်းတွေကို နားထောင်နိုင်မည့် Myanmar 24Pyitsee Size(3.1MB)

ဖုန်းမှာထည့်ထားသင့်တဲ့ ပဋ္ဌာန်း(၂၄)ပစ္စည်း ဖုန်းဆော့ဝဲလေးတစ်ခုပါ။ဖုန်းထဲမှာ ပဋ္ဌာန်းတွေကို နားဆင်နိုင်ပါတယ်ခင်ဗျာ။အောက်မှာဒေါင်းယူနိုင်ပါပြီ

ဖုန်းမှာချစ်သူနှစ်ယောက်ပုံတွေက ဘောင်လှလှတွေနဲ့ဓါတ်ပုံပြင်ချင်သူများအတွက်Lovely Photo Frames 4.0.2 APK Size(4.8MB)

ဖုန်းမှာချစ်သူနှစ်ယောက်ဓါတ်ပုံတွေကို ဘောင်ကလေးထည့်ပြီးဓါတ်ပုံပြင်ချင်သူများအတွက် 
Lovely Photo Frames အသစ်ဖုန်းဆော့ဝဲလ်လေးကိုတင်ပေးလိုက်ပါတယ်။အရမ်းလွယ်ကူပါတယ်။effects တွေလည်းစုံပါတယ်မလုပ်တတ်ရင်အောက်မှ ဗီဒီယိုဖိုင်ပါတင်ပေးထားပါတယ်

Friday, March 6, 2015

Messenger မလို မရမ်းရောင်လေးနဲ့ အရမ်းပေါ့ပါးသွက်လက်တဲ့ Facebook အကောင်းဆုံး V 18.0.0.1




မင်္ဂလာပါ.။   ခုတင်ပေးမယ့်  Facebook apk လေးက  facebook သုံးခဲ့သမျှ   version တွေထဲမှာ  အပေါ့ပါးဆုံးပါပဲ. Version  ကလည်း   18.0.0.1  ရှိပါတယ် .။ ဖိုင်ဆိုဒ် ကလည်း  ချုံ့ထားတာဆိုတော့
ဒေါင်းလုပ်ချိန် လည်း သက်သာပီးး Facebook သုံးရင်း သုံးရင်း ဖုန်းလေးတတ်လာတာမျိုးလည်း မရှိပါဘူး.။
ကျွန်တော် သုံးမိသမျှထဲမှာ  သူ့ ကို အကြိုက်ဆုံးပါပဲ .။ ကာလာ လေးလဲပါတော့မျက်စိ အေးတယ် .။ တစ်မျိုးတစ်ပုံဆန်းတာပေါ့ .။ အပေါ်မှာပုံလေးပြထားတယ်  .။  နောက်ပီး  Messenger  မလိုဘူးဗျ .။ အဲ့တစ်ချက်က တော်တော်ကိုကောင်းပါတယ် ဖေစ့်ဘုတ်မှာ မကြာခဏ  Cbox ပြသနာတက်နေကြတဲ့ ပြသနာလည်းမရှိနိုင်တော့ပါဘူး .။
                            
အခု တစ်ခေါက်တော့ ကျွန်တော့် ကို ဖေစ့်ဘုတ်က Fri တစ်ယောက် က  တောင်းဆိုထားတာမို့ လို့ ပြန်တင်လိုက်ပါတယ် .။   

Download >>>>>>>>>      Download Here


လင်ခ့် နှစ်ခုတင် ပေးထားပါတယ် .။ အဆင် ပြေတဲ့ လင်ခ့်က နေသာ ယူလိုက်ကြ နော် .။  ငယ်ချင်းတို့ မန်ဘာဝင်အားပေးဖို့ လဲ မမေ့ နဲ့ နော် .။

ဒါကတော့                            English စကားလွယ်ကူစွာပြောတတ်ဖို့ ရာ Page လေးပါ

 Like တစ်ချက်နဲ့  ဖြန့် ဝေလိုက်ကြဦးနော် .။ ကျေးဇူးတင်ပါတယ် .။

 
Penanggung Jawab Miftah Budi Kurniawan | Supported by Cheat Game 4U