Related Posts Plugin for WordPress, Blogger...

Wednesday, November 20, 2013

၁၀တန်းတောင် မအောင်သေးဘဲ ရည်းစားထားရင် စာမေးပွဲကျသွားမှာပေါ့လို့ဆိုတဲ့ ရွှေမှုန်ရတီ

အောင်မြင်မှုကို အချိန်တိုလေးအတွင်းမှာရရှိခဲ့သလို ရိုက်ခဲ့တဲ့ဇာတ်ကားတွေကလည်း ပရိသတ်အတွက် သို့လော သို့လောအတွေးတွေပေးခဲ့တဲ့ အနုပညာရှင်တစ်ဦးကတော့ ရွှေမှုန်ရတီပါပဲ။သူမဟာ ၁၀ တန်း ဖြေဖို့အတွက်ပြင်ဆင်နေတဲ့ ကျောင်းသူလေးပါ။ ဒါပေမဲ့ သူမရိုက်တဲ့ ဇာတ်ကားတွေကို ကြည့်လိုက် ရင်တော့ သူမဟာ ဒီအရွယ်ဟုတ်ပါ့မလားလို့ ထင်ရလောက်အောင်ကိုသရုပ်ဆောင်စွမ်းရည် မြင့်မားသူပါ။ ငယ်ရွယ်ပေမဲ့ ကာရိုက်တာ ၀င်အောင် သရုပ်ဆောင်နိုင်လွန်းတဲ့ သူမဟာ အင်တာဗျူး ဖြေတာတောင် အနုပညာအလုပ်တွေနဲ့ မအားလပ်လွန်းသူမို့ အင်တာဗျူးဖြေဆိုချိန်မှာတောင် ကားပေါ်ကမဆင်း နိုင်သူလေးပါ။ သူမနဲ့ပြောဖြစ်သမျှကတော့ ‘အခုရိုက်နေတဲ့ ကားလေးက အမုန်းကမ်းရိုးတန်း တစ်လျှောက် မှာ ရင်ခုန်သံလှိုင်းကြီးနေသည်တဲ့။ မင်းသားက ကိုနေမင်း၊ ဖအေတူ၊ မအေကွဲ ညီအစ်မနှစ်ယောက်က မေဆူးမောင်နဲ့ ရွှေမှုန်နဲ့ပေါ့။ ကိုယ်က မယားကြီးရဲ့ သမီး ဒါပေမဲ့ အဖေက မယားငယ်နဲ့ တရားဝင် ပေါင်းတဲ့အခါကျတော့ သူတို့ မိသားစုကိုမုန်းနေတာပေါ့။ ဒီကားလေးက ပြဿနာတွေနဲ့ သုံးပွင့်ဆိုင် လေး ပါတဲ့။ ရုပ်ရှင်ကားကြီးအနေနဲ့ လက်ခံထားတာရှိပြီး မသေချာသေးတဲ့အတွက် မပြောသေးတာပါ’လို့ သူမရဲ့ လက်ရှိအနုပညာလှုပ်ရှားမှုကို ပြောပြသွားပါတယ်။
အရွယ်နဲ့မလိုက်တဲ့ဇာတ်ရုပ်တွေအတွက် ဘယ်လိုလေ့လာခဲ့ရလဲလို့မေးကြည့်တော့ ‘အဓိကတော့ ဇာတ်တစ်ခုကို ဖတ်လိုက်ပြီဆိုရင် အဲဒီထဲမှာ ကာရိုက်တာဝင်အောင်ကြိုးစားတယ်။ ကာရိုက်တာ ၀င် သွားပြီးတဲ့နောက်ပိုင်းမှာ သူ့အလိုလို ဖြစ်သွားပါတယ်’တဲ့။
စာမေးပွဲနဲ့ပတ်သတ်ပြီးတော့လဲ ‘စာမေးပွဲနီးလာတဲ့အခါ ၁ လပိုင်းကစပြီး တစ်လကို တစ်ကားပဲ ရိုက်မယ်။ ၃ လပိုင်းထိပေါ့။ ကျန်တဲ့ အချိန်ကတော့ စာကအရေးကြီးတဲ့အတွက် စာကိုပဲ ဦးစားပေးဖြစ်မယ်။’ လို့ဆို တဲ့အပြင် အချစ်ရေးကို မေးကြည့်လိုက်တဲ့အခါ ‘မလိုပါဘူး။ ၁၀တန်းတောင်မအောင်သေးတာ အချစ်ရေးကို သွားစဉ်းစားရင် စာမေးပွဲပါကျသွားမှာပေါ့။’ လို့ သူမရဲ့ အချစ်ရေးကို ပြောပြခဲ့ပါတယ်။

2 comments:

Unknown said...

Hello! How are you? What are you doing now? ရေတီအောင်မြင်ပါစေလိုအကိုဆုတောင်ပေးပါတယ် အမြဲပျော်ရွင်ပါစေ byby see you

Unknown said...

အကိုညီမလေးရဲ့ထာဝရပရိတ်သက်ပါဆက်ကြိုးစားပါအမြဲအားပေးနေမယ်

Post a Comment

 
Penanggung Jawab Miftah Budi Kurniawan | Supported by Cheat Game 4U