Related Posts Plugin for WordPress, Blogger...

Sunday, December 1, 2013

ကောင်းသော အစိုးရ ၊ ယုံကြည်မှု မြင့်မားသော ပြည်သူလူထု


အယ်ဒီတာ့အာဘော် ကဏ္ဍ

နိုဝင်ဘာ၃ဝရက်က ရန်ကုန်တက္ကသိုလ် စိန်ရတုခန်းမ ၌ ကျင်းပခဲ့သည့် တည်ငြိမ်အေးချမ်းသည့် နိုင်ငံ တော်တည်ဆောက်ရေးတွင် လူထုအခြေပြုအဖွဲ့ အစည်းများ၏ အခန်း ကဏ္ဍ ဆိုင်ရာဆွေးနွေးပွဲ၌ နိုင်ငံ တော်သမ္မတ ဦးသိန်းစိန်က ''မိမိတို့ လူ့အဖွဲ့အစည်းတွင် အစိုးရနှင့် ပြည်သူကြား၊ အင်စတီကျူးရှင်းများနှင့် ပြည် သူလူထုအကြား၊ နိုင်ငံသားတစ်ဦးနှင့်တစ်ဦးအကြား ကာလရှည်ကြာ လျော့ပါးခဲ့ရသည့် အပြန်အလှန်ယုံကြည် မှု ပြန်လည်တည်ဆောက်နိုင်ရေးသည် နိုင်ငံရေးလိုအပ် ချက်တစ်ရပ်ဖြစ်ကြောင်း'' ထည့်သွင်းပြောကြားခဲ့သည် ကို တွေ့ရသည်။

ယင်းအပြင် ''ဖြတ်သန်းခဲ့ရသော နိုင်ငံရေးအတွေ့ အကြုံများအရ မိမိတို့လူ့အဖွဲ့အစည်းတွင် သံသယများ မြင့်တက်ခဲ့ရသကဲ့သို့ အချင်းချင်း ယုံကြည်မှုလျော့ပါး ခဲ့ရကြောင်း၊ ထိုအချက်က ယနေ့မိမိတို့ အကောင်အထည် ဖော်နေသော နိုင်ငံရေးအပြောင်းအလဲများနှင့် အမျိုး သား နိုင်ငံရေးဖြစ်စဉ်သစ်များ အရှိန်အဟုန်နှင့် တိုးတက် မှုရစေရန်အတွက် ဖန်တီးသည့်နေရာတွင် စိန်ခေါ်မှု တစ်ရပ်အနေဖြင့် တည်ရှိနေဆဲ ပင်ဖြစ်ပါကြောင်း'' ဟု ထည့်သွင်းပြောကြားခဲ့သည် ကို တွေ့ရသည်။

ထိုသို့ အချင်းချင်းအကြား ယုံကြည်မှုနိမ့်ပါးသည့် လူ့အဖွဲ့အစည်းများ တွင် မြင်တွေ့ရလေ့ရှိသော အားနည်း ချက်များတွင် ''ကိုယ်ကျိုးစီးပွား ကို ရှေ့တန်းတင်ပြီး မှန် ကန်သည့်လုပ်ရပ်များဖြင့် ကြိုးပမ်းမှုများကိုပင် လိုရာဆွဲ ပုံဖော်ခြင်း၊ အစဉ်အမြဲရှင်သန်နေရန် လိုအပ်သောအယူ အဆသစ်များ၊ အတွေးအခေါ်သစ်များကို လက်မခံဘဲ ရှေးရိုးကျပြီး အစွန်းမလွတ်သည့် အတွေးအခေါ်ဟောင်း များကို ကိုင်စွဲထားလေ့ရှိခြင်း၊ အထွေထွေဖွံ့ဖြိုးတိုးတက် ရေးအတွက် ကြိုးပမ်းအားထုတ်မှုများ၏ အားနည်းချက် များ၊ လိုအပ်ချက်များကို အဆိုးမြင်အပြစ်ပြောဆိုသည့် ရပ်တည်ချက်များ ထားရှိခြင်း၊ အချင်းချင်း သတင်းအချက် အလက်များ ဖြန့်ဝေလိုမှုမရှိဘဲ သတင်းထိမ်ချန်ထားပြီး အသာစီးရရှိရန် ကြိုးပမ်းသည့်အတွက် ပွင့်လင်းမျှတ သော ဆွေးနွေးအဖြေရှာမှုများကို အဟန့်အတားဖြစ်စေ ခြင်းဆိုသည့် အားနည်းချက်များပင်ဖြစ်'' ဟု ဖော်ပြထား သည်ကို တွေ့ရပေသည်။

မှန်ပါသည်။ အစိုးရနှင့် ပြည်သူအကြား ယုံကြည်မှု ကင်းမဲ့နေမှုသည် သမ္မတပြောကြားသလို နိုင်ငံရေးလို အပ်ချက်တစ်ရပ်ထက်ပင် မကပေ။ နိုင်ငံရေးလိုအပ်ချက် ၏ အဓိကအချက်တစ်ရပ် ဖြစ်နေသည်။ အစိတ်အပိုင်း တစ်ရပ်ထက်ပိုပါသည်ဟု ပြောရပါမည်။ ဒါကြောင့်ပင် အစိုး ရနှင့် ပြည် သူကြား တွင် ယုံကြည်မှုကို လွယ်လွယ် ဖြင့် တည်ဆောက် မရနိုင်ခြင်း ဖြစ်ပါ သည်။

သမ္မတ၏ မိန့်ခွန်းတွင် ယုံကြည်မှုနိမ့်ပါးသည့် လူ့အဖွဲ့အစည်းများ တွင် မြင်တွေ့ရလေ့ရှိသော အားနည်းချက်များကို ထည့် သွင်းပြောကြား သွားခဲ့သလို အစိုးရအဖွဲ့နှင့် အခြားအဆက် အစပ် အဖွဲ့အစည်းများ၏ အားနည်းချက်များကို လည်း ဖော်ထုတ်တင်ပြ သင့်ပါလျက် မဖော်ထုတ် မတင်ပြနိုင်ခဲ့ သည်ကို တွေ့ရသည်။ အစိုးရနှင့် ပြည်သူကြား ကောင်း တာပြောပြော၊ ဆိုးတာပြောပြော၊ ကောင်းတာလုပ်လုပ်၊ ဆိုးတာလုပ်လုပ် သူ့လုပ်ပိုင်ခွင့်ဖြစ်သည်။ သူ့ဒီမိုကရေစီ ဖြစ်သည်။

စည်းကျော်ဘောင်ကျော်ဖြစ်လာလျှင် တည် ဆဲဥပဒေအရ အရေးယူရုံသာ ရှိသည်။ ဒီမိုကရေစီအစိုးရ သည် ထိုအတိုင်း ကျင့်ကြံရုံသာရှိ သည်။ ပြည်သူလူထုကို နိဗ္ဗာန်ရောက်ကြောင်း တရားဟောရသော အလုပ်သည် အစိုးရအလုပ် မဟုတ်ပေ။ အစိုးရ ထိုသို့ပြောဆိုနေခြင်း ကိုယ်နှိုက်ကပင် ဒီမိုကရေစီစံနှုန်းနှင့် လွဲချော်နေခြင်းဖြစ် သည်။

အစိုးရတစ်ရပ်အနေဖြင့် ကောင်းသောအစိုးရဖြစ် ရန်သာ အားထုတ်နေရ မည်ဖြစ်ပြီး ကောင်းသောအစိုးရ ဖြစ်မှသာ ကောင်းသောပြည်သူလူထု၊ ယုံကြည်မှုမြင့် မားသော ပြည်သူလူထု ကို မွေးထုတ်ပေးနိုင် မည်ဖြစ်ပါ ကြောင်း။

အယ်ဒီတာ

0 comments:

Post a Comment

 
Penanggung Jawab Miftah Budi Kurniawan | Supported by Cheat Game 4U