Related Posts Plugin for WordPress, Blogger...

Wednesday, June 26, 2013

အောင်ပင်လယ်ကန်နဲ့ မြစိမ်းရောင်စပါးခင်းတွေကို ငါးမြိုလိုက်တော့မှာလား မန္တလေး

အောင်ပင်လယ်ကန်နဲ့ မြစိမ်းရောင်စပါးခင်းတွေကို ငါးမြိုလိုက်တော့မှာလား မန္တလေး

ဆောင်းပါးရှင် - သင်းသင်းသော်
မြနန္ဒါဂျာနယ် ၊ အတွဲ(၂) ၊ အမှတ် (၂၀) မှ ကူးယူဖော်ပြပါသည်။

ရေတံခွန်တောင်နဲ့ ရှမ်းရိုးမကြီးကို လှမ်းမြင်လိုက်ရတယ်။ စိမ်းစိုတဲ့လယ်ကွင်းပြင်ကိုဖြတ်ပြီး တိုက်ခတ်လာတဲ့ လေနုအေးကြောင့် ခန္ဓာကိုယ်တစ်ခုလုံး လန်းဆန်းတက်ကြွသွားခဲ့ပါတယ်။ မန္တလေး၊ ချမ်းမြသာစည်မြို့နယ်နဲ့ ပုသိမ်ကြီးမြို့နယ်အတွင်းမှာရှိတဲ့ မန္တလေး-ပြင်ဦးလွင် ကားလမ်းမကြီးအတိုင်းလာရင်း အောင်ပင်လယ်ကန်ကြီးကိုမြင်တော့ အမြင်တစ်မျိုး အတွေးတစ်မျိုးဖြစ်သွားခဲ့တယ်။ အုတ်တံတိုင်းတွေကာရံပြီး မြေတွေဖို့နေတဲ့ ပြင်ဦးလွင်ကားလမ်းဘေးက အောင်ပင်လယ်ကန်ရဲ့ လယ်မြေအချို့ကတော့ ခြံဝင်းကြီးတွေခတ်ပြီး တုတ်နှောင်ခံထားရသလိုပါပဲ။
ရေတံခွန်ဂေါက်ကွင်းသွားတဲ့လမ်းဘေးမှာလည်း လူလေးငါးဦးစုပြီး လက်ထဲမှာကိုင်ထားတဲ့ မြေပုံကိုကြည့်လိုက်၊ လယ်ကွင်းတွေဘက် လက်ညှိုးထိုးလိုက်နဲ့ အလုပ်ရှုပ်နေကြပါတယ်။ သူတို့ဘေးမှာ ဆိုင်ကယ်တွေလေးငါးစီးရပ်ထားတယ်။ သူတို့ဘာတွေအလုပ်ရှုပ်နေကြတာလဲ။ ဘာတွေအသည်းအသန်ဖြစ်နေကြတာလဲ သိချင်စိတ်ကြောင့် အနားကိုသွားကြည့်လိုက်တယ်။ မြေ၀ယ်ရောင်း အုပ်စုတွေမြေ၀ယ်မြေရောင်း ပြောဆိုဆွေးနွေးနေကြတာပါ။
မန္တလေးမြို့ ဖွံ့ဖြိုးလာမှုရဲ့ နောက်ကွယ်မှာတော့ စပါးခင်းတွေပျောက်ကွယ်ပေးရတော့မယ်။ နှစ်ပေါင်းများစွာက အောင်ပင်လယ်ကန်ဆိုပြီး ထင်ရှားခဲ့တဲ့နေရာတွေလည်း တဖြည်းဖြည်းနဲ့ မြို့ပြတွေဖြစ်ပေါ်လာတော့မယ်။
အလျားတာပေါင်း ၁၃၀၀ ရှိတဲ့ဒီအောင်ပင်လယ်ကန်တော်ကြီးရဲ့ သမိုင်းကြောင်းကို လူကြီးသူမတွေပြောတာ ကြားခဲ့ဖူးပါတယ်။ ပုဂံခေတ်က မင်းရှင်စောတည်ထားခဲ့တဲ့ အောင်ပင်လယ်ကန်ကြီးဟာ မန္တလေးမြို့ရဲ့ အရှေ့ဘက်ခြမ်းမှာ တည်ရှိတာပါ။ မန္တလေးမြို့ခံစာရေးဆရာ ဆူးငှက်ရေးသားတဲ့ “ပြဒါးမှုန်၊ မန္တလေးမှန်ရိပ်(၂) ခေါင်းစဉ်နဲ့ အောင်ပင်လယ်ကန်အကြောင်းကို ရေးဖွဲ့ထားတာကိုလည်း ဖတ်ခဲ့ဖူးပါတယ်။ အောင်ပင်လယ်ကန်ကြီးနှင့်သမိုင်းနှင့် အပိုင်းအခြားများအပြင် ဆည်ဖို့ပြင်ဆင်လုပ်ဆောင်သည်များ၊ သဘာဝပတ်ဝန်းကျင်နှင့် ကျေးငှက်သားငါးပိုးမွှားမကျန် ဘေးမဲ့ပေးသည်များကို စနစ်တကျ ရေးထိုးထားသော ဘိုးတော်ဘုရားခေတ် ကျောက်စာဂူသုံးချပ်ရှိသည်။ ပြင်ဦးလွင်သွား ကားလမ်းမကြီးနဘေး ဘိုးဘိုးကြီးနတ်နန်းအလွန်တွင်တစ်ဂူ၊ နန်းဦးလွင်ရွာ(မြို့ပတ် ၈ လမ်းသွားလမ်းမကြီး)ဘေးတွင် တစ်ဂူနှင့်မန္တလေးတောင်အရှေ့ဘက်တွင် တစ်ဂူရှိသည်။ မန္တလေးထက်စောသော အဖိုးတန်ရှေးဟောင်းကျောက်စာကြီးများဖြစ်သော်လည်း ဂရုပြုထိန်းသိမ်းရန် သတိမမူကြပေ။ အထူးသဖြင့် နန်းဦးလွင်ဘေးမှ ကျောက်စာဂူ (၈) လမ်းသွားလမ်းမမြေသားတာပေါင်များအောက် မြုပ်လုမြုပ်ခင်ဖြစ်နေပြီး ရွာမှကလေးသူငယ်များ အညစ်အကြေးစွန့်ရာနေရာကြီးဖြစ်နေသည်။ ကျန်နှစ်ဂူမှာလည်း လမ်းမကြီးဘေးများတွင် ကမ္ဓည်းမဲ့ အကာအရံမဲ့ဖြင့် မထင်မရှားဖြစ်နေသည်။ ယခုအခါ လယ်ကွင်းကြီး တစ်မျှော်တစ်ခေါ်ဖြစ်နေသော ကွင်းပြင်သည်တစ်ချိန်က ကြာမျိုးပေါင်းစုံ၊ ကျေးငှက်သာရကာများဖြင့် သာယာလှပသည့် ဧရာမအောင်ပင်လယ်ကန်ကြီးဖြစ်ခဲ့သည်ဆိုသည်ကို ထိုကျောက်စာကြီးများက အခိုင်အမာပြဆိုနေခဲ့ခြင်းဖြစ်သည်”လို့ ရေးသားဖော်ပြထားပါတယ်။
“ဟိုးရှေးရှေးတုန်းကတော့ ဒီနေရာတစ်ဝိုက်လုံးက လယ်ကွင်းတွေချည်းပဲ။ စပါးခင်းကြီးကလည်းအပြည့်။ အခုဆိုရင် မြင်တဲ့အတိုင်းပဲ။ ရောင်းစားကုန်ကြလို့ လယ်ကွက်တွေမှာ အိမ်တွေရောက်နေပြီ။ ”လို့ ရဲမွန်တောင်မှာ နေထိုင်သူတစ်ဦးကအောင်ပင်လယ်ရွာ ဘက်ဈေးလာရောင်းရင်း ပြောပါတယ်။
အခုမြင်လိုက်ရတဲ့ မြင်ကွင်းကတော့ အောင်ပင်လယ်ကန်ဆိုတဲ့ အငွေ့အသက်တွေပျောက်ပြီး ၀င်းခြံအကြီးကြီးတွေခတ်ထားတဲ့ နေရာကြီးပါပဲ။ အောင်ပင်ကန်ကြီးထဲမှာ လယ်ယာမြေအဖြစ် စပါးတွေကိုစိုက်ပျိုးခဲ့ကြတာကြောင့် ရွှေရောင်ဝင်းတဲ့ စပါးခင်းကြီးတွေကလည်း ခန့်လို့ထည်လို့ပါပဲ။ လယ်ယာမြေနိုင်ငံပိုင်ပြုလုပ်ရေးဥပဒေမှာ လယ်သမားတွေဟာ ရောင်းချ၊ ပေါင်းနှံ၊ လွှဲပြောင်းခြင်း ပြုလုပ်ခွင့်မရှိဘူးလို့ ဖော်ပြထားပေမယ့်လည်း ဘယ်လိုဥပဒေ၊ ဘယ်လိုစနစ်တွေနဲ့ ဘယ်လိုညှိနှိုင်းမှုတွေ ပြုလုပ်ပြီး ၀ိုင်းကွက်တွေအဖြစ် ဖန်တီးနိုင်မှန်းမသိလိုက်ခင် အောင်ပင်လယ်ကန်ကတော့ ၀င်းခြံခတ်ထားတာတွေက အပြည့်ပါပဲ။ အုတ်တံတိုင်းတွေကာရံထားတဲ့ ခြံကျယ်ကြီးတွေ၊ မြေသည်ကားတွေရပ်ထားတဲ့ ခြံဝင်းကြီးတွေ၊ သံစူးကြိုးတွေကာထားပြီး ခြံဝင်းပတ်ပတ်လည်မှာ ယူကလစ်ပင်တန်းတွေက စနစ်တကျစိုက်ပျိုးထားတာကိုလည်းတွေ့မြင်ခဲ့၇တယ်။ တချို့ခြံဝင်းတွေမှာကတော့ ဂိုထောင်လို အဆောက်အဦးတွေဆောက်ထားတာကို တွေ့ရပါတယ်။
သိပ္ပံလမ်းအ၀ိုင်းကေန ပြင်ဦးလွင်ကိုသွားတဲ့လမ်းနဘေး အောင်ပင်လယ်ရဲစခန်းထိ မြေနေရာတွေက မန္တလေးမြို့နယ်ထဲမှာပါဝင်ပြီး အ၀ိုင်းပတ်ရဲ့ ဘယ်ဘက်ခြမ်းလယ်ကွက်တွေကတော့ ပုသိမ်ကြီးမြို့နယ်ထဲမှာ ပါဝင်တယ်လို့သိရပါတယ်။တချို့က လန/၃၉ ကျထားပြီးသားပါ။ အရင်တယက(တိုင်းအေးချမ်းသာယာရေးနဲ့ ဖွံ့ဖြိုးရေးကောင်စီ) ခေတ်တုန်းက လျှောက်ထားတာတွေပါ။ လန/၃၉ ဆိုတာက လယ်ယာမြေကို စိုက်ပျိုးမှုမှအပအခြားသုံးတာပေါ့။ ဥပမာ-အဆောက်အဦးဆောက်မယ်။ ဒါမှမဟုတ် နွားမွေးမြူရေးလုပ်မယ်။ စက်ရုံတည်မယ်အဲလိုပေါ့။ လယ်ယာမြေကိုအခြားနည်းသုံးဖို့အတွက် ၅၃ လယ်ယာမြေနာမည်ပြုလုပ်ရေး အက်ဥပဒေပုဒ်မ ၃၉ ခွင့်ပြုပေးထားတာပါ။ ဒါကိုလေဆာက်ထားဖို့က တိုင်းအေးချမ်းသာယာရေးနဲ့ ဖွံ့ဖြိုးရေးကောင်စီကိုတင်ရတာပါ”လို့ ပုသိမ်ကြီးမြို့နယ် မြေစာရင်းရုံးက တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
အောင်ပင်လယ်ကို အမှီပြုထားတဲ့ အောင်ပင်လယ်၇ွာမကြီးထဲ ၀င်လိုက်တော့လည်း ဟိုးအရင်ကျောင်းနေတုန်းက သူငယ်ချင်းမိသားစုတွေက အခုအောင်ပင်လယ်ရွာမှာမရှိကြတော့ဘူး။ အောင်ပင်လယ် ဘိုးဘိုးကြီးနတ်နန်းမှာ နေထိုင်တဲ့ မိသားစုဝင်တွေက “ကျွန်မတို့ကတော့ ဒီအောင်ပင်လယ် ဘိုးဘိုးကြီးနတ်နန်းမှာပဲနေတယ်။ ဘိုးစဉ်ဘောင်ဆက် ဒီနတ်နန်းကိုစောင့်ရှောက်ရင်းနေလာကြတာ။ အရင်ကတော့ အောင်ပင်လယ်ကွင်းတွေမှာ လယ်ဧက ၇ ဧကလောက်ရှိတယ်။ မိသားစုအားလုံး လယ်ထဲဆင်းပြီးအလုပ်လုပ်ရတာ။ သိပ်လည်းအဆင်မပြေပါဘူး။ လယ်လုပ်တယ်ဆိုတဲ့အတိုင်း လည်ထွက်နေတော့တာပါပဲ။ ဒါကြောင့် အကုန်လုံးကိုရောင်းလိုက်တယ်။ ၇ွာထဲမှာလည်း အိမ်မရှိတော့ဘူး။ အခု အောင်ပင်လယ်ရွာက ရွာခံတွေတောင် သိပ်မရှိတော့ဘူး”လို့ ရှင်းပြပါတယ်။
ပုသိမ်ကြီးမြို့ ကုန်းတန်းရွာမှာ နေထိုင်တဲ့ ရွာလူကြီးကတော့ “ဒီနေရာမှာပဲ ဦးလေးက လယ်ဧက ၇ ဧကပိုင်ခဲ့တယ်။ လေးဧကကိုရောင်းပြီး ရတဲ့ပိုက်ဆံနဲ့ နန္ဒါခန်းမဆိုပြီး ဆောက်ထားတယ်။ မဲကင်းကုန်းဘက်မှာ သုံးဧကပြန်ဝယ်ပြီး လယ်စိုက်ထားသေးတယ်။ အခုနေတဲ့ ကုန်းတန်းရွာက ခုထိတော့ ရွာအမည်မပေါက်သေးပါဘူး။ အိမ်ခြေက ၁၅၀၀ လောက်တော့ရှိတယ်။ ရွာအမည်ပေါက်လျှောက်ထား ပါတယ်”လို့ ပြောပါတယ်။
နန်းဦးလွင်ရွာကတော့ ရွာမြေအဖြစ်တရားဝင်ကျသွားပြီလို့ သိရပါတယ်။ ကုန်းတန်းကျေးရွာကလည်း ရွာရဲ့အင်္ဂါရပ်တွေနဲ့ ညီညွတ်တယ်လို့ ရွာလူကြီးကပြောပါတယ်။ “ဒီဘက်ကတော့ ဘယ်မြေတွေရောင်းပြီး မြို့သစ်တည်ထားသလိုဖြစ်နေတာပါ။ လယ်တွေကိုပိုင်ပြီး ဒီမှာနေတဲ့သူက သုံးလေးဦးလောက်ပဲရှိတော့တယ်။ လယ်တွေပိုင်တော့ ဒါတွေကိုအသုံးချပြီး စီးပွားဖြစ်လာကြတာပေါ့”လို့ သူကပြောပါတယ်။
ခေတ်အဆက်ဆက်က ချမှတ်အကောင်အထည်ဖော်ပြုပြင်လာတဲ့ လယ်ယာမြေဥပဒေတွေကြောင့်ပဲ လယ်ပိုင်ဆိုင်ခွင့်ရထားကြတဲ့ တောင်သူလယ်သမားတွေဟာ သူတို့မသိနားမလည်တဲ့ ဥပဒေကြောင်းအရသော်လည်းကောင်း၊ အားနည်းချက်တွေရှိနေဆဲဖြစ်တဲ့ လယ်ယာမြေဥပဒေကြောင်းသော်လည်းကောင်း၊ လယ်ယာမြေ အငြင်းပွားမှုအချင်းအရာတွေက နေရာတိုင်းမြို့ရွာတိုင်းမှာ ဖြစ်ပေါ်ခဲ့၇တယ်လို့လည်း သုံးသပ်သူတွေက ဆိုပါတယ်။
“အလောင်းစည်သူဖောင်လှည့်တာက ဒီအောင်ပင်လယ်ကန်မှာလှည့်တာလေ။ ကုန်းကြီးကိုးကန်း၊ အိုင်ကြီးကိုးအိုင်ပေါ့နော်။ အဘတော့သိပ်မမှတ်မိတော့ဘူး။ ချစ်တီးတွေခေတ်တုန်းက အဘတို့မိဘဘိုးဘွားတွေက လယ်ယာပိုင်မရှိဘူး။ သီးစားလုပ်ရတာ။ ချစ်တီးတွေကသူတို့ပြည်ပြန်သွားတော့ သူတို့ပိုင်တဲ့လယ်ယာမြေတွေကို သူတို့ရဲ့ လူယုံတွေကို ပေးပြီးပြန်သွားတာ။ အဲဒီတော့ လယ်ယာမြေပိုင်တဲ့သူက လေးငါးဦးလောက်ပဲရှိတာ။ ဖဆပလခေတ် ဦးနုအစိုးရတက်လာတော့ လယ်လုပ်သူလယ်ပိုင်ရမယ်ဆိုတဲ့ ဝေခြမ်းရေးစနစ်ကြောင့် အဘတို့ရဲ့ အဖေအမေတွေ လယ်ယာပိုင်ဖြစ်ခဲ့ကြတာပါ။ လယ်လုပ်သူတိုင်း လယ်ကိုးဧကစီရကြတယ်။ ဒါကြောင့် အရင်းရှင်တွေပိုင်တဲ့ လယ်မြေတွေကို ဦးနုလက်ထက်မှာ တောင်သူတွေကိုပေးခဲ့လို့ တောင်သူတွေလယ်ယာမြေပိုင်ဆိုင်ခဲ့ကြတာ”လို့ ကန်ကောက်သစ်မှာနေထိုင်တဲ့ အသက်၆၀ အ၇ွယ်အဘက ပြောပြပါတယ်။
“ဦးလေးက လယ်ယာစိုက်ပျိုးရေးကော်ပရေးရှင်းမှာ ၀န်ထမ်းလုပ်ခဲ့သေးတယ်။ ဦးတို့ဝန်ထမ်းဘ၀တုန်းက ပူးတွဲ(၄) ဆိုတာ ဖြစ်လိုက်သေးတယ်။ ဦးနေ၀င်းလက်ထက်၊ မဆလအစိုးရခေတ်ပေါ့နော်။ ပူးတွဲ(၄) ကိုရေးဆွဲတာက ဦးစိန်လွင်။ ဦးလေးတို့သိသလောက် ကြားဖူးသလောက် ဒီပူးတွဲ(၄)က တရုတ်နည်းလည်း မဟုတ်သလို ရုရှားနည်းလည်း မဟုတ်ပြန်ဘူး။ ဟိုဟာကောင်းနိုးနိုး၊ ဒီဟာကောင်းနိုးနိုးနဲ့ ယူထားတာလေ။ ပူးတွဲ(၄) ရဲ့မူက တောင်သူတစ်ဦးချင်းစီရဲ့ လယ်ယာမြေစာရင်းဇယားတွေတွက်ရတာ။ လယ်သမားတစ်ဦးမှာမိသားစု ဘယ်နှစ်ယောက်ရှိလဲ။ အဲဒီမိသားစုအတွက် ၀မ်းစာချန်ပြီးကျန်တဲ့စပါးအားလုံးကို အစိုးရကိုရောင်းပေးရတာလေ။ တောင်သူတွေကတော့ အဆင်မပြေတော့ဘူးပေါ့။ ဘယ်စစိုက်တကည်းက အရင်းအနှီးက ကြွေးရှာပြီးစိုက်ရတာ။ နိုင်ငံတော်ကထုတ်ပေးတဲ့ စိုက်ပျိုးရေးစရိတ်ဆိုတာလည်း ဆင်ပါးစပ်နှမ်းပက်တာပါပဲ။ သူတို့ပေးတဲ့ ငွေနဲ့လည်းစိုက်လို့မလောက်ဘူး။ စပါးပေးရှာရတယ်။ ကြာလာတော့ မိဘတွေ ပိုင်ဆိုင်တဲ့လယ်ဧကက တဖြည်းဖြည်းချင်း ဖဲ့ရောင်းရာကနေတောင်သူကြီးတွေ တော်တော်များများလယ်ယာတွေ ပြုတ်ကုန်ကြတယ်။ ကန်ကောက်၇ွာကြီးတစ်ရွာလုံးမှာ ကျန်တာဆိုလို့ သုံးဦးလောက်ပဲရှိတယ်”လို့ ကန်ကောက်ရွာသစ်နေထိုင်သူတစ်ဦးက ပြောပါတယ်။
“အဘတို့တောင် အဲဒီတုန်းက ရဲစခန်းမှာ ခေါ်သွားခံ၇တယ်လေ။ သူတို့တောင်းတဲ့စပါး အဘတို့မှမပေးနိုင်တဲ့ဟာကို။ မသွင်းမနေရစနစ်ကြောင့် အဘတို့လယ်တွေလည်းကုန်တာပဲ။ တစ်ဧက တင်း ၃၀ ၊ ငါးဧကရှိရင် တင်း၁၅၀ ရရမရရ ရှာကြံသွင်းရတယ်။ စံကွက်ကိုရိတ်ပြီးတိုင်းတာ တာ။ စံကွက်နဲ့ တောင်သူအများ လုပ်တာနဲ့ဘယ်တူမှာတုန်း။ အဓိကပြသနာက ဒီလယ်တွေထဲမှာ ရေမြောင်းသွားတာတွေ၊ ရေဆိုးထုတ်မြောင်းတွေ၊ ဆူးခြုံရှိတာတွေ၊ ကုန်းရှိတာတွေ နုတ်လိုက်ရင် ဒီငါးဧကအပြည့်မစိုက်နိုင်ဘူး။ ဒါတွေကို အစိုးရက မကြည့်ဘဲ မူရင်းမြေပုံကိုကြည့်ပြီး အလုပ်လုပ်တော့ တောင်သူတွေဘယ်ခံနိုင်တော့မလဲကွယ်။
ဧက(၅၀) ကျော်ပိုင်တဲ့တောင်သူကြီးတွေဆိုရင် အကုန်ပြုတ်ကုန်တယ်။ နွားနှစ်ရှဉ်းရှိတဲ့ လယ်ကနောက်နှစ်ကျရင်တစ်ရှဉ်းကိုရောင်း၊ လိုနေတဲ့စပါးကိုအပြင်က၀ယ်ပြီး အစိုးရကိုသွင်းရတယ်။ ဒီလိုထိုးထိုးစိုက်ကြရင်းနဲ့ လယ်တွေပြုတ်ကုန်တယ်။ တချို့လယ်ပိုင်ရှင်တွေကလည်း ဒီဒဏ်တွေကိုမခံနိုင်တော့ ရောင်းကုန်ကြတာတွေလည်းပါတာပေါ့”လို့ လယ်မြေတွေ ဆုံးရှုံးခဲ့ရတဲ့ တောင်သူကြီးတစ်ဦးက သူကြုံတွေ့ခဲ့တာကို ပြောပြပါတယ်။
“စိုက်ပျိုးရေးဌာနက ၀န်ထမ်းတွေကလည်းရာထူးရချင်၊ နေရာလိုချင်၊ နာမည်ရချင်တဲ့ စိတ်တွေနဲ့ စပါးမထွက်လည်း အထွက်ကောင်းတယ်ဆိုပြီးပိုပြောကြတော့ လယ်သမားတွေအားလုံး ဒုက္ခရောက်ကုန်ကြတယ်။ မထွက်ဘူးလို့လည်း မပြောရဲဘူး။ အလုပ်ပြုတ်မှာကိုး ၊ ဒါကတစ်ချက်။ နှစ်အချက်ကအထွက်နှုန်းပြသနာ။ ထွက်ထွက်မထွက်ထွက် တစ်ဧက တင်း၃၀ အပြည့်သွင်း၇တယ်။ သုံးအချက်က ဗဟိုဦးစီးစနစ်ပေါ့ကွယ်။ အောက်ခြေက ဘာတွေဖြစ်နေတယ်မသိကြဘူး။ အထက်ပိုင်းစာအုပ်ပြာကြီးထဲမှာ ထွက်နှုန်းတွေက တွက်ပြီးသား။ ဘယ်တိုင်းက ဘယ်လောက်လိုချင်တယ်ဆိုပြီးအမိန့်ပေးတာပဲ”လို့ ပင်စင်စားဝန်ထမ်းတစ်ဦးက ပြောပါတယ်။
အခုခေတ်လက်ရှိအခြေအနေမှာတော့ လယ်ယာမြေတွေကိုရောင်းချခွင့်မရှိလည်း ကြိုက်ရောင်းကြိုက်ဝယ်ဖြစ်နေတဲ့အတွက် အောင်ပင်လယ်ဂွေ့ကြီးကုန်းက ရွာသစ်လိုတောင်ဖြစ်နေခဲ့တာကိုတွေ့မြင်ခဲ့၇ပါတယ်။လယ်ကိုရိုးရိုးသားသားလုပ်စားလည်း ငွေသိန်းဂဏန်းမရကြတဲ့အခါ တစ်ဧက သိန်းသုံးရာပေးတော့လည်း ပင်ပင်ပန်းပန်းမလုပ်တော့ဘဲ ရောင်းစားလိုက်ကြတယ်လို့လည်း လယ်ကိုရောင်းချလိုက်သူတစ်ဦးက ပြောပါတယ်။
“ဂွေ့ကြီးကုန်းဆိုတာ ဟိုးတုန်းကတည်းကရှိခဲ့တာ။ ဒီလောက်ကြီးတော့ ရွာမဖြစ်သေးဘူးပေါ့။ လယ်တွေက စိုက်ရပျိုးရတာအဆင်မပြေ၊ စိုက်ပျိုးစရိတ်တွေကကြီး၊ အထွက်နှုန်းတွေကလည်းမကောင်းတော့ ရောင်းကုန်ကြတာပေါ့”လို့ အောင်ပင်လယ်ရွာခံတစ်ဦးကပြောပါတယ်။
“မူလဂွေ့ကြီးကုန်းက ပြည်ထဲရေးမပေါက်ပါဘူး။ နောက်ပိုင်း ၂၀၀၉/၁၀ မှာပြည်ထဲေ၇းပေါက်နဲ့ ဆောင်ရွက်လိုက်တာ။ အရင်က ကျူးသဘောမျိုးနေတာကနေ မြို့နယ်က ပြည်ထဲရေးပေါက်ရွာအဖြစ် ဆောင်ရွက်ပေးတာပါ”လို့ ပုသိမ်ကြီး မြေစာရင်းရုံးတာဝန်ရှိသူက ဖြေကြားခဲ့ပါတယ်။
ရေတံခွန်တောင် ဂေါက်ကွင်းကိုသွားတဲ့လမ်းမှာ မြေယာပြုပြင်ရေးကွင်းဆိုတာ ရှိခဲ့ဖူးတယ်လို့ သိရပါတယ်။ “အာရှဖွံ့ဖြိုးရေးဘဏ်ရဲ့ အကူအညီနဲ့ လုပ်ထားတာ။ လယ်မြေတွေပိုကောင်းလာသလားဆိုတော့လည်း မဟုတ်ဘူး။ဟန်ပြပြုပြင်တာကိုး။ တကယ်တော့ရှိပြီးသားကန်သင်းတွေကို ပြန်ဖျက်လိုက်၊ ပြန်ထိုးလိုက်နဲ့ ခက်ခဲတဲ့ပြုပြင်မှုမဟုတ်ဘူး။ ငွေတွေကို သူတို့အိတ်ထဲထည့်ဖို့ အပေါ်ယံလုပ်သွားတာ။ ဆိုရှယ်လစ်ခေတ်မှာတောင်သူတွေကို လိမ်သွားညာသွားတာ။ ၏
တကယ်တော့ ဘဏ်ကငွေပေးတာက တကယ်ကိုစိုက်လို့မရတော့တဲ့တောတွေကို ခုတ်ထွင်ရှင်းလင်းပြီးလယ်စိုက်လို့ရအောင် လုပ်မယ်ဆိုတဲ့အာမခံချက်နဲ့ ယူလာတဲ့ငွေတွေ၊ တောထွင်ရင် စရိတ်ကကုန်မှာလေ။ အဲဒီတော့ ရှိပြီးသားတောကိုပဲ ဟန်ပြလုပ်သွားတာ။ စီမံကိန်းက ငွေတွေကို ၀န်ကြိးဌာနအဆင့်ဆင့်လက်လွှဲရင်းနဲ့ ငွေကနည်းသွားတာ။ ဒါ ၁၉၈၀ ၀န်းကျင်ကနော်။
ဒီလယ်တောကြီး ဒီလောက်ငွေတွေကုန်ကျခ့ထားပြီး အခုတော့ ဖျက်ဆီးကြပြန်ရော။ မန္တလေးမြို့ရဲ့ အရှေ့ဘက်တာဘောင်ကနေ ကြည့်ရင်စပါးခင်းတွေက ၀င်းအိနေတာပဲ။ အခုလည်း စိုက်လို့ပျိုးလို့ရတယ်။ ဆည်ရေသောက်ဆိုတာလည်း၇ှိပြီးသား။ ဒါတွေပျက်စီးသွားရင် ဆန်ရေစပါး ဘယ်လောက်ပျက်စီးသွားမလဲ”လို့ ကန်ကောက်ရွာမကြီးမှာ နေထိုင်သူတစ်ဦးကပြောပါတယ်။
စားနပ်ရိက္ခာ ဆုံးရှုံးရုံမက အကြောင်းပြချက်အမျိုးမျိုးနဲ့ လယ်ယာမြေတွေကို ၀ယ်ယူသိုလှောင်ပြီး မြေဈေးကစားတဲ့စနစ်တွေကြောင့် ကိုယ့်အိုးကိုယ့်အိမ် အတည်တကျလေးနေထိုင်နိုင်ဖို့ ရုန်းကန်လှုပ်ရှားကြ၇တဲ့ မြန်မာမိသားစု တော်တော်များများရဲ့ ဘ၀တွေဟာ အိုးပိုင်အိမ်ပိုင်နဲ့ ဝေးခဲ့ကြရတယ်ထင်တယ်လို့လည်း သုံးသပ်သူတွေကဆိုပါတယ်။
ဒီလိုမြေယာတွေကို နည်းအမျိုးမျိုးနဲ့ ၀ယ်ယူသိုလှောင်ထားတာတွေ၊ ဈေးကစားတာတွေကြောင့်လည်း မန္တလေးမြို့မှာမြေဈေးမတည်မငြိမ်တွေဖြစ်ခဲ့ရပါတယ်။ ဒါကြောင့် လက်ရှိအချိန်မှာမြေယာတွေကို စီးပွားဖြစ်ဝယ်ယူစုဆောင်းနေသူတွေဟာ လက်ရှိလယ်မြေတွေကို စိုက်ပျိုးမြေအဖြစ် အသုံးပြုတာမျိုးမဟုတ်ဘဲ ဟိုးအရင်ရှိခဲ့ဖူးတဲ့ မြေရှင်၊ ဓနရှင်စနစ်ဆိုးကို ပြန်လည်အသက်သွင်းလိုတဲ့ ပုံရိပ်တွေ ပါဝင်နေတယ်လို့လည်း မန္တလေးမြို့ခံတွေက ပြောပါတယ်။
“အခုလက်ရှိအနေအထားမှာတော့ လယ်ယာမြေဥပဒေက ပြောင်းသွားပါပြီ။ တိုင်းသေဒကြီးအစိုးရအဖွဲ့တက်လာပြီး လွှတ်တော်မှာလည်း လယ်ယာမြေဥပဒေကို အတည်ပြုပြဌာန်းခဲ့တယ်။ ၅၃ လယ်ယာမြေနိုင်ငံပိုင်ပြုလုပ်ရေးအက်ဥပဒေရယ်၊ ၆၂ သီးစားချထားရေးဥပဒေရယ်ကို အခုဥပဒေက လွှမ်းမိုးလိုက်တော့ အရင်ဥပဒေကပျက်သွားပြီလေ။ အရင် လန/၃၉ ဆိုတဲ့ခေါင်းစဉ်က အခု လယ်ယာမြေဥပဒေပုဒ်မ ၃၀(က)(ခ) ဆိုပြီးဖြစ်သွားတယ်။ အခုလယ်လုပ်ချင်တဲ့သူက ဒီပုံစံနဲ့ ထပ်လျှောက်ရမှာပါ။ လုပ်ရမယ့် လုပ်ငန်းပမာဏပေါ်မှာ မူတည်ပြီးလျှောက်ကြတာပါ။ ဆန်စက်တည်ဖို့၊ မွေးမြူရေးနဲ့ ဆက်စပ်အဆောက်အဥိး ဆောက်လုပ်ဖို့အတွက် လျှောက်တာကို တိုင်းဒေသကြီးအစိုးရအဖွဲ့ကို တင်ပြပြီး ဆောင်ရွက်ရတာပါ။ လူနေအိမ်သီးသန့်ဆိုရင်တော့ ဒီလောက်ကြီး ချမပေးပါဘူး။ လက်ရှိလယ်ယာမြေဥပဒေအသစ်ကျမှ ချထားပေးတာမရှိပါဘူး။ အခုက အဆင့်တွေများတယ်။ ပထမဆုံးမြေပုံရေးကူးခွင့်အရင်တင်ရတယ်။ ပြီးမှ အမှုတွဲဖွင့်တဲ့အဆင့်ပေါ့။ တစ်ခုမှတော့ ကျမလာသေးဘူး။ မြေရာဇ၀င်ပြန်ထားတဲ့စာရင်းအရဆိုရင်တော့ ၁၅ ဦးလောက်လျှောက်ထားတာရှိတယ်။
အခု ဥပဒေအသစ်မှာက ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၊ သူ့အောက်မှာက တိုင်းဒေသကြီး ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၊ ခရိုင်၊ မြို့နယ်၊ ရပ်ကျေးဆိုပြီး အဆင့်လိုက်အဖွဲ့လိုက်သွားတာပါ။ ”လို့ မြေစာရင်းရုံးတာဝန်ရှိသူက ပြောကြားပါတယ်။
အရင်စစ်အစိုးရလက်ထက်က ထင်သလိုလယ်ယာမြေတွေသိမ်းခဲ့ပေမယ့် လယ်သမားတွေ ဘ၀ပျက်ခဲ့ပေမယ့် အခုတော့ မြို့ပြချဲ့ထွင်မှုနဲ့အတူ လယ်မြေတွေဈေးကောင်

0 comments:

Post a Comment

 
Penanggung Jawab Miftah Budi Kurniawan | Supported by Cheat Game 4U