Related Posts Plugin for WordPress, Blogger...
Showing posts with label ဟာသ. Show all posts
Showing posts with label ဟာသ. Show all posts

Tuesday, January 14, 2014

ဟာသအတိုစုလေးများ


မောင်ရိုးဆိုသူ လူငယ်တစ်ဦးအားမိဘများက အိမ်ထောင်ပြုရန်ပြောသည်။ မိဘများသဘောတူနေသောမိန်းခလေး အရုပ်ဆိုးသောလည်း အလွန်ချမ်းသာသည်။
မောင်ရိုးကြိုက်နေသောမိန်းခလေးမှာ ဆင်းရဲသော်လည်းချောလှ၏။
ကဲ…မောင်ရိုး မင်းကြိုက်နေသောမိန်းခလေးးကိုယူမလား။ ငါတို့ပေးစားမဲ့မိန်းခလေးကိုယူမလား။
မောင်ရိုး သေချာစဉ်းစားပြီးမှ မိဘများကိုပြောလိုက်သည်….
အမေတို့သဘောတူတဲ့မိန်းခလေးအိမ်မှာထမင်းစားသောက်ပြီး ……..သားကြိုက်တဲ့မိန်းခလေးအိမ်မှာအိပ်မယ်ဗျာ နော်….

(ခိုင်းနည်းသစ်)
ယောင်္ကျားဖြစ်သူသည် ဘာခိုင်းခိုင်းအလွန် အပျင်းထူသည်။ မိန်းမဖြစ်သူသည်အားလပ်ချိန်တွင်ယောကျာင်္းကိုခြံထဲဆင်းပြီး သစ်ပင်စိုက်စေချင်သည်။
သို့သော် တော်တော်နဲ့ခိုင်းလို့ရမည်မဟုတ်။တစ်နေ့တွင် အကြံရကာမိန်းမဖြစ်သူက……
`ရှင်ခြံထဲဆင်းပြီးဘာမှမလုပ်တော့ဘူးလား၊သြော်အင်းလေ မလုပ်နိုင်ရင်လဲနေပါစေ။ အသက်လည်းရလာပြီဆိုတော့ အဘိုးကြီးလည်းဖြစ်တော့မှာဘဲလေ´
မကြာမီ သူ၏ယောင်္ကျားထပြီးခြံထဲဆင်း အလုပ်လုပ်လေသည်။
အမ

(လက်ထပ်လျင်)
ျိုးသမီးနှစ်ယောက် တစ်နေ့လက်ထပ်ရင် ဘယ်လိုယောင်္ကျားမျိုးကိုရှာပြီး လက်ထပ်ရမည့် အကြောင်းပြောနေကြသည်။
ပထမမိန်းမ။ ။ငါယူတဲ့ယောင်္ကျားကချမ်းသာတဲ့သူဖြစ်ရမယ်။သဘောကောင်းတဲ့သူဖြစ်ရမယ်။ရုပ်ချောတဲ့သူဖြစ်ရမယ်။
ဒုတိယမိန်းမ။ ။အို……….ဒါဆို နင်ကယောင်္ကျား ၃ ယောက်တောင်ယူမှာလား

(ကြိုက်နေလို့ပါ)
ဒီအမျိုးသမီးကို ခင်များ ဘာလို့အဓမ္မ ကျင့်ရတာလဲ” တရားခံကို တရားသူကြီးကမေးသည်..။
“သူ့ကို ကျနော်ကြိုက်လို့ပါ”ဟုတရားခံက မျက်လုံးနှစ်ဖက် ကို လက်နှင့်ပိတ်ရင်းပြန်ဖြေသည်..။
”ဒီယောက်ျားကိုရော ဘာဖြစ်လို့အဓမ္မ ကျင့်ရပြန်တာလဲ “ဟုတရားသူကြီးကထပ်မေးသည်..။
“သူ့ကိုကျနော်ကြိုက်လို့ပါ “ဟုတရားခံကမျက်လုံးနှစ်လုံးကို လက်ဝါးဖြင့်ပိတ်ရင်းပြန်ဖြေသည်။
’ဒါနဲ့နေပါအုံး ခင်များဘာဖြစ်လို့ မျက်လုံးကိုလက်နှစ်ဖက်နဲ့ ပိတ်ပြီးဖြေနေရတာတုန်း “
“တရားသူကြီးမင်းကိုလည်းကျနော်ကြိုက်နေလို့ပါ..။”

(နောင်တ)
ညတစ်ည သန်းခေင်ယံအချိန်တွင် ဇနီးဖြစ်သူတစ်ရေးနိုးလာ၍ ယောက်ျားဖြစ်သူကို ရှာရာ မီးဖိုချောင်ထဲ၌ ရှိက်ကြီးတငင် ငိုကြွေးနေသည်ကို တွေ့ လိုက်၇လေသည်။
ဇနီး ။ မောင်…ဘာဖြစ်လို့ ငိုနေတာလဲ
ကျား ။ တို့ တတွေ သမီးရည်းစားဘ၀ချိန်းတွေ တုန်းက မင်းအဖေကြီးနဲ့ မိသွားတော့ မင်းအဖေကြီးပြောတဲ့ စကားကို မင်းမှတ်မိသေးရဲ့ လား…။ မင်း ငါ့သမီးကို အတည်ယူမှာလား… မယူရင်တော့ ထောင်ထဲမှာ အနှစ်နှစ်ဆယ် သွားနေပေတော့ ဆိုတာလေ ..
ဇနီး ။ မှတ်မိသားဘဲ …အဲဒါဘာဖြစ်လို့ လဲ
ကျား ။ အေး….အဲဒီတုန်းက ထောင်သာကျခဲ့ ရင် ဒီနေ့ လွတ်ပြီ ..အီး ဟီးဟီးဟီး …ရွှတ်..

(မထူးပါဘူး)
လမ်းတွင် ဖိနပ်အနီတစ်ဖက်၊အနက်တစ်ဖက်မှား စီးလာသော ကလေးတစ်ဦးကိုတွေသဖြင့် လူကြီးတစ်ဦးက…
`ဟေ့ချာတိတ် မင်းဖိနပ်အနီတစ်ဖက် ၊အနက်တစ်ဖက် ဖြစ်နေတယ်၊ အိမ်ပြန်လဲလိုက်အုံး´
ဟာ…အိမ်ပြန်လည်း မထူးပါဘူး ဦးဦးရာ…
`ဘာဖြစ်လို့လဲကွ`
`အိမ်မှာလည်း ဖိနပ်အနီတစ်ဖက်၊အနက်တစ်ဖက်ပါဘဲဗျာ.

(ညီမျှသလိုပဲ)
အသက်၄၀ခန့်ရှိသောလူပျိုသိုးကြီးသည် မိဘများအား အိမ်ထောင်ပြုချင်ကြောင်း ဖွင့်ဟပြောသည်။
ထိုအခါမိဘဖြစ်သူတို့က ရိုးအသော သားအကြာင်းသိသဖြင့် ဒါဆိုမေမေတို့က
မင်းနဲ့ရှေ့သွားနောက်လိုက်ညီမဲ့ အသက်၃၀ကျော်မိန်းခလးတစ်ယောက်ရှာပေးမယ်နော်။
ထိုအခါလူပျိုသိုးကြီးက မျက်နှာငယ်လေးဖြင့်…….့် မေမေတို့စကားလည်းနားထောင်ပြီးသားဖြစ်အောင် သားလိုချင်တာလည်းဖြစ်အောင်
အသက်၁၆နှစ်အရွယ် နှစ်ယောက်ယူလို့မရဘူးလားမေမေ…

(လက်တည့်လာလို့ပါ)

လင်မယားနှစ်ဦးကွာရှင်းပြတ်ဆဲမည်ဟု ရုံးတော်သို့ရောက်လာသည်။
ယောင်္ကျားဖြစ်သူက…ဒီမိန်းမအားကွာရှင်းချင်ပါတယ်…
တရားသူကြီးက…..သီးမခံနိုင်အောင်ဘာကြောင့်များလဲ
ယောင်္ကျားဖြစ်သူက…ဒီမိန်းမနဲ့လက်ထပ်ပြီးတဲ့နှစ်၂၀လုံးလုံးမှာ သူစိတ်တိုင်းမကျရင်တွေတဲ့အရာနဲ့ကောက်ကောက်ပေါက်ပါတယ်။ဒါကြောင့်သီးမခံနိုင်တာပါ။
တရားသူကြီးက….နှစ်၂၀လုံးသီးခံပြီးမှဘာလို့ရုံးတော်ကိုလာတိုင်ရတာလဲ။
ယောင်္ကျားဖြစ်သူက…ဒီမိန်းမရဲ့လက်ကအခုမှပိုပြီးလက်တည့်လာလို့ပါ…

(မှီနိင်သေးတယ်)
အမျိုးသမီး၏နောက်သို့လူငယ်တစ်ယောက် ပြေးလိုက်လာပြီးပြောသည်။
“ဒိမှာခင်ဗျာ၊ ဒိမှာခင်ဗျာ´´
အမျိုးသမီး ပြန်လှည့်ကြည့်ပြီး မေးသည်။
“ကျွန်မကိုခေါ်တာလား ဘာကိစ္စလဲ´´
“ဘတ်စ်ကားပေါ်မှာ ထီးမေ့ကျန်ခဲ့တာ ခင်ဗျားလား´´
အမျိုးသမီးလှုပ်လှုပ်ရှားရှား ဖြစ်သွားသည်။
“ဟုတ်ပါရဲ့ ကျွန်မ ထီးမေ့ကျန်ခဲ့တယ်´´
“အဲဒါဆိုမြန်မြန်ပြေးလိုက်၊ကားကအခုမှ စထွက်ကာစပဲရှိသေးတယ်။´´

(သူဌေးနှင့်နွား)
လူတစ်ယောက်ကသူဌေးကြီးတစ်ဦးထံတွင် နွားတစ်ကောင်ငှားချင်သည်။
သို့ကြောင့်လည်းနွားငှားရန် သူဌေးကြီးထံစာရေးကာ တပည့်တစ်ယောက်ကို
စေလွှတ်လိုက်သည်။ ထိုအချိန်က သူဌေးကြီးအိမ်တွင် သူဌေးကြီးသည်
ဧည့်သည်တစ်ယောက်နဲ့တွေ့နေချိန်ဖြစ်သည်။ သူဌေးကြီးကစာကိုယူလိုက်သည်။
စာမတတ်သည်ကိုရှက်သဖြင့် စာတတ်သယောင်ယောင်ဟန်ဆောင်လိုက်သည်။
သူဌေးကြီးသည် စာရွက်ကိုကြည့်ရင်း ခေါင်းကို တဆတ်ဆတ်ညိတ်နေသည်။
“ငါသိပါတယ်ကွာ´´
သူဌေးကြီးကစာလာပေးသူကိုပြောလိုက်သည်။
“အေး..ခဏကြာရင် ငါကိုယ်တိုင်လာခဲ့မယ်လို့ မင်းဆရာကို ပြောလိုက်ပါကွာ။ဟုတ်လား´

ဟာသများ

Happy labor day
ဇီဇာကြောင်တဲ့သူဌေးနဲ့ ကပ်သီးကပ်သပ်ဝန်ထမ်း
သူဌေး ….. “မင်းသုံးနေတဲ့ကွန်ပြူတာက ကုမ္ပဏီက ကွန်ပြူတာပါ။ ဒီကွန်ပြူတာမှာ
မင်းရဲ့ကိုယ်ရေးကိုယ်တာတွေ မသိမ်းထားပါနဲ့။ မင်းမိန်းမဓာတ်ပုံ၊ မင်းကလေးဓာတ်ပုံတွေကိုလည်း
မသိမ်းထားပါနဲ့။ ဒီဓာတ်ပုံတွေကြည့်ပြီး မင်းကောင်းကောင်း အလုပ်မလုပ်ဘူး”
ဝန်ထမ်း….. “ဒီလိုဆိုရင် ကျွန်တော့်အိမ်ကကွန်ပြူတာနဲ့ ခင်ဗျားအလုပ်တွေကို မလုပ်ခိုင်းနဲ့။ မီတာအတက်တော့ကျွန်တော်မခံဘူး။ ရုံးချိန်မဟုတ်တဲ့အချိန်မှာ
ကျွန်တော်လက်ထိပ်တွေ ပိုလို့တောင် အပွန်းမခံနိုင်ဘူး”
သူဌေး…….. “ရုံးချိန်အတွင်း မင်းရဲ့ကိုယ်ပိုင်အလုပ်တွေကို မလုပ်ပါနဲ့။ ဥပမာ- လက်သည်းညှပ်တာတို့၊
ဆံပင်ဖြီးတာတို့… “
ဝန်ထမ်း ….. “ကျွန်တော်လည်း ခင်ဗျားကိုပြောချင်တယ်။ ရုံးချိန်အတွင်း ကျွန်တော်ဖြီးလိုက်တဲ့ဆံပင်၊
ညှပ်လိုက်တဲ့ လက်သည်းတွေဟာ ကျွန်တော်ရုံးတက်နေတုန်း ရှည်ထွက်လာတဲ့အရာတွေပါ”
သူဌေး….. “ရုံးချိန်အတွင်း ရုံးဖုန်းကိုသုံးပြီး ကိုယ်ရေးကိုယ်တာ မပြောပါနဲ့”
ဝန်ထမ်း….. “ဒီလိုဆိုရင် ကျွန်တော်အိမ်မှာ အနားယူနေတုန်း ခင်ဗျားဆက်လာတဲ့ဖုန်းကိုလည်း ကျွန်တော်မကိုင်ဘူး”
သူဌေး…. “ကုမ္ပဏီက သုံးဖို့ပေးတဲ့ကားက ကုမ္ပဏီကိစ္စအတွက်သုံးဖို့ပဲ။ မင်းလျှောက်စီး၊
လျှောက်မောင်းဖို့မဟုတ်ဘူး”
ဝန်ထမ်း…. “ဒီလိုဆိုရင် ကျွန်တော့်ကို ဖိနပ်အသစ်တရံပေးပါ။ ကုမ္ပဏီကားကို ဂီယာနင်းတဲ့အခါ
ကျွန်တော့်ကိုယ်ပိုင်ဖိနပ်ပွန်းသွားမှာ စိုးလို့ပါ…”
ဖတ်မိတာလေး ဘာသာပြန်မျှဝေပါတယ်
**********************************************************************************************************
download
အမူးသမားနှစ်ယောက် ရထားသံလမ်းပေါ် တယိမ်းတယိုင် လှမ်းလျှောက်နေတယ်။
ပထမအမူးသမား “တောက်……. ဒီလှေကားက တက်လို့မကုန်နိုင်ပါလား”
ဒုတိယအမူးသမား “အေးလေ… လက်ရန်းကလည်း နိမ့်လိုက်တာ”
**********************************************************************************************************
God Creating Man
သား… “ဖေဖေ… ဘုရားသခင်က ဘာဖြစ်လို့ ယောက်ျားကိုအရင်ဖန်ဆင်းပြီးမှ မိန်းမကို ဖန်ဆင်းရတာလဲ?”
အဖေ……”အင်း… ယောက်ျားကိုမဖန်ဆင်းခင် သူ့ဘေးမှာ တဗျစ်တောက်တောက်ရွတ်နေမယ့်မိန်းမ
မရှိစေချင်လို့ နေမှာပေါ့”
***************************************************************************
download (1)
စားသောက်ဆိုင်တစ်ဆိုင်မှာ လင်မယားနှစ်ယောက် မင်္ဂလာနှစ်ပတ်လည်နေ့ ကျင်းပနေတယ်။
ရိုမန်တစ်ဆန်တဲ့ဝန်းကျင်မှာမယားက ချိုချိုသာသာလေးနဲ့ ယောက်ျားကိုပြောပါတယ်။
“ယောက်ျားရေ… နောင်ဘဝကျရင် ငါ့ကိုနင်ယူဦးမလားဟင်…!”
ဒါကို ယောက်ျားက အားတက်သရော ပြန်ဖြေပါတယ်။
“မိန်းမရေ.. ဒီဘဝမှာ နင်နဲ့ဆုံရတာ ငါ့အတွက် ပျော်ရွှင်ခြင်းတစ်မျိုးပါ။ ဒါပေမဲ့ တစ်ကြိမ်ပဲ
ပျော်ပါရစေတော့။တစ်ခြားလူလည်း ပျော်ရအောင်လို့ နောင်ဘဝကျရင် ဒီပျော်ရွှင်တဲ့အခွင့်အရေးကို
တခြားလူဆီ ငါလွှဲခဲ့မယ်”
**********************************************************************************************************
download (2)
တစ်နေ့မှာ လုပ်ဖော်ကိုင်ဖက်က ရီရီကိုမေးတယ်။
“နင် နေ့တိုင်းအလုပ်တက်တော့ နင့်သားကို ဘယ်သူထိန်းလဲ?”
“ယောက္ခမထိန်းတယ်လေ”
“နင် ကံကောင်းလိုက်တာ..”
“ကံကောင်းတာလဲ မဟုတ်ပါဘူး။ နေ့ဆိုရင် ငါ့သားကို ယောက္ခမကထိန်းပေးတယ်။ ညဆိုရင် သူ့သားကို
ငါကထိန်းပေးတယ်။ ညီမျှပါတယ် ဟ..”
**********************************************************************************************************
images (2)
တရုတ်ပြည်မှာ အငယ်ထားတာ ခေတ်စားသတဲ့…
ထိုင်ဝမ်ကျွန်းကလူတစ်ယောက် လွန်ခဲ့တဲ့ငါးနှစ်က တရုတ်ပြည်မှာ အငယ်တစ်ယောက်ထားခဲ့တယ်။ အငယ်အတွက်
၎သိန်းတန်အိမ်တစ်လုံး ဝယ်ပေးခဲ့ပြီး လစဉ်လတိုင်း ယွမ် ၃ ထောင်ပေးသုံးခဲ့တယ်။ ဒီတစ်နှစ်မှာ အငယ်နဲ့
သူလမ်းခွဲလိုက်တယ်။ ဝယ်ထားတဲ့အိမ်ကိုရောင်းတော့ ၁၂သိန်းရတယ်။ တွက်ကြည့်တော့ အငယ်ကို ၆နှစ်အလကားတွဲလိုက်ရပြီး
၆သိန်းမြတ်သွားတယ်။ အိမ်မြေရောင်းဝယ်ရေးကို သူကျေးဇူးတင်တယ်။ အငယ်ထားတာဟာ
ရင်းနှီးမြှုပ်နှံမှုတစ်ခုလို့ သူဆိုတယ်။
အဲဒီလိုနဲ့ ထိုင်ဝမ်ပြန်ရောက်လို့ ဒီအကြောင်းကို မယားကြီးကသိတော့ သူ့ကိုနားရင်းအုပ်ပြီးဆူတယ်။
“ဘာဖြစ်လို့ အငယ်တစ်ယောက်ပဲ ထားခဲ့သလဲ” တဲ့…

Wednesday, January 8, 2014

ဟာသ

 

မင်္ဂလာဦးညမှာ ဇနီးသည်ဖြစ်သူက ခင်ပွန်းသည်လေးနားကပ်ပြီး သူတို့ရဲ့ ပထမဆုံး ချစ်ရည်လူးပလူး (having sex) တဲ့ အထိမ်းအမှတ်အနေနဲ့ ဒေါ်လာ ၂၀ တောင်းတယ်။
စိတ်ဝင်စားစရာကောင်းတာနဲ့ ကောင်လေးက ချက်ချင်းသဘောတူလိုက်တယ်။
အဲ့လိုပဲ . .သူတို့အိမ်ထောင်သက် အနှစ်( ၃၀ ) ကျော်သည့်တိုင် ချစ်ရည်လူးတဲ့အခါတိုင်းအဲ့ဒီအလေ့အကျင့်လေးကို ယူသွားဖြစ်လိုက်တယ်။

လိုချင်တာလေးတွေ ဝယ်ဖို့၊ သုံးဖို့စွဲဖို့ တောင်းတာပဲဖြစ်မှာပါဆိုပြီး ကောင်းလေးက မှတ်ချက်ပြုထားတာပေါ့။ ကောင်မလေးရဲ့ချစ်စရာ အပြုအမူလေးတစ်ခုမို့လည်း ကြည့်ကြည့်ဖြူဖြူပေးခဲ့တာပေါ့။

တစ်ရက်တော့ နေလယ်လောက်မှာ အလုပ်ကနေ အရက်တွေအရမ်းမူးပြီးပြန်လာတဲ့ ခင်ပွန်းသည်ကိုတွေ့တော့ ဇနီးသည်အံ့သြသွားတယ်။
တစ်ခါမှ ဒီလို အချိန်မှာ မသောက်စဖူးထူးခြားနေတာပေါ့။
အိမ်ထဲရောက်ပြီးခဏအကြာမှာ ဇနီးသည်လေး မမေးခင် အကြောင်းစုံကိုဖွင့်ပြောပြလိုက်တယ်။

"" ကို တို့ အလုပ်ရှင်က လုပ်ငန်းတွေ ကျဆင်းလာတဲ့အတွက် ကိုယ့်ကို အလုပ်ကနေ ဖြုတ်ပစ်လိုက်တယ်ကွာ အသက် ( ၅၉ ) နှစ်အရွယ်ရောက်ပြီဆိုတော့ အလုပ်သစ်ရှာနိုင်မယ့်ပုံလည်း မပေါ်တော့ပါဘူး။ ကုမ္ပဏီတွေကလည်း အလုပ်ခန့်မယ် မထင်တော့ပါဘူး မိန်းမရာ။ အားကိုးစရာ သားသမီးလည်း မရှိတော့ ရေရှည်မှာ စားဝတ်နေရေးအဆင်မပြေ မှာစိုးတယ်ကွာ။"

ဆိုပြီး မျက်ရည်လေးဝဲပြီး ဝမ်းနည်းစွာ ပြောပြနေရှာတယ်။

ဇနီးဖြစ်သူက အေးဆေးတည်ငြိမ်စွာပဲ ယောက်ျားကို နှစ်(၃၀) ကျော်သက်တမ်းရှိတဲ့ ဘဏ်စာအုပ် ထုတ်ပြလိုက်တယ်။ စာအုပ်ထဲမှာတော့ ကာလကြာရှည်ထားရှိလို့ ရလာတဲ့အတိုးအမြတ်တွေ ပေါင်းရင် ဒေါ်လာတစ်သန်း နီးပါးရှိတယ်။
နောက်ထပ် ဒေါ်လာ နှစ်သန်းကျော်စာရင်းရှိတဲ့ ဘဏ်စုငွေ လက်မှတ်တစ်ခုကိုလည်း ထပ်ပြလိုက်တယ်။
ယောကျာ်းဖြစ်သူ မျက်လုံးဝိုင်းသွားတယ် ပြီးတော့ သူဘာမှမပြောနိုင်သေးခင်မှာ ဇနီးသည်က ထပ်ရှင်းပြတယ်။

"ဒီပိုက်ဆံတွေဟာ ချစ်ရည်လူး(having sex)တဲ့ခါတိုင်း တောင်းထားတဲ့ပိုက်ဆံတွေပါ။ အဲ့ဒီပိုက်ဆံတွေကို ဘဏ်ထဲမှာ နှစ်သုံးဆယ်ကျော်ကြာ အောင် မှန်မှန်စုဆောင်းလာနိုင်ခဲ့လို့ ခုလို အများကြီးဖြစ်လာတာပေါ့။ ကျွန်မတို့ ဒီပိုက်ဆံတွေနဲ့ ကောင်းကောင်း ရင်းနှီး လုပ်ကိုင်စားလို့ ရတယ် မဟုတ်လား ကို ရဲ့။"

ယောကျာ်းဖြစ်သူ စကားမပြောနိုင်လောက်အောင် အံ့အားသင့်သွားတယ်။ နှောင်ရေးအတွက် အိုစာမင်းစာ လေးမစုဆောင်း မိခဲ့ပါလားဆိုတဲ့ နောင်တတွေလည်း လိမ္မာ ပါးနပ်တဲ့ မိန်းမရဲ့ အမျှော်အမြင်ကြီးမှုအောက်မှာ ပျောက်သွားတယ်။
အရမ်းဝမ်းသာသွားပြီး အမှတ်မထင် စကားတစ်ခွန်းကို အားရပါးရ ပြောလိုက်မိတယ်။

ဒီလိုမှန်းသိရင် မိန်းမ ဆယ်ယောက်ယူပါတယ်ကွာ တဲ့ ခိခိ

Monday, December 23, 2013

ဟာသလေးတွေ ရှာရှာဖွေဖွေ



ကွက်ကျော်အတွေး
အလှပြင်ခန်းအတွင်း အလှပြင်ခံနေသူ အမျိုးသမီးနှစ်ဦးစကားပြောနေကြသည်။မေရီ    - ဟဲ့ လူစီ .. အင်ဂျာလာ ကလေးအမွှာပူးမွေးတာ သိပြီးပြီလားလူစီ     - ဟင့်အင်း သိသေးဘူး ဘယ်တုံးကလဲမေရီ    - မနေ့ကလေ၊ အံ့သြစရာကောင်းတယ်သိလား

လူစီ     - ဘယ်လိုဖြစ်လို့လဲ…

မေရီ    - ဆရာဝန်ကပြောတယ်တဲ့ ဒီလိုအမွှာပူးမွေးဖို့ဆိုတာ အကြိမ် ၁၅၇၈၁ ကြီမ်မှ
တစ်ခါပဲဖြစ်နိုင်တာတဲ့

လူစီ     - အမလေးလေး သောင်းကျန်းလိုက်တာ ဒီကောင်မ
အိမ်အလုပ်လုပ်ဖို့အချိန်မှရသေးရဲ့လားမသိဘူး

စေတနာ ဝေဒနာဖြစ်
ဆယ်ကျော်သက် မိန်းမလှလေးက ချစ်သူနှင့် အရက်နှစ်ခွက် အတူတူသောက်ပြီးနောက်
ချစ်သူကို ရီဝေေ၀ကြည့်ရင်းပြောသည်။

ဟေး မိုက်.. တို့အူအတက်ပေါက်တုံးက ခွဲရတဲ့နေရာကို ကြည့်မလား … တဲ့

အလွန်အူအတဲ့ သူ့ချစ်သူပြန်ဖြေလိုက်ပုံက..

ဟင်းအင်း ကိုကဆေးရုံဆို သိပ်မုန်းတာတဲ့……  (အဲကောင် လဲသေဖို့ပဲကောင်းတယ်)…


ဒီလိုပဲ ပြောကျတာပဲ
အလွန်အလုပ်များသော သူဌေးက အတွင်းရေးမှူးမလေးကို ဒီလိုမှာသည်။

ဖုန်းဆက်လာရင် သူဌေးအစည်းအဝေးတက်နေတယ်လို့ပြောလိုက်..

အဲဒါကိုမှ သူတို့ကိစ္စက အရေးကြီးတယ်လို့ အထွန့်တက်လာရင် "ဒီလိုပဲ ပြောကျတာပဲ"
လို့ပြန်ပြောလိုက်…

ထိုနေ့နေ့လည်တွင် သူဌေးဇနီးက ဖုန်းခေါ်သည်။

"သူနဲ့ပြောမှကိုဖြစ်မှာ.. အစ်မကသူ့ဇနီးပါ" .. အတွင်းရေးမှူးမလေးက
ပြန်ပြောလိုက်သည်။

"ဒီလိုပဲပြောကျတာပဲလေ"

မြို့နယ်မှူးရဲ့ ဒုက္ခ (ဟာသ)



#(" အရှေ့အရပ်၌ရှိသော ......အနန္တစကြဝဠာ....အနန္တသတ္တဝါတို့")
ဟင်..........ဘယ်မှာ၊ ဘယ်သူတွေ ဘာလို့ ဆန္ဒပြကြပြတာတုန်းဟေ...
ဓမ္မာရုံက မေတ္တာပို့တာ ပါတော် အရက်နာကျနေလဲ ပြန်အိပ် ပြန်အိပ်

#(" အာဇာနည် ဗုဒ္ဓဘာသာ အမျိုးသား တိုင်းပြည်")
ဟိတ်..သိန်းမောင်၊ အောင်ရွှေ၊ တင့်ဆွေ၊မောင်တူး၊ ကားထုတ်၊ ကျည်ကာဝတ်၊ တစ်ခါတည်း ကျည်ထိုးထား...မိန်းမရေ.. ခြောက်လုံးပြူးပေးစမ်း၊ ခြောက်လုံးပြူး
ဘာဖြစ်တာတုန်း...တီဗီက ဇာတိမာန် သီချင်းလာနေတာပါတော်....
ဟမ်..ဟုတ်လား....ငါက ကုလား-ဗမာ ဆော်ကြပြန်ပြီထင်လို့.....
ပြန်အိပ်

#("ကမ္ဘာမကျေ၊ မြန်မာပြေ................")
ဟေ့ကောင်တွေ ကားထိုးထားတော့၊ မီးသတ်ပါခေါ်ခဲ့၊ မိန်းမရေ အထုပ်လေး ပြင်ထားဟေ့
ဘာတုန်း...ကျောင်းက ကလေးတွေ ကမ္ဘာမကျေ ဆိုတာလေ လေသင့်လို့ ကြားရတာပါတော်၊ ဘာဖြစ်ရ ပြန်တာတုန်း
မီးရှို့ပြန်ပြီထင်လို့........ဟီး


#အဲတာပါပဲ ဒေါက်တာရယ်.....မြို့နယ်မှုးဖြစ်စကတည်း ကပါပဲ။ အရင်က အသောက်များလို့ အရက်ကြောင်တယ် ထင်တာ။ ခုသိပ်မသောက်တော့တာလဲ ၁နှစ်ကျော်လာပြီ။ ညအိပ်ရင်လဲ တောင်းပန်ပါတယ်။ တောင်းပန်ပါတယ် ဆိုတာ ခဏခဏ ယောင်တယ်။ အဝေးက အသံခပ်သဲ့သဲ့ ကြားရင်ကို အဲသလို လန့်နိုးတော့တာ။

Friday, December 20, 2013

ဟာသ



တစ်နေ့ မှာ လူတစ်ယောက် ဘားထဲကို ၀င်လာပြီး ဘားဝန်ထမ်းကိုပြောတယ် ..

" ငါ မင်းကို အံ့အားသင့်စရာကောင်းတဲ့ ပြကွက်တစ်ခုကို ပြရင် ငါ့ကို အရက်တစ်ခွက် အလကားတိုက်မလား " လို့ မေးလိုက်တော့ ဘားဝန်ထမ်း က ခဏစဉ်းစားပြီး သဘောတူလိုက်တယ် ..
ဒီတော့ သူလည်း သူ့ ကုတ်အကျီ င်္ဘယ်ဘက်အိပ်ထဲလက်နှိုက်လိုက်ပြီး ကြွက်လေးတစ်ကောင်ကို ထုတ်လိုက်တယ် .. နောက်ပြီး ညာဘက်အိပ်ထဲ နှိုက်လိုက်ပြီး Piano သေးသေးလေးတစ်ခုထုတ်လိုက်တယ် .. အဲဒီကြွက်လေးက အပြင်လဲရောက်ရော အကြောအချဉ်တွေ ဆန့် လက်ဆစ်တွေချိုးပြီး Piano လေးပေါ်ထိုင်ပြီး ဘီသိုဗင်ရဲ့ တီးလုံးတွေကို အမှားအယွင်းမရှိဘဲ တီးပြလိုက်တယ် .. ဘားဝန်ထမ်းလဲ အံ့အားသင့်သွားပြီး အရက်တစ်ခွက် အလကားတိုက်လိုက်တယ် .. သူ က အရက်တစ်ခွက်လဲ သောက်လို့ ကုန်သွားရော ဘားဝန်ထမ်းကိုထပ်ပြောတယ် ..
" စောနက ပြတာထက် ပိုပြီး ကောင်းတဲ့ ပြကွက်တစ်ကွက် ပြရင် ငါ့ကို တစ်ညနေလုံးစာ အရက်အလကားတိုက်မလား" လို့ မေးလိုက်တယ် ..
ဘားဝန်ထမ်းကလဲ ဒီထက် ပိုပြီးကောင်းတဲ့ ပြကွက်တော့ ရှိမှာ မဟုတ်လောက်တော့ဘူးလို့ ထင်ပြီး သဘောတူလိုက်တယ် .. ဒီတော့ အဲလူက သူ့ ရဲ့ ဘောင်းဘီအိပ်ထဲကိုလက်နှိုက်ပြီး ဖားခုံညင်း တစ်ကောင်ထုတ်လိုက်တယ် .. အဲဒီ ဖားခုံညင်း က အပြင်လည်းရောက်ရော စောနက ကြွက်လေး တီးနေတဲ့ တီးလုံးနဲ့ စည်းချက်ညီတဲ့ သီချင်းတစ်ပုဒ်ကို လိုက်ဆိုပြတယ် .. အဲလို သီချင်းဆို နေတာကို ဘားမှာ ရှိတဲ့ သူစိမ်း တစ်ယောက် တွေ့ သွားပြီး သူ့ ကို မေးတယ် ..

" ခင်ဗျား ဖားခုံညင်းလေး ကျနော့်ကို ရောင်းပါလားဗျာ .. ကျနော် ဆယ်သိန်းပေးပါမယ် "လို့ ပြောတယ် .. ထို လူကလဲ " လုံးဝ မရောင်းနိုင်ဘူး "လို့ ပြန်ဖြေတယ် .. သူစိမ်းက လဲ " သိန်း ၅၀ ပေးပါမယ်ရောင်းပါ " လို့ ထပ်ပြောတယ် .. သူ ကလဲ ထုံးစံအတိုင်း " မရောင်းဘူး "ပဲဖြေနေလေရဲ့ .. နောက်ဆုံး သိန်း ၁၀၀ ပေးမယ်ဆိုတော့ မှ ရောင်းလိုက်တယ် ..

အဲဒါကို တွေ့ တဲ့ ဘားဝန်ထမ်း က " ခင်ဗျားဖားကို ဘာလို့ သိန်း ၁၀၀ ထဲနဲ့ ရောင်းလိုက်တာလဲဗျာ .. ခင်ဗျားဖား က တကယ်ဆို သိန်း ၁၀၀၀ လောက်ထိ တန်ကြေးရှိတာမသိဘူးလား " လို့  အားမလိုအားမရနဲ့မေးတော့မှ ထို လူ က " ခင်ဗျား ဘာမှ မသိဘဲ ၀င်မပြောစမ်းပါနဲ့ ဗျာ .. အဲဖား က ဘာမှ သုံးမရဘူး .. ကြွက် က အသံတုဆရာဗျ .. " တဲ့ ..

Sayar Chan

လွယ်လွန်းလို့ နှင့်အခြား ဟာသများ



ကျောင်းကပြန်လာတဲ့ မူလတန်းကျောင်းသား မောင်လှကို ကျောင်းမတက်တဲ့ သူငယ်ချင်း မောင်မြက မေးတယ်။

မောင်မြ ။ ။ ” ကျောင်းမှာ ဘာတွေ သင်သလဲကွ ”

မောင်လှ။ ။ “မြန်မာ၊ အင်္ဂလိပ်၊ သင်္ချာ”

မောင် မြ ။ ။ “ဒါဆို မင်းက အင်္ဂလိပ်စကား တတ်သလား ”

မောင်လှကလည်း ခပ်ကြွားကြွားနဲ့ ပြန်ဖြေတယ်။ “

“တတ်တာပေါ့ကွ”

မောင် မြ ။ ။ “ဒါဆို ဒီကိုလာ ဆိုတာကို အင်္ဂလိပ်လို ဘယ်လိုပြောသလဲ ”

မောင်လှ။ ။ “ဒါလေးများ လွယ်လွန်းလို့။ Come here လို့ ပြောရတယ် ”

မောင် မြ ။ ။ “အလဲ့  တယ်ဟုတ်ပါလား။ ဒါဆို ဟိုကိုသွား ဆိုရင်ရော ”

ဆရာမ သင်ပေးတဲ့အထဲမှာ အဲဒါမပါသေးတော့ မောင်လှအခက်တွေ့သွားတယ်။ ဒါပေမယ့် ခပ်တည်တည်နဲ့ ပြန်ဖြေလိုက်တယ်။

“ဒါလေးများ လွယ်လွန်းလို့။ ဟိုဘက်ကိုသွားပြီးတော့ Come here လို့ပြောလိုက် ”

ဟဟ
========================

စောင့်နေသူ

တစ်ခါက အရူးဆေးရုံတစ်ခုရဲ့ ဆေးရုံအုပ်ကြီးက လူနာတွေရဲ့ အခြေအနေကို သိချင်တဲ့အတွက် စမ်းသပ်မှုတစ်ခု လုပ်တယ်။ သူစမ်းသပ်ပုံက လူနာတွေကို လ္ဘက်ရည်ခွက်တခွက်စီ ပေးလိုက်တယ်။

“ကဲ မင်းတို့ကို လ္ဘက်ရည်တိုက်မယ်။ အားလုံးတန်းစီ ”

လူနာတွေအားလုံး တန်းစီကြတယ်။ အဲဒီမှာ ဆေးရုံအုပ်ကြီးက ဘာမှထည့်မထားတဲ့ ဓာတ်ဘူး အလွတ်တစ်လုံးနဲ့ လ္ဘက်ရည်တွေ လိုက်ထည့်ပေးတဲ့ ပုံစံလုပ်လိုက်ပြီးတော့ …

“ကဲ လ္ဘက်ရည်ထည့်ပြီးပြီ။ အားလုံး သောက်လို့ရပြီ ” လို့ ပြောလိုက်တယ်။ လူနာတွေကလည်း ဘာမှမရှိတဲ့ လ္ဘက်ရည်ခွက်ကို အားရပါးရ မော့သောက်လိုက်ကြတယ်။

အဲဒီအထဲမှာ လူနာတစ်ယောက်ကတော့ မသောက်ဘဲနဲ့ လ္ဘက်ရည်ခွက်ကို စိုက်ကြည့်နေတာကို ဆေးရုံအုပ်ကြီးကမြင်တော့
“အင်း ဒီလူနာကတော့ အတော်လေးရောဂါသက်သာသွားပြီ ထင်တယ်”လို့တွေးလိုက်မိပြီး လူနာကို မေးလိုက်တယ်။

“သူများတွေ အားလုံး လ္ဘက်ရည် သောက်နေကြပြီ။ မင်းကဘာလို့ မသောက်ဘဲ လ္ဘက်ရည်ခွက်ကို ကြည့်နေတာလဲ ”

လူနာက ပြန် ဖြေလိုက်တယ်။

“ပူနေသေးလို့ခင်ဗျ ”

တိန်

Sayar Chan

Wednesday, December 4, 2013

အကြွားဟာသ

အမေရိကန်တိုးရစ်တစ်ယောက်သည် မြန်မာနိုင်ငံသို့လာရောက်လည်ပတ်နေရင်းဖြ**ည့ ကားနှင့်ရန်ကုန်မြို့ကို ပတ်လေသည်။ဒရိုင်ဘာမှာမြန်မာလူမျိုး ဖြစ်သည်။သွားရင်းလာရင်းနှင့် ဘုရင့်နောင်ဂုံးကျော်တံတားသို့ ရောက်လာသည်။ထိုအခါ အမေရိကန်ကြီးမှ မေးလိုက်သည်။
                                ဟေ့.......ဟိုတံတားကဘာတံတားလဲ....
                                ဘုရင့်နောင်ဂုံးကျော်တံတားလို့ ခေါ်ပါတယ်......
                                တံတားဆောက်တာ ဘယ်လောက်ကြာလဲကွ......
                                 ၁နှစ်လောက်တော့ကြာပါတယ်....
                                 ဒါမျိုးတံတားတွေကို ငါတို့အမေရိကန်မှာဆို၇င် ၆လလောက်နဲ့ပြီးတယ်.....
                                            ထို့နောက်ဆက်မောင်းလာရင်း လှည်းတန်းတံတားနားရောက်လာသည်။အမေရိကန်တိုးရစ်မှ ထပ်မေးပြန်သည်။
                                ဒါကရောဘာတံတားလဲဟ.......
                                 လှည်းတန်းကုန်းကျော်တံတားလို့ ခေါ်ပါတယ်......
                                 ဘယ်လောက်ကြာလဲဆောက်တာ......
                                 ၈လလောက်တော့ရှိတယ်.....
                                အင်း....ဒါမျိုးဆိုရင်တော့ ငါတို့ဆီမှာ ၂လလောက်နဲ့ဆောက်လို့ရတယ်......
                                       မြန်မာလူမျိုးကားသမားသည် နည်းနည်းတော့ ဒေါသထွက်လာသည်။ဒီအမေရိကန်တိုးရစ် သက်သက်လာ
ကြွားနေတာခံရသည်။ကားဆက်မောင်းလာရင်းနှင့် ရွှေခုံတိုင်ဂုံးကျော်တံတားပေါ်သို့ ရောက်လာသည်။အမေရိကန်တိုးရစ်ကမေးပြန်သည်။
                                 ဒီတံတားကရော ဘာတံတားလဲဟင်......
                                 ကားသမားကပြန်ဖြေလိုက်သည်မှာ
                                 ကျွန်တော်လည်းမသိပါဘူးခင်ဗျာ.......မနက်ကလာတုန်းက ဒီမှာဘာမှမရှိသေးဘူး..........

ဘ၀အမောတွေပြေပျောက်ပါစေ...Sayar Chan

ဟာသ

၁၉၅၆ခုနှစ်လောက်ကဖြစ်သည်။အမေရိကန်တွေသည် လကမ္ဘာကိုခြေချကာစ အချိန်ဖြစ်သည်။
                                        ရုရှားတွေသည် ခြေတစ်လှမ်းနောက်ကျနေချိန် ဖြစ်သည်။ ရုရှားဝန်ကြီးချုပ်သည် နည်းပညာရှင်
                                        များကို အရေးပေါ် အစည်းအဝေးခေါ်လိုက်သည်။အစည်းအဝေးတွင် ရုရှားဝန်ကြီးချုပ်မှ သူဖြစ်
                                         ချင်သည်ကို နည်းပညာရှင်များကို ပြောပြသည်။
         ဝန်ကြီးချုပ်................ဟေ့....အမေရိကန်တွေကတော့ လကိုရောက်သွားပြီ.......ငါတို့ကနေကို ရောက်အောင်သွားမယ်
         နည်းပညာရှင်........   မဖြစ်နိုင်ပါဘူး......ဝန်ကြီးချုပ်ခင်ဗျာ......နေကအလွန်ကို ပူပါတယ်......သူ့အနားရောက်အောင်
                                          သွားဖို့တောင် တော်တော်ကြိုးစားရမှာပါ....
        ဝန်းကြီးချုပ်............ဘာလို့မရမှာလဲကွ.......ငါတို့ဒုံးပျံက ညကျမှထွက်မှာလေ....

ဟာသ

တစ်ခါက ရွာတစ်ရွာတွင် အူတူတူသားအဖနှစ်ယောက် ရှိလေသည်။တစ်နေ့ ညသန်းခေါင်အချိန်တွင်
                                     သားဖြစ်သူသည် ခြံထဲတွင် ဝါးလုံးရှည်ကြီး တစ်လုံးနှင့် လိုက်ပြီးရမ်းနေလေသည်။အဖေဖြစ်သူနိုးလာသော
                                     အချိန်တွင် သားဘာလုပ်နေသည်ကို သိချင်သဖြ**့ လှမ်းမေးလိုက်လေသည်။
                                       ဟေ့.......သား ညကြီးမိုးချုပ် ခြံထဲမှာဘာလုပ်နေတာလဲဟ...
                                       ကြယ်တွေကို ရိုက်ချနေတာအဖေ........
                                        ရိုက်လို့ရလားဟ.......
                                       မရသေးဘူးအဖေ.....
                                       ထိုအခါအဖေလုပ်သူမှသားကို ဆရာကြီးလေသံဖြ**့ လှမ်းပြောလိုက်သည်။
                                        ဘယ်ရမလဲ .....မင်းက ခေါင်မိုးပေါ်မှ မတက်တာ.....

Wednesday, November 13, 2013

သစ္စာရှိသောမြင်း

လင်ရှိမယားကိုကြိုက်နေသော လူငယ်သည် အမျိုးသမီးအိမ်အောက်သို့မြင်းစီးပီးရောက်လာသည်.။ အိမ်ပေါ်မတက်မီ သူ၏မြင်းကိုပြောသည် .။ 

         ငါးထပ်တိုက်က ၀ရန်တာကိုတွေ့တယ်မလား  အဲ့အောက်တည့်တည့်မှာ စောင့်နေ  သူယောက်ကျားလာရင် ငါအပေါ်ကနေ ဆင်းလာမယ် ပီးရင် လစ်မယ် .။
ပြောပီး အိမ်ပေါ်တက်သွားသည် .။  သိပ်မကြာခင်အချိန် လူခေါ်ခေါင်းလောင်းသံမြည်လာသည် .။ လူငယ်လည်း ၀ရန်တာပေါ်က နေ အောက်သို့ ခုန်ဆင်းလိုက် သည် .။ အမျိုးသမီးက တံခါးထဖွင့်သည် .။
တံခါးရှေ့တွင် မြင်းတစ်ကောင်ရပ် နေသည်ကိုတွေ့ရသည် .။

    မြင်းကပြောသည် .။
   အပြင်မှာ မိုးတွေအရမ်းရွာနေတယ်.။ ကျွန်တော် အဖျားတက်မှာစိုးရိမ်ရတယ် .။ အဲ့ဒါကြောင့် ကျွန်တော် ဆင်ဝင်အောက်မှာ မိုးခိုရင်း စောင့်နေမယ်လို့  ကျွန်တော့် သခင်ကိုပြောလိုက်ပါ .။

သေစမ်း နှာဗူး

 
Penanggung Jawab Miftah Budi Kurniawan | Supported by Cheat Game 4U