အမေရိကန်တိုးရစ်တစ်ယောက်သည် မြန်မာနိုင်ငံသို့လာရောက်လည်ပတ်နေရင်းဖြ**ည
့ကားနှင့်ရန်ကုန်မြို့ကို ပတ်လေသည်။ဒရိုင်ဘာမှာမြန်မာလူမျိုး
ဖြစ်သည်။သွားရင်းလာရင်းနှင့် ဘုရင့်နောင်ဂုံးကျော်တံတားသို့
ရောက်လာသည်။ထိုအခါ အမေရိကန်ကြီးမှ မေးလိုက်သည်။
ဟေ့.......ဟိုတံတားကဘာတံတားလဲ....
ဘုရင့်နောင်ဂုံးကျော်တံတားလို့ ခေါ်ပါတယ်......
တံတားဆောက်တာ ဘယ်လောက်ကြာလဲကွ......
၁နှစ်လောက်တော့ကြာပါတယ်....
ဒါမျိုးတံတားတွေကို ငါတို့အမေရိကန်မှာဆို၇င် ၆လလောက်နဲ့ပြီးတယ်.....
ထို့နောက်ဆက်မောင်းလာရင်း
လှည်းတန်းတံတားနားရောက်လာသည်။အမေရိကန်တိုးရစ်မှ ထပ်မေးပြန်သည်။
ဒါကရောဘာတံတားလဲဟ.......
လှည်းတန်းကုန်းကျော်တံတားလို့ ခေါ်ပါတယ်......
ဘယ်လောက်ကြာလဲဆောက်တာ......
၈လလောက်တော့ရှိတယ်.....
အင်း....ဒါမျိုးဆိုရင်တော့ ငါတို့ဆီမှာ ၂လလောက်နဲ့ဆောက်လို့ရတယ်......
မြန်မာလူမျိုးကားသမားသည် နည်းနည်းတော့ ဒေါသထွက်လာသည်။ဒီအမေရိကန်တိုးရစ် သက်သက်လာ
ကြွားနေတာခံရသည်။ကားဆက်မောင်းလာရင်းနှင့် ရွှေခုံတိုင်ဂုံးကျော်တံတားပေါ်သို့ ရောက်လာသည်။အမေရိကန်တိုးရစ်ကမေးပြန်သည်။
ဒီတံတားကရော ဘာတံတားလဲဟင်......
ကားသမားကပြန်ဖြေလိုက်သည်မှာ
ကျွန်တော်လည်းမသိပါဘူးခင်ဗျာ.......မနက်ကလာတုန်းက ဒီမှာဘာမှမရှိသေးဘူး..........
ဘ၀အမောတွေပြေပျောက်ပါစေ...Sayar Chan
အမှတ်တရ ရှင်းတမ်း နှင့် မန်ဘာဝင်နည်း ( ဖတ်ဖြစ်အောင်ဖတ်ပေးကြပါ )
-
ရှင်းတမ်း
*******
အားလုံးသော ၀ါတနာ တူ ညီ အစ်ကိုမောင်နှမများ မင်္ဂလာပါ .။ ကျွန်တော်က တော့
ဒီဆိုဒ်ရဲ့ Admin အနေနဲ့ ဝင်ရောက်ရေးသားနေတဲ့ နေသာ (kingboyonline@gm...
5 years ago
0 comments:
Post a Comment