Related Posts Plugin for WordPress, Blogger...

Sunday, October 6, 2013

အင်္ဂါဂြိုဟ် ပေါ်တွင် မီးတောင် ဟောင်းကြီး တစ်ခု သိပ္ပံ ပညာရှင် များ လေ့လာ တွေ့ရှိ





လွန်ခဲ့သော နှစ်ပေါင်း ၃ ဒသမ ၅ ဘီလီယံကျော် က ပေါက်ကွဲ မှု ဖြစ်ပွား ခဲ့သည် ဟု ခန့်မှန်း ရေ သာ အင်္ဂါဂြိုဟ် ပေါ်မှ ရှေးဟောင်း မီးတောင်ကြီး တစ်ခု သည် ယခုအခါ ၎င်းဂြိုဟ် ပေါ်တွင် ပုံ သ ဏ္ဌာန် မမှန်သော ချိုင့်ကြီးများ အဖြစ် ပေါ်ထွက် လာ ခဲ့ကြောင်း သိပ္ပံ ပညာရှင်များ က လေ့ လာ တွေ့ရှိ ခဲ့သည်။

အဆိုပါ ချိုင့်ကြီး များ သည် ဥက္ကာပျံ တစ်ခု ကဲ့သို့ အရာဝတ္ထု တစ်ခု၏ ၀င်တိုက် မှုကြောင့် ဖြစ်ပေါ် လာခြင်း ဖြစ်သည် ဟု အချို့ သိပ္ပံ ပညာရှင်များ က ယူဆ ခဲ့သော် လည်း "Oxus Patera" အမည်ရှိ အဆိုပါ ချိုင့်ကြီး မှာ
မီးတောင်ကြီး တစ်ခု ဖြစ်နိုင် ဖွယ် ရှိကြောင်း သိပ္ပံ ပညာ ရှင်များ က ခန့်မှန်း ခဲ့ကြသည်။

၎င်းအပြင် ချိုင့်ကြီး အတွင်းရှိ ပုံသဏ္ဌာန် မမှန်သော ချိုင့်ဝှမ်းများ သည် အဆင့်ဆင့် ပေါက်ကွဲ မှု ဖြ စ်ပေါ်ခဲ့ သည် ဆိုသော သက်သေ အထောက် အ ထား များ ကို ဖော်ပြလျက် ရှိသည်။ အဆို ပါ ချိုင့်ကြီး သည် ကီလိုမီတာ ၃၀ အချင်း ရှိပြီး ၎င်းချိုင့် အတွင်း ရှိ တောင်တန်းများ သည် အမှုန် များဖြင့် ဖွဲ့စည်း ထားကြောင်း၊ ယင်း အမှုန် များမှာ လည်း မီးတောင် ပေါက်ကွဲ မှုကြောင့် ထွက်ပေါ် လာသော ပြာမှုန်များ အနည်ကျ ရာမှ ဖြစ်ပေါ်လာ ခြင်း ဖြစ်ကြောင်း၊ သုတေသန ပညာရှင် များ က ယူဆ ထားသည်။

အင်္ဂါဂြိုဟ် ပေါ်ရှိ အဆိုပါ ချိုင့်ကြီး ကို NASA Godderd Space Flight Center မှ သုတေသန ပညာရှင် ဂျက်ကော့ဘ်ဘလီချာ နှင့် ဂြိုဟ် လေ့လာရေး ဆိုင်ရာ သိပ္ပံ တက္ကသိုလ် မှ သုတေသန ပညာရှင် ဂျိုးဆက် မိုက်ကယ်လ်စကီ တို့နှစ်ဦး က လေ့လာ ဆန်းစစ်မှု များ ပြု လုပ် ခဲ့ခြင်း ဖြစ် သည် ဟု သိရသည်။

Sayar Chan

0 comments:

Post a Comment

 
Penanggung Jawab Miftah Budi Kurniawan | Supported by Cheat Game 4U