Facebook ပျက်တော့မယ် ဆိုတဲ့ ကောလဟာလ သတင်း တွေ ပလူပျံနေအောင်တွေ့ရပါတယ်။
မြန်မာ သတင်းတွေမှာလဲ တက်နေတာ သတိထားမိပါတယ် ဒါပေမဲ့ Source ကို
လှန်ကြည့်မိတဲ့အခါမှာ WeeklyWorldNews.com
ဆိုတဲ့ Hoax News (သတင်းအတု) တွေပဲ တင်တဲ့ website က ၂၀၁၁ တည်းက
စတင်ခဲ့တယ်လို့တွေ့မိပါတယ်။နောက်တစ်ဖြည်းဖြည်း ၂၀၁၄ မတ်လ ၁၅
ထိပါရက်ရွှေ့လာတာပါ။
အကယ်၍ facebook သာ ဖျက်သိမ်းတော့မယ်ဆိုပါက ယခုလို
မျိုး ငြိမ်သက်နေမှာမဟုတ်ပါဘူး။ Android, Apple, Blackberry ,Windows Phone
စတဲ့ mobile update တွေ မထွက်တော့မဲ့အပြင် ဖျက်သိမ်းမည်ဆိုသောအကြောင်းကို
Official Announcement ခေါင်းစီးသတင်း အနေနဲ့ Facebook မှာ
ဖော်ပြမှာဖြစ်ပါတယ်။ ပြီးနောက် ကမ္ဘာ့Stock Share ဈေးကွက်မှာလည်း Facebook
ရှယ်ယာ တွေ ရောင်းချထားတဲ့အတွက် ဒီလို
ဖျက်သိမ်းဖို့ဆိုတာတော်တော်အချိန်ယူရမှာဖြစ်ပါတယ်။
Mark Zuckerberg ရဲ့ တရားဝင် page ဖြစ်တဲ့ www.facebook.com/Zuck
မှာ ဖျက်သိမ်းမယ်ဆိုတဲ့ စကားတစ်ခွန်းတောင် မဟထားတာကို လက်တွေ့သွားရောက်
ကြည့်ရှုနိုင်ပါတယ်။ Social Network တွေဖြစ်တဲ့ Twitter, Linkedin,
Tumblr,Pinterest, အစရှိတဲ့ Website
တွေနဲ့အချိန်ပြည့်ပြိုင်ဆိုင်နေရချိန်မှာ ယခုလိုသတင်းမျိုးကိုFacebook CEO
သာကြားမိပါက ဟားတိုက်ရယ်မောမှာဖြစ်ပါတယ်။ Business
ပိုင်းအနေနဲ့ပြောရမယ်ဆိုရင်လဲ Market Leader ဖြစ်တဲ့အလျောက် Stable
အဆင့်မှာ ရောက်ရှိနေပြီးProduct ကို ကောင်းသထက်ကောင်းအောင်
လုပ်ဆောင်နေကြတယ်လို့တွေ့မိပါတယ်။ထို့အပြင် Organization ကြီးတစ်ခုလုံးဟာလဲ
Mark Zuckerberg ညွှန်ကြားထားတဲ့ လက်ကိုင်ဖုန်း Mobile Platform
ကိုအသားပေးတီထွင်ကြံဆထုတ်လုပ်နေကြပြီး Advertising Campaign တွေကနေ
ဒေါ်လာသန်းပေါင်းများစွာ Cash Flow စီးဆင်းနေပါတယ်။
ထို့ကြောင့် ၁၅ မတ်လ ၂၀၁၄ မှာ Facebook ဖျက်သိမ်းမှာလား ဟုမေးလာခဲ့သည်ရှိသော်?
၁၀၀% မဖျက်သိမ်းပါ။
သို့သော် သုတေသီများ ခန့်မှန်းတာတော့ ၂၀၁၇ မှာ သုံးစွဲသူဦးရေ သိသိသာသာလျော့ကျသွားမယ်လို့ ခန့်မှန်းထားပါတယ်...
အမှတ်တရ ရှင်းတမ်း နှင့် မန်ဘာဝင်နည်း ( ဖတ်ဖြစ်အောင်ဖတ်ပေးကြပါ )
-
ရှင်းတမ်း
*******
အားလုံးသော ၀ါတနာ တူ ညီ အစ်ကိုမောင်နှမများ မင်္ဂလာပါ .။ ကျွန်တော်က တော့
ဒီဆိုဒ်ရဲ့ Admin အနေနဲ့ ဝင်ရောက်ရေးသားနေတဲ့ နေသာ (kingboyonline@gm...
6 years ago




1:20 AM
sayarchan.blogspot.com
Posted in:
0 comments:
Post a Comment