Related Posts Plugin for WordPress, Blogger...

Tuesday, February 11, 2014

စာဗူးတောင်းကျေးရွာအုပ်စု ... သမီးကလေးကျေးရွာအပါအဝင် ၇ွာလေးရွာ အဖျက်ခံရတယ်ဆိုတာ မကပါဘူး ...


စာဗူးတောင်းကျေးရွာအုပ်စု ... သမီးကလေးကျေးရွာအပါအဝင်

၇ွာလေးရွာ အဖျက်ခံရတယ်ဆိုတာ မကပါဘူး ...

လတ်တလော ကျွန်တော်တို့ ရွာခံတွေကို မေးတာနဲ့တင်

စာရင်းကောက်တာနဲ့တင် ၁၁ ရွာဖြစ်နေပါပြီ ...

ဒါတောင် တစ်ရွာနဲ့တစ်ရွာကြားမှာ သတင်းပြတ်ပြီး

ဖျက်သလား မဖျက်သလား မသိသေးတဲ့ရွာတွေရှိပါသေးတယ် ...

ဖျက်သိမ်းခံရတဲ့ ၁၁ ရွာကတော့

သမီးလေးရွာ

လက်ကြိုက်ရွာ

ဇလွန်ရွာ

ခွန်ကွေ့ ရွာ

အင်းပတီးရွာ

သဇင်ပန်းရွာ

မောဖျက်ရေလည်ကုန်းရွာ

အုတ်ဖိုရွာ

ထီးပနာရွာ

ကျွဲတဲရွာ(ရွာတစ်စိတ်အဖျက်ခံရ)

တောင်လုံးမြောင်ရွာ(အိမ်ခြေ ၇၀ မှာ ၃၀ ကျန်)

အဲဒီထဲမှာ အုပ်ဖိုရွာဟာ ရွာသက်တမ်း နှစ် ၁၀၀ ကျော်ရှိပြီး ကျန်တဲ့

ထီးပနာရွာ ... ကျွဲတဲရွာ နဲ့ တောင်လုံးမြောင်ရွာတွေဟာ

ရွာသက်တမ်း နှစ် ၇၀ သက်တမ်းအထက်ရှိကြတဲ့ ရွာတွေချည်းပါပဲ ...

ထူးဆန်းတာနောက်တစ်ခုက

ဖျက်သိမ်းခံ အုပ်ဖိုရွာဟာ တပ်ပိုင်မြေစည်းရိုးအမှတ်အသားနဲ့

တစ်မိုင် နဲ့ လေးဖာလုံ တိတိကွာဝေးတာပါပဲ ...

ဒီထက်ထူးဆန်းတာတစ်ခုက နှစ်တွေဒီလောက်အကြာကြီး ရွာအဖြစ်နဲ့

တည်ရှိနေခဲ့ပေမယ့် စစ်တပ်ပိုင်မြေအဖြစ် စသတ်မှတ်တာ ၁၉၉၅ ခုနှစ်လို့လဲ

ကြားသိခဲ့ရပါတယ် ...

ဘယ်သူက သက်တမ်းပိုရှည်ကြာစွာ နေထိုင်ကျက်စားခဲ့တယ်ဆိုတာ

ရှက်တတ်ရင် လဲသေဖို့ ကောင်းတဲ့ အခြေအနေပါ ...

အခုဆိုရင် ဖျက်သိမ်းခံ ရွာတွေမှာ နေထိုင်တဲ့သူတွေဟာ

မူလနေရပ်အိမ်ဝိုင်းမှာ အမိုးအကာမရှိ ခိုးဝှက်နေထိုင်တဲ့သူတွေကနေကြရတယ် ...

နောက်ပြီး အောင်သိဒ္ဒိဘုန်းတော်ကြီးကျောင်းမှာ နေထိုင်ခိုလှုံတဲ့သူက ခိုလှုံရနဲ့

အတော်ကို ဒုက္ခ သုက္ခမျိုးစုံနဲ့ ရင်ဆိုင်ကြုံတွေ့နေရပါတယ် ...

ထပ်ရေးပါဦးမယ်ခင်ဗျာ ...

0 comments:

Post a Comment

 
Penanggung Jawab Miftah Budi Kurniawan | Supported by Cheat Game 4U