Related Posts Plugin for WordPress, Blogger...
Showing posts with label နေသာရေးသောကဗျာများ. Show all posts
Showing posts with label နေသာရေးသောကဗျာများ. Show all posts

Monday, August 25, 2014

အောင်မြင်ခြင်းတစ်ခု ဆီသို့  လှမ်းခြင်း (၀ါ) အချစ်ကို ခေါင်းစဉ်တပ်ကြည့်ခြင်း


အောင်မြင်ခြင်းတစ်ခု ဆီသို့  လှမ်းခြင်း (၀ါ) အချစ်ကို ခေါင်းစဉ်တပ်ကြည့်ခြင်း

သူငယ်ချင်း
စိတ်ဓာတ် တို့ ဦးတည်ရာကို ကြည့်စမ်းပါ
မင်း ရဲ့ မိုက်မဲ မှု့ကို မြင်လိမ့် မယ်
ဒီတိုင်းပဲ ကြည့်နော်
နောင် တ တွေ မပိုက် မိစေ နဲ့ 
ဒါ မင်းဖြစ်ချင် ခဲ့တာလေ.။

ညီ လေး .....
ဖြစ်ချင်တာ မဖြစ်ခဲ့ဘူးလား
ဒါဆို   အတိတ်ကို တစ်ချက် ပြန်ငဲ့ကြည့်လိုက်
ငဲ့ကြည့် ယုံပဲ ငဲကြည့်နော်
ခြောက် သွေ့ခဲ့တဲ့ နွေရာသီ တစ်ချို့ ထဲက
အိမ်မက် ဟောင်းနေ့ စွဲတွေ ဆီ
ထွက် မပြေးနဲ့ ဦး
ဒါ  မင်းဖြစ် စေ ခဲ့တာလေ

ဒီလို ပဲ  သူငယ်ချင်း
တစ်ခါ တစ် လေ သတိရ ခြင်း ထဲက ပြေးထွက် ကြည့်လိုက်
ပေါ့ ပါးခြင်း တစ်ခု ကို ခံစားရလိမ့်မယ်
တစ်ခုတော့ ရှိတာ ပေါ့
သုည ကို ဂုဏ်တင် ဖို့ အတွက် တော့
အိမ်မက် တွေ ညတာ မရှည် စေနဲ့ 
ညီလေး....
အတိတ် တွေကို သပိတ် မှောက် ဖို့ 
အနာဂတ်တို့ ရဲ့ ပစ္စပ္ပုန် နံနက်ခင်းတိုင်းမှာ
နိုးထရဦးမယ်လေ .။

သူငယ်ချင်း ......ဘ၀မှာ
ညီမျှခြင်းဆိုတာ ကြားဖူးတယ်မလား
မညီ မျှ ခြင်းတွေ ကို အဖြေရှာ ကြည့်
အချစ် ဆို တာ ကို သိလာလိမ့်မယ်
သု ညကို သုည နေရာမှာထားပီး
အတောင်ပံတွေကို လေဟုတ် ခတ်ကြည့်
အတိတ်ဆိုတာ အဝေးကို လွင့်စင် သွားလိမ့်မယ်

ညီလေးး....ဘ၀မှာ
သစ္စာ တရားဆို တာ ရှိကြလား
တစ်ချို့ တစ်ချို့ တွေ မေတ္တာတွေ ဝေးလို့ 
သစ္စာရေ တွေကို လက်ဆေးခဲ့ကြတယ်
သစ္စာတရားတိုင်းဟာ
သစ္စာ မဲ့ပီးနောက်
သူတို့ ရဲ့ အနှစ်သာရ မရှိတော့တဲ့
အသစ်ကမ္ဘာမှာ  အချစ်စစ် လို့  ခေါင်းစဉ် တက်ခဲ့ကြတယ်

သူငယ်ချင်း .......
ဘ၀ဟာ ဘာအဓိပ္ပယ်မှ မရှိ လို့ 
ငါ တို့ တွေ အဓိပ္ပယ် ဖွင့် နေကြတာ ပါ
သု ညကို သုည နေရမှာ ထားနိုင် တဲ့ တစ်နေ့ 
စိတ်ဓာတ် တို့ ဦးတည်ရာကို ကြည့်လိုက်
အရင် က မိုက်မဲ  မှု့ အတွက်
မင်းတာဝန် ကျေတာထက် ကျော်ခဲ့ပီ
ဒါ မင်းဖြစ်ချင်ခဲ့တာပဲလေ .။

ညီလေး..........
ဟိုးအရင် ရက်စွဲတစ်ချို့ နဲ့ 
အခု မင်းပစ္စပ္ပုန် တစ်ချို့ ကို
ဘယ်တော့မှ  မနှိုင်း ယှဉ်စမ်းပါ နဲ့ 
လက်ရှိမှာ အတိတ်တစ်ချို့ က
အိမ်မက် ဟောင်းတေက ဘ၀မဟုတ်ဘူး
ဘ၀သာ ဘ၀ဖြစ်တယ်ဆိုတာကို တွေးပီး
ခြောက်သွေ့ခဲ့တဲ့နွေရာသီ တစ်ချို့ ဆီပြန်သွားကြည့်
ဒါဟာ မင်းဖြစ်စေခဲ့တာပဲလေ.။

သူငယ်ချင်း ......
မင်း .....ကြိုးစားခဲ့တယ်
မင်း..... နိုးထခဲ့တယ် .။
တစ်ခု တော့ ရှိတာ ပေါ့ကွယ်
မညီမျှခြင်းဆိုတာကို နားလည်ပီးနောက်
ညီမျှခြင်း ကို မရှာနဲ့ တော့
လွင့်စင့်ခဲ့တဲ့ အတိတ်ကို
ခြေရာ ပြန် ကောက်သလို ဖြစ်မယ်
အတိတ်ဆိုတာ အတိတ်ပဲလေ
ဘ၀မှ မဟုတ်တာပဲ

ညီလေး ........
ယက္ခ ဂုန်မာန် စောင့် ကျပ်တဲ့ 
ဘီလူဆိုင်း တီးချင် သူတို့ ရဲ့ ဇတ်စင် ပေါ်မှာ
တစ်ခါ တစ်ခါ  လွမ်းတေးး  တွေ ဆို ပြခဲ့ပါ
ဒါဟာ အတိတ် တစ်ခုကို ပေးဆပ်ဖို့ 
လုံလောက်တဲ့  ပေးဆပ်မှု့ပါ.။
တန်ပြန် တဲ့ သက်ရောက်မှု့တစ်ခုကို မျှော်ကြည့်တိုင်း
အောင် မြင် တဲ့ပုံစံကို ခဏ ခေါက်
ဂရုဏာ သက် ခြင်းကို ပုံဖော်ပီး
ခပ်ယဲ့ယဲ့ လေး ပြုံးပြခဲ့ လိုက်
မင်း ဘ၀ရဲ့ အတိတ်တွေ ငို နေလိမ့်မယ်
မင်း ဘ၀ရဲ့ အတိတ်တွေ နောင် တတွေပိုက်လို့ 
သူ တို့  ရဲ့ နွေရာသီ အစ
ကိုယ်တိုင် လုပ်ယူကြလိမ့်မယ်
သူတို့ မြင်ခဲ့ တဲ့ သုည ဟာ တစ် ဖြစ် နေ ချိန် ဆိုတော့
ညီမျှခြင်း တွေရှာ ဖို့  သူ တို့ ခရီးထွက်ကြဦးမယ်လေ
ပြောခဲ့သလို ပေါ့
အချစ်စစ် လို့ ခေါင်းစဉ် တပ်ကြ ဦးမယ်
ဒါဟာ အောင်မြင် ခြင်းတစ်ချို့ ပေါ့ ကွယ်

       နေသာ

Thursday, December 26, 2013

နတ်ဆိုးတို့ တံခါးမခေါက်ခင် အိမ်ပြန်ပါရစေ

တစ်ကယ်ပါ .။
ပန်းပျိုးသူတစ်ယောက်ရဲ့
အနုစိတ်လက်ရာကို
နားမလည်နိုင်တဲ့နင်ဟာ
ပွင့်ဖူးခြင်းများစွာနဲ့ ရည်မောနေမှာပါ
အမည်းရောင်အစက်ပေါင်းများစွာနဲ့ 
ဘ၀ကို နေ့ တိုင်း ညတိုင်း
ရှူးသွပ်ခြင်းဆီပို့ 
အချစ်တွေ အစွန်းထင်မခံသေးခင်
နောင်တတွေ တစ်ပွေ့တပိုက်နဲ့ 
အိမ်ပြန်ချိန်ဆိုတာ ပါးပါးလျလျ လှီးခံထားရတဲ့ 
သွေးစုပ်ဖုတ်ကောင်တို့ ရဲ့ညစာ...
အခါးပေါ်အခါးထပ်ရင်း
ဘ၀ဟာ ဓားတစ်လက်ရဲ့ ချွန်မျှခြင်းအောက်
သွေးပီးရင်းသွေးခံနေရတဲ့ကျောက်တုံးလို
စုတ်ပြတ်သတ်နေပါပီ.။
တစ်ကယ်ကို စုတ်ပြတ်သတ်နေခဲ့ပါပီ.။
အော် .. သူတို့  သူတို့ တွေ
ဘ၀ဆိုတာ သောက်နေကြ ရေအိုးထဲက ရေလိုမျိုး
လိုချင်ရင် အချိန် ရွေးစရာမလို
ငါမဖြည့်ဆည်းတတ်ခဲ့ဘူး.။
အတ္တကိုရှေ့ တန်းတင် ထိုးစစ်နဲ့ 
ဂိုးသွင်းဖို့ အပြိုင်ဆိုင်ကြိုးစားတဲ့ ဘ၀မိနစ်
ငါဟာ ဘောလုံးလိုလို ဂိုးပေါက်လိုလို
ကာကွယ်ဖို့ ဆိုတာ အချည်းအနှီး ဖြစ်ခဲ့ 
ကန်ချက်ကို မာန်မတက်ရဲလို့ 
တိုက်စစ်တို့ ပျော်အောင် ကိုယ့်ဂိုးကိုယ်သွင်းခဲ့ရတဲ့ ဂိုးသမားလို
အရှုံးဆိုတာဖက်ခေါင်းအုံးလိုမျက်ရည်ခံဖို့ သက်သက်
လက်ကျန် မိနစ်တို့ ကို ခေါင်းငုံခံဖို့ 
ဘ၀ဆိုတာ ကန့် လန့် ကာချခဲ့တဲ့ ပြဇတ်လို
တစ်ခမ်းတစ်နား မရှိခဲ့လှဘူး.။
ထပ်ပြောရရင်တော့
ပန်းပျိုးသူတစ်ယောက်ရဲ့
အနုစိတ်လက်ရာကို
နားမလည်နိုင်တဲ့နင်ဟာ
ပွင့်ဖူးခြင်းများစွာနဲ့ ရည်မောနေမှာပါ

Tuesday, December 17, 2013

လေလွင့်ငှက်၇ဲ့နားခို၇ာ

ချစ်သူ
ပန်းနုေ၇ာင်အချစ်ဇတ်လမ်းမှာ
မှိုင်းပြာပြာတောတောင်တွေထဲ
ငှက်မောင်နှံပျံသန်းခဲကြတယ်

ချစ်သူ
ကောင်းကင်မှာပွင့်တဲ့ပန်းကို
မြေပြင်ကနမ်းချင်သူအတွက်
အလွမ်းသင့်တဲ့တွေ့ဆုံပွဲမှာ
နှုတ်ခမ်းအဖွင့်
အဆိပ်သင့်တဲ့စကားလုံးတွေနဲ့
အပြာေ၇ာင်နှလုံးသားတစ်ခု
ပက်လက်ပျံတဲ့ငှက်လို
တကယ့်ကိုဇောက်ထိုးဖြစ်ခဲ့၇တယ်
ချစ်သူ

အလှမ်းမဝေးတဲ့ပန်းဥယဉ်မှာ
အလွမ်းပန်းလေးပွင့်နိုင်ဖ
ို့ အ၇ှုံးသမား၇ဲ့မျက်၇ည်တွေ
သွန်းလောင်းခဲ့၇တယ်

နှုတ်ဆက်ခဲပါတယ်
မမြည်နိုင်တော့တဲ့ခေါင်းလောင်းလေး၇ဲ့
သံစဉ်ချိုကျောင်းခေါ်သံကို
ကြားချင်သေးပေမယ့်
လေလွင့်ငှက်၇ဲ့နားခို၇ာမှာ
အချစ်မ၇ှိတော့ဘူး

ဆုတောင်းနေဦးမယ်
လွမ်းေ၇ာင်လွင့်တဲ့ဒီဇတ်လမ်းမှာ
သံသ၇ာတစ်ကျော့ပြန်မဆုံနိုင်ပေမယ့်
ေ၇ကိုမီးနဲ့ကစားသူသမိုင်းမှာ
ယုံကြည်လွန်အချစ်ကြောင့်
နိဂုံးချုပ်မှာ
မင်းတစ်ယောက်ပြုံးပျေိာနိုင်ပါစေလို့.......

                                                             နေသာ...............။

သစ်၇ွက်စိမ်းလေး၇ဲ့နွေဦးဒဏ္ဍ၇ီ

 

                                                     လာတုန်းကတော့  တိတ်တဆိတ်လေး..
                                                     ပျော်၇ွှင်မှု့တွေယူလာခဲ့တယ်....
                                                     မှတ်မိပါသေးတယ်..
                                                     သစ်၇ွက်စိမ်းလေးတွေအောက်မှာ
                                                     အချစ်၇ဲ့သင်္ကေတ လေးတွေ
                                                     ကျန်၇ှိနေတုန်းပဲ...

                                                     ထွက်ခါတုန်းတော့  ၀ုန်းဒိုင်းကြဲပြီး
                                                     နာကြင်ခြင်းတွေမင်းပေးခဲ့တယ်...
                                                     မှတ်မိပါသေးတယ်.......
                                                     ခြေတစ်လှမ်းအေ၇ွ့မှာ
                                                     ၇င်တစ်ခြမ်းကွဲ၇တာ
                                                     တန်တော့မတန်ပါဘူး.........

                                                     စတေးခံခဲ့၇တဲ့နှလုံးသား
                                                     ငါဆုပ်ကိုင်ထားတဲ့၇ိုးသားမှု့
                                                     ငါဆက်လျှောက်မဲ့...
                                                     ပေးဆပ်သူတို့၇ဲ့လျှာက်တဲ့လမ်း
                                                     ချစ်ခြင်း၇ဲ့မှတ်တမ်းမှာ
                                                     ဒါတွေအားလုံးဟာ
                                                     အခုငါခံစားနေ၇တာနဲ့တန်လား..
                                                     မှန်ေ၇ာမှန်၇ဲ့လား....မှတ်ပါသေးတယ်
                                                     သစိ၇ွက်စိမ်းတွေအေ၇ာင်ပြောင်းတဲ့
                                                     နွေသီး၇ဲ့မှတ်တမ်းမှာ
                                                     ၇င်နင့်စ၇ာလက်ဖ၀ါးလေး
                                                     မင်းပြခဲ့တယ်.........။

                                                                                                     နေသာ

အနိုင်မယူလိုသူ



                       ၇ွက်ကြေတွေ၇ဲ့
                       နွေဦးဒဏ္ဍ၇ီမှာ
                       ငါ့၇င်ထဲကချစ်ခြင်းတွေ
                       မှတ်တမ်းတင်ခဲ့တယ်
                       အနိုင်မယူလိုသူတစ်ယောက်တော့
                       အ၇ှုံး၇ဲ့နှိပ်စက်မှု့အောက်မှာ
                       သူ့ချစ်ခြင်းကို
                       အပြုံးနဲ့ပဲပေးဆပ်ခဲ့ပါတယ်


                      ၇ွက်တွေဝေတဲ့
                      မိုးဦးဒဏ္ဍ၇ီမှာ
                      ငါ့မျက်ဝန်းကမျက်၇ည်တွေ
                      မြေပြင်ဆီခစားဝင်ခဲ့တယ်
                      အနိုင်မယူသူတစ်ယောက်တော့
                      ကြင်နာခြင်းကိုေ၇ာင်ပြန်ဟပ်တဲ့
                      နာကြင်ခြင်းကို
                      အ၇ှုးနဲ့ပဲပေးဆပ်ခဲ့ပါတယ်


                     နှင်းငွေ့လွမ်းတဲ့
                     ဆောင်း၇ဲ့ဒဏ္ဍ၇ီမှာ
                     ငါ့၇င်ထဲကအလွမ်းတွေ
                     မှတ်တမ်းဝင်ခဲ့တယ်
                     အနိုင်မယူသူတစ်ယောက်တော့
                     သူ့နှလုံးသားကို
                     စကားကြွယ်တဲ့သေမင်းတမန်၇ဲ့လက်ထဲ
                     ပုံအပ်ခဲ့ပါတယ်

                      နေသာ

ဘီလူးကတဲ့ပြဇတ်

ငါတို့နှစ်ယောက်ဟာ
ဘယ်သူတွေဘယ်လိုမှားခဲ့မှားခဲ့
ဘယ်သူတွေဘယ်လိုဆုံးဖြတ်ခဲ့ဖြတ်ခဲ့
မဆုံနိုင်တော့တဲ့လမ်းဆုံမှာ
တောင်နဲ့ မြောက်လျှောက်ခဲ့ကြပြီပဲ
ငါတောင့်တခဲ့တဲ့နှစ်ယောက်ကမ္ဘာ
ခေါင်းလောင်းသံပျောက်ခဲ့ပြီ.........။
ကြည်နူးစွာတွဲတဲ့လက်တွေလဲ
ပြိုင်တူဖြုတ်ခဲ့ကြပြီပဲ.............။
အကောင်းပကတိဖြစ်အောင်
ကြုံလာမယ့်ငါတို့ကက္ကြမာကို
ခြယ်လှယ်ခွင့်၇ခဲ့တဲ့
နင့်၇ဲ့အောင်မြင်မှု့ကို
ငါ၇င်ကွဲခံပြီး
အရှုးပေးခဲ့ပါတယ်
ပြန်ဆုံဖို့ဆိုတာနောင်ဘ၀တောင်မဖြစ်နိုင်တော့ဘူး
ငါကလဲ
လက်ပြပြီး၇င်
သမင်လိုလည်ပြန်ကြည့်တတ်တဲ့ကောင်မှမဟုတ်တာ
စိတ်ကုးယဉ်ဆန်တဲ့ပြဇတ်ကိုမှ
မင်းကဘီလူးမနေ၇ာကကခဲ့တာပဲ
ခုတော့
သုတ်ပေးသူမ၇ှိတဲ့မျက်၇ည်နဲ့
မင်းပါးပြင်စိုနေပြီပေါ့...........။
ချော့မော့သူမ၇ှိတဲ့၇ှိုက်သံနဲ့
မင်း၇င်မှာတုန်ခါနေပြီပေါ့လေ..။
ဘယ်တတ်နိုင်မလဲ
ဒါဟာမင်းကိုယ်တိုင်ေ၇ွးချယ်ခဲ့တာပါ
                                                                             နေသာ

သီချင်းကဗျာ

မောင့်လပြည့်ဝန်းလေး၇ယ်
လမသာနိုင်တဲ့ညတွေမှာ
၇ည်၇ွယ်သူသို့တမ်းတပြီး
လွမ်းတေးတစ်ပုဒ်ကိုသီဆိုခဲ့ဘူးတယ်
လွမ်းေ၇ာင်လွင့်တဲ့ဒီဇတ်လမ်းမှာ
၇င်နင့်ဖွယ်၇ာတေးညတစ်ည၇ဲ့
အလွမ်းသင့်ပန်ချီကားတစ်ချပ်ကို
အကြီမ်ကြီမ်ေ၇းဆွဲခဲ့ဘူးတယ်
တောင်းပန်ပါတယ်
ငါဟာ၇ုပ်သေး၇ုပ်မဟုတ်ခဲ့လို့
ကြိုးဆွဲ၇ာမကနိုင်ခဲ့ပါဘူး
ငါတို့ ချစ်ခြင်း၇ဲ့နောက်ဆုံးစာမျက်နှာကို
ဒီလမ်းမကြီး၇ဲ့ဘေးမှာပဲ
အလွမ်းပြေအနမ်းတစ်ခုနဲ့ 
မြေမြုပ်သဂ္ဂြိုလ်၇င်း
မဝေး၇ပါစေနဲ့လို့
ဆုတောင်းခဲ့ဘူးတယ်မိငယ်...............။
                                                                  နေသာ

ကြယ်ကြွေကောင်းကင်တစ်ခုရဲ့လမိုက်ညတေးသံစဉ်




မေးပါရစေ.......
ရေအတွက်ငါးမလိုခဲ့တာလား
သတိတရရှိခဲ့တဲ့
ငါတို့ရဲ့ကုန်လွန်ခဲ့တဲ့နေရက်တွေ
အခု...နံရံပေါ်ကပြက္ခဒိန်
ငါ့ကိုလှောင်ရယ်နေပြီ...
ပျံပါငှက်ငယ်......
ရေအတွက်ငါးမလိုပေမယ့်
ငါးအတွက်ရေဆိုတာ သူ့ဘ၀ပါ..
ဒါပေမယ့်....ပြန်ပါ
တစ်ဦးချင်းစီရဲ့ လမ်း နှစ်ခုဖြစ်နေတော့လဲ..
ဖြတ်လျှောက်ဖို့မဖြစ်နိုင်ဘူးပဲ..ဒီတော့
မင်းရဲ့အတောင်ပံကိုပဲလေဟုန်ခတ်လိုက်ပါ.....
သွားပါ..လိုရာကိုသွားပါ
မြတ်နိုးခဲ့သူရဲ့နိုးတစ်ဝက်အိမ်မက်မှာ
အမှောင်ထုတို့ သာကြီးစိုးထားတယ်..
ထွက်ခွာမယ့်သူရဲ့ပြီးဆုံးလုလုနေ၀င်ချိန်မှာ
ငါ့နှုတ်ဖျားကခွင့်ပြုခဲ့တယ်..
သွားပါတော့.....ဆိုတဲ့စကား..
တကယ်တမ်းရင်မနာသလိုလို
ပြောခဲ့ရုံကလွဲလို့ 
ရှုံးနိမ့်သူရဲ့နှလုံးသားကို
စကားကြွယ်တဲ့သေမင်းတမန်လက်ထဲ..
ပုံအပ်ခဲ့ရတယ်.....
အဲ့ဒီနေ့   အဲ့ဒီည...
မိုးမချုပ်ခင်..ရင်ထဲကလင်းကြယ်စင်
ကြွေကျခဲ့တယ်...
ပြီးခဲ့ပါပြီ......
အိပ်တန်းဝင်မဲ့ငှက်တစ်ကောင်ကတော့
ပြဒါးနဲ့သံဆိုတဲ့စွတ်စွဲချက်အောက်မှာ
တောင်ပန်ကျိုးနေတဲ့သူ့နှလုံးသား
သူကိုယ်တိုင်ဈာပနာချခဲ့ရတယ်......
                                                          နေသာ....

ကြယ်ကြွေကကြိုး




ကုက္ကိုလ်ကိုင်း ကြိုးကြာ ကူး
ကောင်းကင် ကို ကြိုးကြာ ကြည့်
ကောင်းကင်ကျယ် ကြိုကြိုကြား
ကြယ်ကကြိုး ကျော်ကြား..။

ကောင်းကင်ကြား ကြယ်က က
ကြိုးကြာ ကြည့် ကြယ်ကကြိုး
ကံကုန်ကြယ် ကြွေကာကျ
ကြည့် ကြိုးကြာ ကြေကွဲ..။

ကြွေကျကြယ် ကျောက်ကြိုကြား
ကျိုးကျိုးကြေ ကျကာကွဲ
ကြယ်ကြွေကောက် ကူကြိုးကြာ
ကယ်ကြောင်းကြံ ကွဲကြေ..။

ကြွေကြိုးကြာ ကြယ်ကျိုးကောက်
ကောင်းကင် ကို ကြေကွဲကြည့်
ကောင်းကင်ကြီး ကကြိုးကင်း
ကြယ် ကြွေ က ကြိုး.. ကြိုး ကြာ ကြေ ကွဲ..။

Sunday, December 15, 2013

အချစ်ဆုတောင်း

ချစ်သူရယ်....
လက်ဆင့် မကမ်းချင်ပေမယ့်
ထွက်ဖွာဖို့တာစူနေပီလား...
ပွင့်ချိန်မှာပွင့်ခဲ့ပေမယ့်
အနားသတ်မညီခဲ့တဲ့
ဇတ်ဆရာ စုတ်ထိုးသံတစ်ချက် တစ်ချက်တိုင်း
နင့်ကို နာကျင်စေခဲ့ပီလား...

ချစ်သူရယ် ...
ဘ၀ဆိုတာ ငါတို့အိပ်နေကြ အိပ်ယာပေါ်က
မက်နေကြအိမ်မက်မဟုတ်ပါဘူး
ကံကိုအံတုလို့မရပေမယ့်
ဒဏ်တွေကို အံတုပီး ငါဆို့ထွန်ယှက်ခဲ့တာတွေ
နွေရာသီချိန်မတန်သေးပါဘူး..
တံစဉ်းတစ်လက်ချိတ်လို့
နင်ကောင်ရိတ်သိမ်းတဲ့ချိန်
စောလွန်းခဲ့ပါတယ်......
ချစ်သူရယ် တစ်ကယ်တမ်းနွေရောက်ခဲ့တော့
လေတိုက်တိုင်းကြွေ တဲ့ သစ်ရွက်အိုတွေသာ
ငါ့ကို မိတ်ဆွေဖွဲ့ခဲ့တယ်...
ငါ့မျက်နှာကို သူတို့တွေ ပွတ်သပ်တိုင်း..
ထီမထင်အပြုံးတစ်ပွေ့တပိုက်နဲ့
ငါ့ကိုသွေဖယ်သူ နင့်ကိုသတ်ရခဲ့တယ်..
ချစ်သူရယ်...
အဖော်တွေ စုပီး ၀င်လာခဲ့တဲ့
အဆင်မပြောခြင်းများကြးမှာ
နဂိုထဲက မဟတ်တဲ့နှလုံးသားတစ်ခု
ဖရီုဖရဲဖြစ်ခဲ့ရပီပေါ့..
ဘာကိုပြစ်ရှာ ပုံရမှာလည်း
တရာခံအရင်းဟာ ဘယ်သူလဲဆိုပီး
ဝေခွဲမရခြင်းများစွာထဲမှာ
ဝမ်းနည်းရုံ ဘာမှမတတ်နိုင်ခဲ့ဘူး
ဒါပေမယ်...
အိမ်မက် ဆန်ဆန်လမ်းလျှောက်လာခဲ့တဲ့
ငါတို့ခြေလှမ်းတွေကိုစဉ်းစားတိုင်း
စက်ရှုပ်ဆန်ဆန်နှုတ်ဆက်ခဲ့တဲ့
ငါ့အပြုအမှုတွေကပဲ အေးစက်ခဲ့တာလား
ချစ်သူရယ်...
တစ်ကယ်တော့ နွေးထွေးခွင့်တွေတောင်းဆိုခဲ့တာပါ
ခုလို...လက်ပြကျန်ရစ်ခဲ့သူအတွက်
ဘယ်သူတွေ အဖော်ပြုခဲ့ကြလဲ..
မရှိခဲ့ပါဘူး...
ငါတောင်ငါ့ဘ၀ထဲမှာ တစ်ဝက်ပဲရှိတာပါ..
ချစ်သူရယ်....နင်ချခဲ့တဲ့ ကန့်လန့်ကာနောက်က
လွမ်းလွန်လွန်းတဲ့ လေလွင့်လူတစ်ယောက်
အသက်ငက်နေတဲ့ သူ့ရဲ့အဖော်မဲ့ညတွေကို
အသံမကောင်းတဲ့ဂစ်တာထမ်းလို့
အသက်သွင်းနေလေရဲ့
ချစ်သူရယ်
ရသရှားတဲ့ဝမ်းနည်းမှတ်တမ်းမှာ..
ပထမ...
ငါတို့နှစ်ယောက်အတွက်ဝမ်းနည်းမိတယ်...
ဒုတိယ...
ကျောခိုင်းထွက်ခွာသူ နင့် အတွက်ဝမ်းနည်းမိတယ်...
နောက်ဆုံး တတိယ....
လမိုက်ညပါဆိုနေမှ
မထွက်မဲ့ လရောင်လေးကို မျော်နေတဲ့
ငါ့ကိုယ် ငါဝမ်းနည်း မိတယ်...

ဖြေမဆည်နိုင်တဲ့ကြယ်ကြွေညများနှင့်လေလွင့်လူတစ်ယောက်ရဲ့စာမျက်နှာ -5 (နေသာ)

တွန်သံချိုတေးသီငှက်တစ်ကောင်အတွက်
မနက်ဖြန်တွေကိုပြုံးနိုင်ဖို့
ဒီနေ့ဟာရှိုက်ငိုစရာဖြစ်ခဲ့ပီ..
အေးပေါ့လေ......
ဘယ်တတ်နိုင်မှာလဲ...
ယက္ခ ဂုမ္မာန် စောင့်ကြပ်တဲ့
နွယ်တစ်ပင်ရစ်ပတ်ခဲ့တဲ့ငါ
အနေအထားမလှခဲ့ပါဘူး
အတုအယောင်တွေနဲ့ဖံဆင်းခံ ဒီကမ္ဘာမှာ
လူဖြစ်ခဲ့ကြရတဲ့ ငါတို့အတွက်
လမ်းတစ်ဆစ်ချိုးကံကြမ္မာလေထန်ချိန်
ဓားသွားတွေ အောက်မှောက်နေရပီပေါ့
ဒီလိုနဲ့.....
ရှေ့ဆက်ရမဲ့ နေ့တွေ
ရှေ့ဆက်ရမယ့်ညတွေ..
အတုအယောင်ဆိုတာတွေကို ဥပေက္ခာပြု
ယုန်သူငယ်ရဲ့လျှင်မြန်ခြင်းနဲ့အတူ
ပန်းတိုင်ကိုအမောဖောက်မရောက်ဖို့
ဓားသွားတွေကြားမှာ ငါကရဦးမယ် ငှက်ငယ်...။
ဘယ်သူ့အတွက်လဲ....
လူတော် တစ်ယောက်ရဲ့
ခပ်ညံညံ တန်ဖိုးဖြတ်မှု့အောက်
အကြည့်တစ်ချက်တစ်ချက်တိုင်း
တစ်စက်တစ်စက် ကျခဲ့ရတဲ့
တေးသီငှက်တစ်ကောင်ရဲ့
ကြိုးတုပ်ခံတောင်ပံတို့
အပြိုင်းအရိုင်း လေဟုတ်ခတ် သံဟာ
ငါ့ရင်ကို ဂယက် ထစေခဲ့ပီ...
ဒေ၀ဒတ်ကိုဆွမ်းကပ်ဖို့ကြံစည်ထားတဲ့
ဘီလူးဆိုင်းတီးချင်သူတို့ရဲ့ ဇာတ်စင်ပေါ်မှာ
လွမ်းတေးတွေ ဆို မပြတော့ဘူး.....
နောက်ဆုံးရဲ့ လင်း အာရုံ ကို ရောက်ဖို့
ဘယ်နှစ်ရက်မှန်း မသိတဲ့ အမှောင်ညတွေကို
ဖြတ်သန်းရဦးမယ်....
ငှက်ငယ်......
ပျော်သလိုနေရမဲ့အချိန်မှာ..
နေသာ သလို သာ နေလိုက်ပါ
နောင် လျှောက်ရ မဲ့ နေ့တွေအတွက်
လျှောက်ခဲ့သမျှ အဖြစ်တွေကို
ခေတ္တ ခဏ တောင်ပံ ခတ် လိုက်ပါ...

Tuesday, November 5, 2013

ဖြေမဆည်နိုင်တဲ့ကြယ်ကြွေညများနှင့်လေလွင့်လူတစ်ယောက်ရဲ့စာမျက်နာ 6 (နေသာ)


ဒိုင်ယာရီတစ်ပုဒ်...
ဒါဟာ... တစ်ဆစ်ဆစ်နာကျင် တစ်စက်စက်ကျခဲ့ရတဲ့
ဒိုင်ယာရီတစ်ပုဒ်ပေါ့ကွယ်...။

အော်  ငှက်ငယ်...နင်ဟာ
ခဏခဏမာန်ဖီပြနေတဲ့ပင်လယ်ထဲက
အငွေ့ပျံလွယ်ကြောင်းတစ်ချို့ကို
နားမလည်နိုင်သေးပါလားကွယ်...။
နင်တောင်ပံခတတိုင်းခတ်တိုင်း
လွင့်စင်ခဲ့တဲ့စူးတစ်ချို့
ဒီနှလုံးသား ဒီမျော်လင့်ချက်
နိဂုံးချုပ်ငြိမ်းစေခဲ့ပါပီ...။

ငှက်ငယ်ရယ်...။
အရာရာမှာ နင့်အတွက်နင့်ဘက်ဆိုပီး
မြှားဦးရဲ့လားရာကို ဂရုထားရလွန်းတော့
လေးညှို့အတွက် အားလျော့ခဲ့ရတယ်.။

ငှက်ငယ်ရယ်...
ဒီနွေဟာ အရောက်နောက်ကျသလောက်
လောင်မြိုက်လွယ်လွန်းခဲ့တယ်..။
နင်ပြောဘူးတဲ့ အိပ်ရာဝင်ပုံပြင်တွေကို မကြာမကြာသတိရဘူးပါရဲ့
နင်ဆိုဘူးတဲ့နားဝင်ချိုတေးတွေလဲ သတိရခဲ့ဘူးပါရဲ့
ဒါပေမယ့်လည်း...
ဘ၀မှာ မတည်တကျမရှိခဲ့တဲ့ လေဆန်နဲ့တောင်ပံ
အစီစဉ်တကျဖြစ်တည်ခဲ့တဲ့ ကန့်လန့်ဖြတ်ဆုံမှတ်ပေါ်
နေသားမကျခဲ့တဲ မျော်လင့်ချက်တစ်ချို့ကတော့
အသက်ဝင်စွာသေဆုံးသွားခဲ့ပါပီ...။

ငှက်ငယ်ရယ်..။
ထင်သေလောက်မပေါက်ခဲ့တဲ့ မျော်လင့်ချက်ခရီးအောက်
တန်ကြေားမဲ့တန်ဖိုးဖြတ်မှု့တွေအောက်
ချော်လဲရင်းပြန်ထ ပြန်ထရင်း ချော်လဲ
မညီမျှခြင်းတစ်ချို့တွေထဲက ညီမျှခြင်းဆိုတာ ကို
အဓိပ္ပယ်ရှာနေခဲ့ရတယ် ...။
အတိတ်ကိုပြန်ငဲ့ကြည့်တော့လည်း
ခြောက်သွေ့ခဲ့တဲ့နွေရာသီတွေနဲ့ 
အိမ်မက်ဟောင်းတွေထဲမှာ
ချိုမိန်ခြင်းဆိုတာကို ဘယ်မှာ ရှိခဲ့လဲကွယ်..။

ငှက်ငယ်ရယ်...။
တစ်နေ့တစ်လန် ပုဂံဘယ်ပြေးမလဲဆိုပီး
မျိုမျိုချခဲ့ရတဲ့ တံတွေးတွေ
မျက်ရည် အဖြစ်သံ သရာ လည်ခဲ့ရတယ်.။
အလိုရမ္မက်အတွက်နဲ့ 
ဘ၀ကို တစ်လက်လက်စိုတဲ့ ချွေးတွေဟာ
နင့်ကို ချော့သိပ်ဖို့ ကြ မစွမ်းနိုင်ခဲ့ဘူး
သမင်မွေးရင်း ကျားစားရင်းမို့ 
မျိုသိပ်ခြင်းတစ်ချို့ က  မခို့တရို့ရီတယ်
ဘာဖြစ်လဲငှက်ငယ်...
နင့်ရှေ့မှာ မငိုပြဖို့  ဆိုတာ
နင့်  အပြုံးတွေ ချို မိန်နေခဲ့တာပဲ...ကွယ်။

ငှက်ငယ်ရယ် ...
ပျော်စရာဆို နှစ်ယောက်လက်တွဲ
နာ  စရာတော့ ကိုယ့်တစ်ယောက်တည်းရှိစေတော့ဆိုပီး
ထက်ရှမှု့  ကို တ သသ သွေး
အမေ့ခံဘ၀နဲ့ ရင်ဘတ်ဟာ
လားရာမရှိ ဗလာနထ္ထိနဲ့ 
သစ္စာမရှိခဲ့သူပေါ့..။
အင်းပေါ့ ငှက်ငယ်...
လေဆန်ကိုသန်နိုင်တုန်းတော့ ..
နင့်အတွက် ငါဆိုတာ အဓိပ္ပယ် ဖွင့်လို့  မရသေးပါဘူး.။

မှတ်မှတ်ရရပါပဲ...။
အသွေးသားထဲကို စိမ့်ဝင်ခံလိုက်ရတဲ့
ခါးသည်းမှု့တစ်ချို့ကတော့
မာန ရောင်ခပ်ပါးပါးနဲ့ပဲ
ကန့်  လန့်  ကာ ချခိုင်းထားရတယ်.။
ဘ၀ဆိုတာ ပြပြလေးတောင် မမြင်သေးတဲ့ နင့်အတွက်
လေဆန်ကို သန်နိုင်သေးတဲ့ နင့်အတွက်
ငါပြတဲ့လမ်းဟာ ..
အကွေ့  အကောက်များ တယ်...။
ငါပြောတဲ့ စကားဟာ..
ပုံကြီးချဲ့ရာ ရောက်တယ်...။
ငါရေးတဲ့ကဗျာ ..
ဖတ်ရတာ တစ်ခါတစ်ခါ ထောက် တယ်...။

ငှက်ငယ်ရယ်...နောက်ဆုံးတော့
သုည ဆိုတာ ကို ဂုဏ်တင်ဖို့အတွက်နဲ့ 
အိမ်မက်တွေကို ညတာမရှည်စေချင်တော့ဘူး
အတိတ်တွေကို သပိတ်မှောက်ဖို့ 
အနာဂတ်တို့ရဲ့ ပစ္စပ္ပုန်နေ့ရက်တွေမှာ
အာရုဏ်မတက်ခင်နိုးထရဦးမယ်...။
အဖြစ်ဟောင်းရဲ့ ဘယ်နေရာ သွားသွား
ပြုံးပန်းမရခဲ့တဲ့ နှလုံးသား သနားမိပေမယ့်
စွယ်တော် ပင် စွယ်တော်ရွက်ဆိုတာကို
ခေတ္တခဏ မေ့ထားရင်းနဲ့ ပဲ
ငါ့ မာန တို့ ပျက်သုဉ်းချိန် အကြောင်းဟာ
ပုံပြင်တစ်ပုဒ် မဟုတ်ဘူးဆိုတာကို
နားရင်းပျံရင်း ပျံရင်းနားရင်း
နင်သိပါစေတော့...ကွယ်...။

ထပ်ပြောရရင်တော့
ဒိုင်ယာရီတစ်ပုဒ်
ဒါဟာ... တစ်ဆစ်ဆစ်နာကျင် တစ်စက်စက် ကျခဲ့ရတဲ့
ဒိုင်ယာရီတစ်ပုဒ်ပေါ့ကွယ်.။  
   
    ကျေးဇူးတင်ပါတယ် .။ ကျွန်တော်ရေးတဲ့ ကဗျာတွေကို ဆက်လက်ဖတ်ချင်တယ်ဆိုရင်
ဒါမှ မဟုတ် ဖြေမဆည်နိုင်တဲ့ကြယ်ကြွေညများနှင့်လေလွင့်လူတစ်ယောက်ရဲ့စာမျက်နာ  အစ အဆုံးကို ဖတ်ရှု့ချင်တယ်ဆိုရင် အောက်က လင်ခ့်မှာ ၀င်ဖတ်လိုက်ပါခင်ဗျာ .။ ကျေးဇူးနော် .။
                                    ဒီလင်ခ့်မှာဝင်မယ်

 
Penanggung Jawab Miftah Budi Kurniawan | Supported by Cheat Game 4U