ဒိုင်ယာရီတစ်ပုဒ်...
ဒါဟာ... တစ်ဆစ်ဆစ်နာကျင် တစ်စက်စက်ကျခဲ့ရတဲ့
ဒိုင်ယာရီတစ်ပုဒ်ပေါ့ကွယ်...။
အော် ငှက်ငယ်...နင်ဟာ
ခဏခဏမာန်ဖီပြနေတဲ့ပင်လယ်ထဲက
အငွေ့ပျံလွယ်ကြောင်းတစ်ချို့ကို
နားမလည်နိုင်သေးပါလားကွယ်...။
နင်တောင်ပံခတတိုင်းခတ်တိုင်း
လွင့်စင်ခဲ့တဲ့စူးတစ်ချို့
ဒီနှလုံးသား ဒီမျော်လင့်ချက်
နိဂုံးချုပ်ငြိမ်းစေခဲ့ပါပီ...။
ငှက်ငယ်ရယ်...။
အရာရာမှာ နင့်အတွက်နင့်ဘက်ဆိုပီး
မြှားဦးရဲ့လားရာကို ဂရုထားရလွန်းတော့
လေးညှို့အတွက် အားလျော့ခဲ့ရတယ်.။
ငှက်ငယ်ရယ်...
ဒီနွေဟာ အရောက်နောက်ကျသလောက်
လောင်မြိုက်လွယ်လွန်းခဲ့တယ်..။
နင်ပြောဘူးတဲ့ အိပ်ရာဝင်ပုံပြင်တွေကို မကြာမကြာသတိရဘူးပါရဲ့
နင်ဆိုဘူးတဲ့နားဝင်ချိုတေးတွေလဲ သတိရခဲ့ဘူးပါရဲ့
ဒါပေမယ့်လည်း...
ဘ၀မှာ မတည်တကျမရှိခဲ့တဲ့ လေဆန်နဲ့တောင်ပံ
အစီစဉ်တကျဖြစ်တည်ခဲ့တဲ့ ကန့်လန့်ဖြတ်ဆုံမှတ်ပေါ်
နေသားမကျခဲ့တဲ မျော်လင့်ချက်တစ်ချို့ကတော့
အသက်ဝင်စွာသေဆုံးသွားခဲ့ပါပီ...။
ငှက်ငယ်ရယ်..။
ထင်သေလောက်မပေါက်ခဲ့တဲ့ မျော်လင့်ချက်ခရီးအောက်
တန်ကြေားမဲ့တန်ဖိုးဖြတ်မှု့တွေအောက်
ချော်လဲရင်းပြန်ထ ပြန်ထရင်း ချော်လဲ
မညီမျှခြင်းတစ်ချို့တွေထဲက ညီမျှခြင်းဆိုတာ ကို
အဓိပ္ပယ်ရှာနေခဲ့ရတယ် ...။
အတိတ်ကိုပြန်ငဲ့ကြည့်တော့လည်း
ခြောက်သွေ့ခဲ့တဲ့နွေရာသီတွေနဲ့ 
အိမ်မက်ဟောင်းတွေထဲမှာ
ချိုမိန်ခြင်းဆိုတာကို ဘယ်မှာ ရှိခဲ့လဲကွယ်..။
ငှက်ငယ်ရယ်...။
တစ်နေ့တစ်လန် ပုဂံဘယ်ပြေးမလဲဆိုပီး
မျိုမျိုချခဲ့ရတဲ့ တံတွေးတွေ
မျက်ရည် အဖြစ်သံ သရာ လည်ခဲ့ရတယ်.။
အလိုရမ္မက်အတွက်နဲ့ 
ဘ၀ကို တစ်လက်လက်စိုတဲ့ ချွေးတွေဟာ
နင့်ကို ချော့သိပ်ဖို့ ကြ မစွမ်းနိုင်ခဲ့ဘူး
သမင်မွေးရင်း ကျားစားရင်းမို့ 
မျိုသိပ်ခြင်းတစ်ချို့ က မခို့တရို့ရီတယ်
ဘာဖြစ်လဲငှက်ငယ်...
နင့်ရှေ့မှာ မငိုပြဖို့  ဆိုတာ
နင့်  အပြုံးတွေ ချို မိန်နေခဲ့တာပဲ...ကွယ်။
ငှက်ငယ်ရယ် ...
ပျော်စရာဆို နှစ်ယောက်လက်တွဲ
နာ စရာတော့ ကိုယ့်တစ်ယောက်တည်းရှိစေတော့ဆိုပီး
ထက်ရှမှု့  ကို တ သသ သွေး
အမေ့ခံဘ၀နဲ့ ရင်ဘတ်ဟာ
လားရာမရှိ ဗလာနထ္ထိနဲ့ 
သစ္စာမရှိခဲ့သူပေါ့..။
အင်းပေါ့ ငှက်ငယ်...
လေဆန်ကိုသန်နိုင်တုန်းတော့ ..
နင့်အတွက် ငါဆိုတာ အဓိပ္ပယ် ဖွင့်လို့  မရသေးပါဘူး.။
မှတ်မှတ်ရရပါပဲ...။
အသွေးသားထဲကို စိမ့်ဝင်ခံလိုက်ရတဲ့
ခါးသည်းမှု့တစ်ချို့ကတော့
မာန ရောင်ခပ်ပါးပါးနဲ့ပဲ
ကန့်  လန့်  ကာ ချခိုင်းထားရတယ်.။
ဘ၀ဆိုတာ ပြပြလေးတောင် မမြင်သေးတဲ့ နင့်အတွက်
လေဆန်ကို သန်နိုင်သေးတဲ့ နင့်အတွက်
ငါပြတဲ့လမ်းဟာ ..
အကွေ့  အကောက်များ တယ်...။
ငါပြောတဲ့ စကားဟာ..
ပုံကြီးချဲ့ရာ ရောက်တယ်...။
ငါရေးတဲ့ကဗျာ ..
ဖတ်ရတာ တစ်ခါတစ်ခါ ထောက် တယ်...။
ငှက်ငယ်ရယ်...နောက်ဆုံးတော့
သုည ဆိုတာ ကို ဂုဏ်တင်ဖို့အတွက်နဲ့ 
အိမ်မက်တွေကို ညတာမရှည်စေချင်တော့ဘူး
အတိတ်တွေကို သပိတ်မှောက်ဖို့ 
အနာဂတ်တို့ရဲ့ ပစ္စပ္ပုန်နေ့ရက်တွေမှာ
အာရုဏ်မတက်ခင်နိုးထရဦးမယ်...။
အဖြစ်ဟောင်းရဲ့ ဘယ်နေရာ သွားသွား
ပြုံးပန်းမရခဲ့တဲ့ နှလုံးသား သနားမိပေမယ့်
စွယ်တော် ပင် စွယ်တော်ရွက်ဆိုတာကို
ခေတ္တခဏ မေ့ထားရင်းနဲ့ ပဲ
ငါ့ မာန တို့ ပျက်သုဉ်းချိန် အကြောင်းဟာ
ပုံပြင်တစ်ပုဒ် မဟုတ်ဘူးဆိုတာကို
နားရင်းပျံရင်း ပျံရင်းနားရင်း
နင်သိပါစေတော့...ကွယ်...။
ထပ်ပြောရရင်တော့
ဒိုင်ယာရီတစ်ပုဒ်
ဒါဟာ... တစ်ဆစ်ဆစ်နာကျင် တစ်စက်စက် ကျခဲ့ရတဲ့
ဒိုင်ယာရီတစ်ပုဒ်ပေါ့ကွယ်.။
ဒါဟာ... တစ်ဆစ်ဆစ်နာကျင် တစ်စက်စက်ကျခဲ့ရတဲ့
ဒိုင်ယာရီတစ်ပုဒ်ပေါ့ကွယ်...။
အော် ငှက်ငယ်...နင်ဟာ
ခဏခဏမာန်ဖီပြနေတဲ့ပင်လယ်ထဲက
အငွေ့ပျံလွယ်ကြောင်းတစ်ချို့ကို
နားမလည်နိုင်သေးပါလားကွယ်...။
နင်တောင်ပံခတတိုင်းခတ်တိုင်း
လွင့်စင်ခဲ့တဲ့စူးတစ်ချို့
ဒီနှလုံးသား ဒီမျော်လင့်ချက်
နိဂုံးချုပ်ငြိမ်းစေခဲ့ပါပီ...။
ငှက်ငယ်ရယ်...။
အရာရာမှာ နင့်အတွက်နင့်ဘက်ဆိုပီး
မြှားဦးရဲ့လားရာကို ဂရုထားရလွန်းတော့
လေးညှို့အတွက် အားလျော့ခဲ့ရတယ်.။
ငှက်ငယ်ရယ်...
ဒီနွေဟာ အရောက်နောက်ကျသလောက်
လောင်မြိုက်လွယ်လွန်းခဲ့တယ်..။
နင်ပြောဘူးတဲ့ အိပ်ရာဝင်ပုံပြင်တွေကို မကြာမကြာသတိရဘူးပါရဲ့
နင်ဆိုဘူးတဲ့နားဝင်ချိုတေးတွေလဲ သတိရခဲ့ဘူးပါရဲ့
ဒါပေမယ့်လည်း...
ဘ၀မှာ မတည်တကျမရှိခဲ့တဲ့ လေဆန်နဲ့တောင်ပံ
အစီစဉ်တကျဖြစ်တည်ခဲ့တဲ့ ကန့်လန့်ဖြတ်ဆုံမှတ်ပေါ်
နေသားမကျခဲ့တဲ မျော်လင့်ချက်တစ်ချို့ကတော့
အသက်ဝင်စွာသေဆုံးသွားခဲ့ပါပီ...။
ငှက်ငယ်ရယ်..။
ထင်သေလောက်မပေါက်ခဲ့တဲ့ မျော်လင့်ချက်ခရီးအောက်
တန်ကြေားမဲ့တန်ဖိုးဖြတ်မှု့တွေအောက်
ချော်လဲရင်းပြန်ထ ပြန်ထရင်း ချော်လဲ
မညီမျှခြင်းတစ်ချို့တွေထဲက ညီမျှခြင်းဆိုတာ ကို
အဓိပ္ပယ်ရှာနေခဲ့ရတယ် ...။
အတိတ်ကိုပြန်ငဲ့ကြည့်တော့လည်း
ခြောက်သွေ့ခဲ့တဲ့နွေရာသီတွေနဲ့ 
အိမ်မက်ဟောင်းတွေထဲမှာ
ချိုမိန်ခြင်းဆိုတာကို ဘယ်မှာ ရှိခဲ့လဲကွယ်..။
ငှက်ငယ်ရယ်...။
တစ်နေ့တစ်လန် ပုဂံဘယ်ပြေးမလဲဆိုပီး
မျိုမျိုချခဲ့ရတဲ့ တံတွေးတွေ
မျက်ရည် အဖြစ်သံ သရာ လည်ခဲ့ရတယ်.။
အလိုရမ္မက်အတွက်နဲ့ 
ဘ၀ကို တစ်လက်လက်စိုတဲ့ ချွေးတွေဟာ
နင့်ကို ချော့သိပ်ဖို့ ကြ မစွမ်းနိုင်ခဲ့ဘူး
သမင်မွေးရင်း ကျားစားရင်းမို့ 
မျိုသိပ်ခြင်းတစ်ချို့ က မခို့တရို့ရီတယ်
ဘာဖြစ်လဲငှက်ငယ်...
နင့်ရှေ့မှာ မငိုပြဖို့  ဆိုတာ
နင့်  အပြုံးတွေ ချို မိန်နေခဲ့တာပဲ...ကွယ်။
ငှက်ငယ်ရယ် ...
ပျော်စရာဆို နှစ်ယောက်လက်တွဲ
နာ စရာတော့ ကိုယ့်တစ်ယောက်တည်းရှိစေတော့ဆိုပီး
ထက်ရှမှု့  ကို တ သသ သွေး
အမေ့ခံဘ၀နဲ့ ရင်ဘတ်ဟာ
လားရာမရှိ ဗလာနထ္ထိနဲ့ 
သစ္စာမရှိခဲ့သူပေါ့..။
အင်းပေါ့ ငှက်ငယ်...
လေဆန်ကိုသန်နိုင်တုန်းတော့ ..
နင့်အတွက် ငါဆိုတာ အဓိပ္ပယ် ဖွင့်လို့  မရသေးပါဘူး.။
မှတ်မှတ်ရရပါပဲ...။
အသွေးသားထဲကို စိမ့်ဝင်ခံလိုက်ရတဲ့
ခါးသည်းမှု့တစ်ချို့ကတော့
မာန ရောင်ခပ်ပါးပါးနဲ့ပဲ
ကန့်  လန့်  ကာ ချခိုင်းထားရတယ်.။
ဘ၀ဆိုတာ ပြပြလေးတောင် မမြင်သေးတဲ့ နင့်အတွက်
လေဆန်ကို သန်နိုင်သေးတဲ့ နင့်အတွက်
ငါပြတဲ့လမ်းဟာ ..
အကွေ့  အကောက်များ တယ်...။
ငါပြောတဲ့ စကားဟာ..
ပုံကြီးချဲ့ရာ ရောက်တယ်...။
ငါရေးတဲ့ကဗျာ ..
ဖတ်ရတာ တစ်ခါတစ်ခါ ထောက် တယ်...။
ငှက်ငယ်ရယ်...နောက်ဆုံးတော့
သုည ဆိုတာ ကို ဂုဏ်တင်ဖို့အတွက်နဲ့ 
အိမ်မက်တွေကို ညတာမရှည်စေချင်တော့ဘူး
အတိတ်တွေကို သပိတ်မှောက်ဖို့ 
အနာဂတ်တို့ရဲ့ ပစ္စပ္ပုန်နေ့ရက်တွေမှာ
အာရုဏ်မတက်ခင်နိုးထရဦးမယ်...။
အဖြစ်ဟောင်းရဲ့ ဘယ်နေရာ သွားသွား
ပြုံးပန်းမရခဲ့တဲ့ နှလုံးသား သနားမိပေမယ့်
စွယ်တော် ပင် စွယ်တော်ရွက်ဆိုတာကို
ခေတ္တခဏ မေ့ထားရင်းနဲ့ ပဲ
ငါ့ မာန တို့ ပျက်သုဉ်းချိန် အကြောင်းဟာ
ပုံပြင်တစ်ပုဒ် မဟုတ်ဘူးဆိုတာကို
နားရင်းပျံရင်း ပျံရင်းနားရင်း
နင်သိပါစေတော့...ကွယ်...။
ထပ်ပြောရရင်တော့
ဒိုင်ယာရီတစ်ပုဒ်
ဒါဟာ... တစ်ဆစ်ဆစ်နာကျင် တစ်စက်စက် ကျခဲ့ရတဲ့
ဒိုင်ယာရီတစ်ပုဒ်ပေါ့ကွယ်.။
ကျေးဇူးတင်ပါတယ် .။ ကျွန်တော်ရေးတဲ့ ကဗျာတွေကို ဆက်လက်ဖတ်ချင်တယ်ဆိုရင်
ဒါမှ မဟုတ် ဖြေမဆည်နိုင်တဲ့ကြယ်ကြွေညများနှင့်လေလွင့်လူတစ်ယောက်ရဲ့စာမျက်နာ အစ အဆုံးကို ဖတ်ရှု့ချင်တယ်ဆိုရင် အောက်က လင်ခ့်မှာ ၀င်ဖတ်လိုက်ပါခင်ဗျာ .။ ကျေးဇူးနော် .။
ဒီလင်ခ့်မှာဝင်မယ်
0 comments:
Post a Comment