Related Posts Plugin for WordPress, Blogger...

Friday, January 17, 2014

နို့ စို့ ပြီး ပါးစပ်နဲ့ နှာခေါင်းက နို့ တွေ ပြန်လျှံထွက်ပြီး ရုတ်တရက် အသက်ရှုရပ်၊ မျက်နှာနီရဲလာရင်

ဝတ်မှုန်အမေး။ မွေးပြီးခါစ ခလေးတွေ နို့ စို့ ပြီး ပါးစပ်နဲ့  နှာခေါင်းက နို့ တွေ ပြန်လျှံထွက်ပြီး ရုတ်တရက် အသက်ရှုရပ်ပြီးမျက်နှာနီရဲ လာရင် အရေးပေါ် ဘယ်လို လုပ်ပေးရ မလဲဆိုတာသိပါရစေရှင် အရေးတကြီး တောင်းဆိုပါတယ်ရှင်။

အဖြေ။
ကလေးတွေ မိခင်နို့ဖြစ်ဖြစ်၊ နို့ဗူးဖြစ်ဖြစ်စို့တာ။ လူကြီးတွေထမင်း (ခေါက်ဆွဲရော ဘာဂါရော ပါတယ်)စားတဲ့အခါ စားသောက်တာနဲ့အတူ လေကိုပါ မြိုချကြတယ်။ ဒါ့ကြောင့် အစာအိမ်ထဲကို လေတွေပါ ၀င်သွားတယ်။ လေက များရင်ဖြစ်ဖြစ်၊ စားနေရင်းနဲ့ စားပြီးစ ကိုယ်ခန္ဓာ အနေအထား အဆင်မသင့်ရင် လေထွက်ချင်တာနဲ့ အန်တတ်ပါတယ်။

မေးထားသလို ရုတ်တရက် အသက်ရှုရပ်ပြီး၊ မျက်နှာနီရဲလာရင်
အန်ဖတ်တွေ အသက်ရှူလမ်းထဲ မ၀င်အောင် ဂရူစိုက်ပါ။ ၀င်နေမယ် ထင်ရင် ရှင်းထုတ်ပြစ်ပါ။ ပြုစုသူက မပျာပါနဲ့။ စိတ်အေးအေးထားပြီး အသက်ပြန်ရှူနိုင်အောင် အနေအထား ပြုပြင်ပေးပါ။ လည်ပင်း ဆန့်နေပါစေ။ လိုအပ်ရင် အောက်ခံမာမာပေါ် သိပ်ထားလိုက်ပါ။ လိုအပ်သေးရင် လည်ပင်းအောက်က အနှီးတခုခု ခေါက်ပြီး ခံထားပေးပါ။ နောက်ထပ်လိုသေးရင် ကြမ်းမာမာပေါ်သိပ်ထားပြီး၊ ကလေးရဲ့မေးစေ့ကို အထက်ပင့်ထားပေးပါ။ အထက်ဆိုတာ ကလေးကို ပက်လက် သိပ်ထားတဲ့အနေအထားကနေ ပြောတာပါ။ အန်ချင်နေသေးရင် ခေါင်းကို တဖက်ဖက် စောင်းပေးရပါမယ်။

အဆိုးဆုံးဖြစ်သွားရင် CPR လုပ်နည်းကို သုံးရပါတော့မယ်။ ရင်ပတ်ကိုဖိပေးတာနဲ့ ပါးစပ်ကနေ လေမှုတ်သွင်းပေးတာကို ဆိုလိုတာပါ။ http://dts-medicaleducation.blogspot.com/search?q=... မှာ တင်ထားတာရှိပါတယ်။

ကာကွယ်ဘို့ကတော့
နို့တိုက်ပြီးတိုင်း လေထုတ်ပေးရပါမယ်။ ကလေးကို ပခုံးပေါ်မှာ ထောင်လျက်ကလေး အသာအယာထိန်းပေးထားပြီး၊ ကျောကလေးကို သပ်ပေးရတာပါ။ လေထွက်သွားရင် စိတ်ချရပါပြီ။

နို့ဗူးတိုက်သူများ နို့ဗူးထဲက နို့ကိုဘဲ ကလေးပါးစပ်ထဲ ၀င်ပါစေ။ လေမ၀င်ပါစေနဲ့။ နို့သီးခေါင်းထဲမှာ နို့သက်သက်သာ ရှိနေရမယ်။ လေမပါစေရပါ။ နို့ဗူးကို အောက်စိုက်ဘို့ပြောတာပါ။

တင့်ဆွေ

0 comments:

Post a Comment

 
Penanggung Jawab Miftah Budi Kurniawan | Supported by Cheat Game 4U