Related Posts Plugin for WordPress, Blogger...

Saturday, January 18, 2014

အနုပညာအလုပ်တွေကို ခဏစွန့်ခွာပြီး နိုင်ငံခြားမှာ စာသွားသင်တော့မယ့် မေဂရေ့စ်ပယ်ရီ



မော်ဒယ်လောကမှာ နုပျိုလှပပြီး ချစ်စရာကောင်းတဲ့ မော်ဒယ်လ် မေဂရေ့စ်ပယ်ရီကို အားလုံးသိပြီး ဖြစ်မှာပဲ။ သူမဟာ လာမယ့် ဖေဖော်ဝါရီလကုန်မှာ နိုင်ငံခြားကို ကျောင်းသွားတက်တော့မှာမို့ သူမနဲ့တွေ့ဆုံခိုက် အဲ့ဒီအကြောင်းအရာ တစ်ချို့ကို မေးမြန်းဖြစ်ခဲ့တဲ့အခါ ‘အခု မေဓာတ်ပုံရိုက်တယ်။ ကြော်ငြာရိုက်တယ်။ အခု နောက်ပိုင်းပိုပြီး သိပ်မရိုက်ဖြစ်ဘူး။ မေ့ကြော်ငြာတွေ အထွက်ကျဲတာက ဖေဖော်ဝါရီလကုန်လောက်ဆိုရင် သြစတေးလျမှာUniversityသွားတက်ရမှာမို့လို့ပါ။ ဇွန်၊ ဇူလိုင် ပြန်လာမယ်။ ပြီးရင် အနုပညာအလုပ်တွေ ပြန်လုပ်ချင်ပါတယ်။ ကျောင်းတက်တာကျတော့ မိဘတွေ တိုက်တွန်းလို့ မဟုတ်ပါဘူး။ ကိုယ့်သဘောနဲ့ကိုယ်သွားတက်တာပါ’လို့ သူမက ပြောပါတယ်။

ရုံတင်ကား ရိုက်ထားတာနဲ့ပတ်သတ်ပြီးတော့လဲ သူမက ‘ကိုစိုင်းနဲ့ဧဒင်ရဲ့နတ်သမီးဆိုတဲ့ ကားမှာ မေ့ကာရိုက်တာက ၀န်ကြီးသမီးပေါ့။ ညကျရင်Street Dance တွေလိုက်ကတယ်။ အဲဒီကားထဲမှာ ကတဲ့အခန်းတွေ အဆင်ပြေဖို့အတွက်Uranium ,Life & Dance တို့နဲ့အကကျင့်တယ်။ အဲဒီကားရိုက်တုန်းကဆိုရင် မေက ဒိုင်ယာလော့ခ်ကျက်ဖို့အတွက် စာသိပ်မဖတ်တတ်ဘူး။ မရိုက်ခင် ကိုစိုင်းနဲ့ဦးမီးပွားနဲ့က သေချာလေးသင်ပေးရတယ်။ လာမဲ့ချစ်သူများနေ့မှာတော့ အစီအစဉ် မရှိပါဘူး။ မိသားစုနဲ့ပဲဖြတ်သန်းဖြစ်မှာပါ’တဲ့။

သူမရဲ့ချစ်ရေးချစ်ရာအကြောင်းကိုတော့ ‘အချစ်ဆိုတာကိုတော့ ကိုယ်ချစ်တဲ့သူရဲ့ပျော်ရွှင်မှုက ကိုယ့်ပျော်ရွှင်မှုလိုဖြစ်နေတယ်။ ကိုယ်ချစ်တဲ့သူတွေ့ရင်တော့ ချစ်မိမှာပါ’ လို့ သူမက ပြောတဲ့အပြင် အနုပညာလောကထဲကို ရောက်လာဖြစ်တဲ့အကြောင်းကိုလည်း ‘မေ ငယ်ငယ်တုန်းက လမ်းလျှောက်တာသိပ်မလှဘူး။ အဲဒါအမေက ဆရာဂျွန်လွင်ဆီမှာ လမ်းလျှောက်သင်ခိုင်းရင်းနဲ့Idea Magazineမှာ ကာဗာစရိုက်ဖြစ်တာပါ’လို့ ဖွင့်ဟသွားပါတယ်။

0 comments:

Post a Comment

 
Penanggung Jawab Miftah Budi Kurniawan | Supported by Cheat Game 4U