Related Posts Plugin for WordPress, Blogger...

Thursday, December 26, 2013

နတ်ဆိုးတို့ တံခါးမခေါက်ခင် အိမ်ပြန်ပါရစေ

တစ်ကယ်ပါ .။
ပန်းပျိုးသူတစ်ယောက်ရဲ့
အနုစိတ်လက်ရာကို
နားမလည်နိုင်တဲ့နင်ဟာ
ပွင့်ဖူးခြင်းများစွာနဲ့ ရည်မောနေမှာပါ
အမည်းရောင်အစက်ပေါင်းများစွာနဲ့ 
ဘ၀ကို နေ့ တိုင်း ညတိုင်း
ရှူးသွပ်ခြင်းဆီပို့ 
အချစ်တွေ အစွန်းထင်မခံသေးခင်
နောင်တတွေ တစ်ပွေ့တပိုက်နဲ့ 
အိမ်ပြန်ချိန်ဆိုတာ ပါးပါးလျလျ လှီးခံထားရတဲ့ 
သွေးစုပ်ဖုတ်ကောင်တို့ ရဲ့ညစာ...
အခါးပေါ်အခါးထပ်ရင်း
ဘ၀ဟာ ဓားတစ်လက်ရဲ့ ချွန်မျှခြင်းအောက်
သွေးပီးရင်းသွေးခံနေရတဲ့ကျောက်တုံးလို
စုတ်ပြတ်သတ်နေပါပီ.။
တစ်ကယ်ကို စုတ်ပြတ်သတ်နေခဲ့ပါပီ.။
အော် .. သူတို့  သူတို့ တွေ
ဘ၀ဆိုတာ သောက်နေကြ ရေအိုးထဲက ရေလိုမျိုး
လိုချင်ရင် အချိန် ရွေးစရာမလို
ငါမဖြည့်ဆည်းတတ်ခဲ့ဘူး.။
အတ္တကိုရှေ့ တန်းတင် ထိုးစစ်နဲ့ 
ဂိုးသွင်းဖို့ အပြိုင်ဆိုင်ကြိုးစားတဲ့ ဘ၀မိနစ်
ငါဟာ ဘောလုံးလိုလို ဂိုးပေါက်လိုလို
ကာကွယ်ဖို့ ဆိုတာ အချည်းအနှီး ဖြစ်ခဲ့ 
ကန်ချက်ကို မာန်မတက်ရဲလို့ 
တိုက်စစ်တို့ ပျော်အောင် ကိုယ့်ဂိုးကိုယ်သွင်းခဲ့ရတဲ့ ဂိုးသမားလို
အရှုံးဆိုတာဖက်ခေါင်းအုံးလိုမျက်ရည်ခံဖို့ သက်သက်
လက်ကျန် မိနစ်တို့ ကို ခေါင်းငုံခံဖို့ 
ဘ၀ဆိုတာ ကန့် လန့် ကာချခဲ့တဲ့ ပြဇတ်လို
တစ်ခမ်းတစ်နား မရှိခဲ့လှဘူး.။
ထပ်ပြောရရင်တော့
ပန်းပျိုးသူတစ်ယောက်ရဲ့
အနုစိတ်လက်ရာကို
နားမလည်နိုင်တဲ့နင်ဟာ
ပွင့်ဖူးခြင်းများစွာနဲ့ ရည်မောနေမှာပါ

0 comments:

Post a Comment

 
Penanggung Jawab Miftah Budi Kurniawan | Supported by Cheat Game 4U