Related Posts Plugin for WordPress, Blogger...

Wednesday, July 31, 2013

သမ္မတကြီး ဗိုလ်မှူးသိန်းစိန်ဘဝ က ပါဝင်ခဲ့တဲ့ စီစီဝမ်တာပန် တိုက်ပွဲကြီးဆိုတာ

သမ္မတကြီး ဗိုလ်မှူးသိန်းစိန်ဘဝ က ပါဝင်ခဲ့တဲ့ စီစီဝမ်တာပန် တိုက်ပွဲကြီးဆိုတာ 16.11.1986 ကနေ 11.2.1987 နေ့ထိ (၈၈) ရက်ကြာမြင့်ခဲ့တဲ့ တပ်မတော်ရဲ့ သမိုင်းဝင် တိုက်ပွဲကြီး တစ်ခုပါ။

16.11.1986 နေ့ နံနက် 5:15 AM မှာ စီစီဝမ်တာပန် ဒေသရှိ တပ်မတော်စခန်းကုန်းများကို ဗကပ မြောက်ပိုင်းဗျူရိုတပ်တွေက သာလွန်အင်အားနဲ့ တိုက်ခိုက် သိမ်းပိုက်ခဲ့တာမို့ အဲဒီနေ့ ညနေ 5:30 PM မှာ ၎င်းးဒေသက တပ်စခန်း ၆ ခုလုံးကို မိမိ တပ်မတော်က ယာယီ လက်လွှတ် ခဲ့ရပါတယ်။

လွတ်လပ်ရေးနဲ့ အချုပ်အခြာ အာဏာကို အထိပါး မခံနိုင်တဲ့ တပ်မတော်ဟာ တပ်တွေ ပြန်လည် စုဖွဲ့ပြီး ချက်ခြင်း ပြန်လည် တိုက်စစ်ဆင်ခဲ့တဲ့ တိုက်ပွဲကြီး ဖြစ်ပါတယ်။

တပ်မတော်ဟာ ယာယီ လက်လွှတ်ခဲ့ရတဲ့ စီစီဝမ်တာပန် ဒေသကိုသာမက ကြူကုတ်၊ ပန်ဆိုင်း၊ မန်ဟီးရိုး၊ ကွန်ဟိုင်း၊ နောင်မ နယ်မြေတွေကို ထိုးစစ်ဆင်ခဲ့ပြီး KIA တပ်မဟာ(၄) နယ်မြေနဲ့ ပါဂျို နားဖော့ ဌာနချုပ်ကိုပါ ဆက်တိုက် သိမ်းပိုက် နိုင်ခဲ့ပါတယ်။

အဲဒီတုန်းက ဗိုလ်မှူးသိန်းစိန်ဟာ အခြားသော တိုက်ခိုက်ရေး တပ်များနဲ့အတူ ရတ ခမရ(၁၀၉) ရဲ့ စစ်ကြောင်း(၂) နဲ့ တပ်ခွဲ(၂)ခွဲကို စစ်ကြောင်းမှူး အဖြစ် ကိုယ်တိုင်ဦးစီးပြီး ပွိုင့် ၅၇၉၀၊ ပွိုင့် ၃၇၂၂ နဲ့ ပတ်ဝန်းကျင် တောင်ကြောများကို နယ်မြေရှင်းလင်းလို့ ရွှပ်ရွှပ်ချွံချွံ တိုက်ပွဲဝင်ခဲ့ပါတယ်။

ဒီ စီစီဝမ်တာပန် တိုက်ပွဲကြီးမှာ မိမိဘက်မှ အရာရှိ ၁၇ ဦး၊ အခြားအဆင့် ၁၇၃ ဦး တိုင်းပြည်အတွက် အသက်စွန့်လွှတ် ခဲ့ရပြီး ရန်သူ့ဘက်မှ ၆၀၁ ဦးကျဆုံး၊ ၁၀၀၀ ခန့် ဒဏ်ရာရ၊ ဖမ်းမိ ၁၀ ဦး၊ လက်နက်ချ ၁၀၄ ဦး၊ လက်နက် မျိုးစုံ ၁၅၆ လက် သိမ်းပိုက်ရရှိ ခဲ့ပါတယ်။

ဗိုလ်မှူး သိန်းစိန် အပါအဝင် မိမိတို့ တပ်မတော်သားတွေရဲ့ တိုင်းပြည်အတွက် စွန့်လွှတ်၊ စွန့်စားခဲ့မှုများအပေါ် ဗဟုသုတ အလို့ငှာ အကျဉ်းချုပ် တင်ပြပေးလိုက်ခြင်း ဖြစ်ပါတယ် ခင်ဗျား...။

0 comments:

Post a Comment

Penanggung Jawab Miftah Budi Kurniawan | Supported by Cheat Game 4U