Related Posts Plugin for WordPress, Blogger...

Tuesday, July 9, 2013

ဗုဒ္ဓဂါယာ ဗုံးပေါက်ကွဲမှု မှတ်တမ်းတင်ထားရှိသော CCTV ဗီဒီယိုဖိုင်အား ထုတ်ပြန်

ဂါယာဗုံးပေါက်ကွဲမှု ပြီးနောက် အိန္ဒိယနိုင်ငံတစ်ဝှမ်းတွင် လုံခြုံရေး တိုးမြှင့် ဆောင်ရွက်ထားရှိကြောင်း၊

ရဲတပ်ဖွဲ့အနေဖြင့် CCTV တွင် ပါရှိသည့် ပုဂ္ဂိုလ်များအနက်မှ သံသယဖြစ်ဖွယ် ရာ လုပ်ဆောင်သည်ဟု ယူဆရသူအချို့၊ ယင်းတို့နှင့် ဆက်စပ်နေသူများ စသည်တို့ကို စုံစမ်းလျက်ရှိကြောင်း၊

ဗုံးပေါက်ကွဲပြီး မကြာမတင်မှာပဲ ဖမ်းဆီးထိန်းသိမ်းထားတဲ့ သံသယ ရှိသူ ဟာ အိန္ဒိယမူဂျာယီဒင်အဖွဲ့နဲ့ ဆက်စပ်နေဖွယ် ရှိကြောင်း၊

ဒေလီရဲတပ်ဖွဲ့အနေဖြင့် ယခင်ကတည်းက ဂါယာကို ပစ်မှတ်ထားပြီး တိုက်ခိုက်တော့မယ့် သတင်းတွေ ရရှိထားခဲ့ကြောင်း၊

အဆိုပါ ကြိုတင်သတင်း ရရှိထားခဲ့ သော်လည်း ဒေလီရဲတပ်ဖွဲ့အနေဖြင့် ဒေလီကို ကာကွယ်ရန်သာ ပိုမိုအာရုံစိုက်ခဲ့ကြ ကြောင်း၊

မူဂျာဟီဒင်မှ Syed Maqbool က ဂါယာကို ပစ်မှတ်ထား တိုက်ခိုက်သွားမည့် အစီအစဉ်ကို ထုတ်ဖော်ထားခဲ့ပြီး ဖြစ်ကြောင်း၊ ထိုသို့ ထုတ်ဖော်ပြောကြားချက်ကို မူဂျာယီဒင်ထိပ်တန်းခေါင်းဆောင် Riaz Bhatkal ကလည်း အတည်ပြုထားခဲ့ကြောင်း၊

ဟိုက်ဒရာဘတ်တွင် ဆောင်ရွက်သွားသည်မှာ ပထမဆုံးဖြစ်ပြီး ယခု ဂါယာမှာ ဒုတိယအကြိမ် ဖြစ်ကြောင်း၊

ဟိုက်ဒရာဘတ်ပေါက်ကွဲမှု မတိုင်ခင်ကပင် ဂါယာကို ပစ်မှတ်ထားသည်ဟု Maqbool က ထုတ်ဖော်ပြောကြားခဲ့ကြောင်း၊ သို့သော်လည်း ထိပ်တန်း ခေါင်းဆောင် Riaz Bhatkal ကမူ ဒေလီကိုသာ ပစ်မှတ်ထား၍ တိုက်ခိုက်လိုသော သဘောထားကို ထုတ်ပြန်ခဲ့ကြောင်း၊

0 comments:

Post a Comment

 
Penanggung Jawab Miftah Budi Kurniawan | Supported by Cheat Game 4U