ချစ်သူရယ်....
လက်ဆင့် မကမ်းချင်ပေမယ့်
ထွက်ဖွာဖို့တာစူနေပီလား...
ပွင့်ချိန်မှာပွင့်ခဲ့ပေမယ့်
အနားသတ်မညီခဲ့တဲ့
ဇတ်ဆရာ စုတ်ထိုးသံတစ်ချက် တစ်ချက်တိုင်း
နင့်ကို နာကျင်စေခဲ့ပီလား...
ချစ်သူရယ် ...
ဘ၀ဆိုတာ ငါတို့အိပ်နေကြ အိပ်ယာပေါ်က
မက်နေကြအိမ်မက်မဟုတ်ပါဘူး
ကံကိုအံတုလို့မရပေမယ့်
ဒဏ်တွေကို အံတုပီး ငါဆို့ထွန်ယှက်ခဲ့တာတွေ
နွေရာသီချိန်မတန်သေးပါဘူး..
တံစဉ်းတစ်လက်ချိတ်လို့
နင်ကောင်ရိတ်သိမ်းတဲ့ချိန်
စောလွန်းခဲ့ပါတယ်......
ချစ်သူရယ် တစ်ကယ်တမ်းနွေရောက်ခဲ့တော့
လေတိုက်တိုင်းကြွေ တဲ့ သစ်ရွက်အိုတွေသာ
ငါ့ကို မိတ်ဆွေဖွဲ့ခဲ့တယ်...
ငါ့မျက်နှာကို သူတို့တွေ ပွတ်သပ်တိုင်း..
ထီမထင်အပြုံးတစ်ပွေ့တပိုက်နဲ့
ငါ့ကိုသွေဖယ်သူ နင့်ကိုသတ်ရခဲ့တယ်..
ချစ်သူရယ်...
အဖော်တွေ စုပီး ၀င်လာခဲ့တဲ့
အဆင်မပြောခြင်းများကြးမှာ
နဂိုထဲက မဟတ်တဲ့နှလုံးသားတစ်ခု
ဖရီုဖရဲဖြစ်ခဲ့ရပီပေါ့..
ဘာကိုပြစ်ရှာ ပုံရမှာလည်း
တရာခံအရင်းဟာ ဘယ်သူလဲဆိုပီး
ဝေခွဲမရခြင်းများစွာထဲမှာ
ဝမ်းနည်းရုံ ဘာမှမတတ်နိုင်ခဲ့ဘူး
ဒါပေမယ်...
အိမ်မက် ဆန်ဆန်လမ်းလျှောက်လာခဲ့တဲ့
ငါတို့ခြေလှမ်းတွေကိုစဉ်းစားတိုင်း
စက်ရှုပ်ဆန်ဆန်နှုတ်ဆက်ခဲ့တဲ့
ငါ့အပြုအမှုတွေကပဲ အေးစက်ခဲ့တာလား
ချစ်သူရယ်...
တစ်ကယ်တော့ နွေးထွေးခွင့်တွေတောင်းဆိုခဲ့တာပါ
ခုလို...လက်ပြကျန်ရစ်ခဲ့သူအတွက်
ဘယ်သူတွေ အဖော်ပြုခဲ့ကြလဲ..
မရှိခဲ့ပါဘူး...
ငါတောင်ငါ့ဘ၀ထဲမှာ တစ်ဝက်ပဲရှိတာပါ..
ချစ်သူရယ်....နင်ချခဲ့တဲ့ ကန့်လန့်ကာနောက်က
လွမ်းလွန်လွန်းတဲ့ လေလွင့်လူတစ်ယောက်
အသက်ငက်နေတဲ့ သူ့ရဲ့အဖော်မဲ့ညတွေကို
အသံမကောင်းတဲ့ဂစ်တာထမ်းလို့
အသက်သွင်းနေလေရဲ့
ချစ်သူရယ်
ရသရှားတဲ့ဝမ်းနည်းမှတ်တမ်းမှာ..
ပထမ...
ငါတို့နှစ်ယောက်အတွက်ဝမ်းနည်းမိတယ်...
ဒုတိယ...
ကျောခိုင်းထွက်ခွာသူ နင့် အတွက်ဝမ်းနည်းမိတယ်...
နောက်ဆုံး တတိယ....
လမိုက်ညပါဆိုနေမှ
မထွက်မဲ့ လရောင်လေးကို မျော်နေတဲ့
ငါ့ကိုယ် ငါဝမ်းနည်း မိတယ်...
လက်ဆင့် မကမ်းချင်ပေမယ့်
ထွက်ဖွာဖို့တာစူနေပီလား...
ပွင့်ချိန်မှာပွင့်ခဲ့ပေမယ့်
အနားသတ်မညီခဲ့တဲ့
ဇတ်ဆရာ စုတ်ထိုးသံတစ်ချက် တစ်ချက်တိုင်း
နင့်ကို နာကျင်စေခဲ့ပီလား...
ချစ်သူရယ် ...
ဘ၀ဆိုတာ ငါတို့အိပ်နေကြ အိပ်ယာပေါ်က
မက်နေကြအိမ်မက်မဟုတ်ပါဘူး
ကံကိုအံတုလို့မရပေမယ့်
ဒဏ်တွေကို အံတုပီး ငါဆို့ထွန်ယှက်ခဲ့တာတွေ
နွေရာသီချိန်မတန်သေးပါဘူး..
တံစဉ်းတစ်လက်ချိတ်လို့
နင်ကောင်ရိတ်သိမ်းတဲ့ချိန်
စောလွန်းခဲ့ပါတယ်......
ချစ်သူရယ် တစ်ကယ်တမ်းနွေရောက်ခဲ့တော့
လေတိုက်တိုင်းကြွေ တဲ့ သစ်ရွက်အိုတွေသာ
ငါ့ကို မိတ်ဆွေဖွဲ့ခဲ့တယ်...
ငါ့မျက်နှာကို သူတို့တွေ ပွတ်သပ်တိုင်း..
ထီမထင်အပြုံးတစ်ပွေ့တပိုက်နဲ့
ငါ့ကိုသွေဖယ်သူ နင့်ကိုသတ်ရခဲ့တယ်..
ချစ်သူရယ်...
အဖော်တွေ စုပီး ၀င်လာခဲ့တဲ့
အဆင်မပြောခြင်းများကြးမှာ
နဂိုထဲက မဟတ်တဲ့နှလုံးသားတစ်ခု
ဖရီုဖရဲဖြစ်ခဲ့ရပီပေါ့..
ဘာကိုပြစ်ရှာ ပုံရမှာလည်း
တရာခံအရင်းဟာ ဘယ်သူလဲဆိုပီး
ဝေခွဲမရခြင်းများစွာထဲမှာ
ဝမ်းနည်းရုံ ဘာမှမတတ်နိုင်ခဲ့ဘူး
ဒါပေမယ်...
အိမ်မက် ဆန်ဆန်လမ်းလျှောက်လာခဲ့တဲ့
ငါတို့ခြေလှမ်းတွေကိုစဉ်းစားတိုင်း
စက်ရှုပ်ဆန်ဆန်နှုတ်ဆက်ခဲ့တဲ့
ငါ့အပြုအမှုတွေကပဲ အေးစက်ခဲ့တာလား
ချစ်သူရယ်...
တစ်ကယ်တော့ နွေးထွေးခွင့်တွေတောင်းဆိုခဲ့တာပါ
ခုလို...လက်ပြကျန်ရစ်ခဲ့သူအတွက်
ဘယ်သူတွေ အဖော်ပြုခဲ့ကြလဲ..
မရှိခဲ့ပါဘူး...
ငါတောင်ငါ့ဘ၀ထဲမှာ တစ်ဝက်ပဲရှိတာပါ..
ချစ်သူရယ်....နင်ချခဲ့တဲ့ ကန့်လန့်ကာနောက်က
လွမ်းလွန်လွန်းတဲ့ လေလွင့်လူတစ်ယောက်
အသက်ငက်နေတဲ့ သူ့ရဲ့အဖော်မဲ့ညတွေကို
အသံမကောင်းတဲ့ဂစ်တာထမ်းလို့
အသက်သွင်းနေလေရဲ့
ချစ်သူရယ်
ရသရှားတဲ့ဝမ်းနည်းမှတ်တမ်းမှာ..
ပထမ...
ငါတို့နှစ်ယောက်အတွက်ဝမ်းနည်းမိတယ်...
ဒုတိယ...
ကျောခိုင်းထွက်ခွာသူ နင့် အတွက်ဝမ်းနည်းမိတယ်...
နောက်ဆုံး တတိယ....
လမိုက်ညပါဆိုနေမှ
မထွက်မဲ့ လရောင်လေးကို မျော်နေတဲ့
ငါ့ကိုယ် ငါဝမ်းနည်း မိတယ်...
0 comments:
Post a Comment