အမေရိကန်သမ္မတ အိုဘားမားက လာမယ့် ၁၄ ရက်နေ့ (သောကြာနေ့) မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ရန်ကုန်မှာ တွေ့ဆုံမယ်လို့ သိရပါတယ်။
သူက မြန်မာပြည်မှာ နိုဝင်ဘာ ၁၂ ကနေ ၁၄ အတွင်း ရှိလိမ့်မယ်လို့ အိမ်ဖြူတော်က အင်္ဂါနေ့မှာ ထုတ်ပြန်ကြောင်း ဧရာဝတီသတင်းတပုဒ် http://www.irrawaddy.org/burma/us-president-meet-aung-san-suu-kyi-rangoon-next-week.html မှာ ရေးထားပါတယ်။
ခရီးစဉ်အတွင်း နေပြည်တော် အာဆီယံ-အမေရိကန် ဆွေးနွေးပွဲ၊ အရှေ့အာရှညီလာခံ တို့ကိုလည်း တက်ရောက်မှာပါ။
ရန်ကုန်မှာ ရှိနေတုန်း အရှေ့တောင်အာရှလူငယ်များနဲ့တွေ့ဆုံခြင်း အစီအစဉ်လည်း ခရီးစဉ်ထဲ ထည့်ဆွဲထားပါတယ်။
လူငယ်များနဲ့ တွေ့ပြီးမှ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံမယ်လို့ သိရပါတယ်။
ဒါဟာ သူတို့နှစ်ယောက် တတိယအကြိမ် တွေ့ဆုံခြင်း ဖြစ်ပါလိမ့်မယ်။
ဒေါ်အောင်ဆန်းစုကြည်က အမေရိကန်ပြည်ထောင်စုကို သွားရောက်စဉ် အိမ်ဖြူတော်မှာ တွေ့ပါတယ်။ ၂ဝ၁၂ စက်တင်ဘာမှာပါ။
နောက် ၂ လ အကြာ အိုဘားမား မြန်မာပြည်လာစဉ် ထပ်တွေ့ကြပါတယ်။
သူက သမ္မတ ဦးသိန်းစိန်နဲ့လည်း တွေ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်က အစိုးရပိုင်း ထိပ်တန်းတာဝန်ယူထားသူ မဟုတ်ပေမယ့်လည်း မြန်မာ့ဒီမိုကရေစီလှုပ်ရှားမှုခေါင်းဆောင် ဖြစ်တာကြောင့် အမေရိကန်သမ္မတက သူ့ရဲ့ ခရီးစဉ်အတွင်း ဒီလို တွေ့ဆုံခြင်းဖြစ်ပါတယ်။
ယခင် တွေ့ဆုံတဲ့နေရာကတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်မှာ ဖြစ်ပါတယ်။
ဒီတကြိမ်လည်း အဲဒီနေရာမှာပဲ ဖြစ်ဖွယ်ရှိပါတယ်။
0 comments:
Post a Comment