Related Posts Plugin for WordPress, Blogger...

Sunday, October 6, 2013

Martin Jetpack



ကျွန်တော်တို့ ရုပ်ရှင်တွေ ထဲမှာ သာ အများဆုံး တွေ့ရ လေ့ ရှိတဲ့ မိုးပျံ ကျောပိုးအိတ် ( jet pack ) ကို New Zealand အ ခြေ စိုက် Martin Aircraft Company ကနေ ၂၀၁၄ မှာစတင် ရောင်း ချေ တာ့ မှာ ဖြစ်ပါတယ်။

The Martin Jetpack လို့ အမည် ပေးထား တဲ့ jetpack ကို design ပိုင်း ပြန်လည် ပြောင်းလဲ ပြင် ဆင် ပြီး P12 prototype အနေနဲ့ ပြန်လည် ထုတ် လုပ် တာ ဖြစ်ပါတယ်။ P12 ဟာ Class 1 microlight အနေနဲ့ လူပါဝင် တဲ့ အစမ်း ပျံသန်းမှု ပြုလုပ် ရန် ခွင့်ပြု ချက် ရရှိပြီး ပါပြီ။ Class 1 microlight ဆိုတာ ဟာ glider တွေနဲ့ တစ်ယောက် စီး အနိမ့်စား လေယာဉ် တွေကို ဆို လိုတာ ဖြစ် ပါတယ်။
၂၀၁၄ နှစ်လယ်ပိုင်း လောက်မှာ ပထမ ဆုံး စီးပွားဖြစ် ရောင်းချ ပေးမယ့် jetpack တွေ ကတော့ ကယ်ဆယ် ရေး လုပ်ငန်းတွေ၊ မီးသတ်နဲ့ ရဲတပ်ဖွဲ့ တွေ အတွက် ဖြစ်မှာ ပါ။ တစ်ဦး ချင်း စီ အတွက် ရောင်း ချမှု ကိုတော့ အဆိုပါ အဖွဲ့ အစည်း တွေ ကို ရောင်းချပြီး မကြာခင် မှာပဲ စတင် မယ် လို့ ဆိုပါတယ်။ Martin Aircraft Company ရဲ့တည်ထောင် သူ ဖြစ်တဲ့ Glenn Martin ဟာ Martin Jetpack ကို တီထွင်ဖို့ ကြိုးစား နေတာ နှစ်ပေါင်း ၃၀ကျော် ခဲ့ ပါပြီ။ P12 ဆို တာ ဟာ ၁၂ ခု မြောက် prototype ကို ခေါ်တာပါ။ စစခြင်း မှာ တော့ မိသားစု ဂိုထောင် ထဲ မှာ တစ်လ ကို NZ$ 20 လောက် နဲ့ ညပိုင်း တွေပဲ လုပ်ခဲ့ ပေမယ့် ၂၀၁၀ က စပြီး တော့ စီးပွားဖြစ် ရော င်းချ နိုင်ဖို့ စတင် ကြိုးစား ခဲ့ ပါတယ်။

ခု P12 ကို ရောက် ရှိတဲ့ အခြေအနေ အရတော့ Martin ရဲ့အိမ်မက် ဟာ လက်တွေ့ အကောင် အထည် ဖော်နိုင် တော့ မှာ ဖြစ်ပါတယ်။ Martin Aircraft Company ရဲ့ CEO Peter Coker ရဲ့အဆို အရတော့ အခု နောက်ဆုံး prototype ဖြစ်တဲ့ P12 ဟာသူ့ အရင် prototype ထက် အများကြီး အဆင့် မြှင့်တင် ထားတယ် လို့ ဆိုပါတယ်။ လက်ရှိ စမ်းသပ် ချက်တွေ အရတော့ အများ ဆုံး အမြန်နှုန်း 74 k/m ( 46mph ) ရှိပြီး ပုံမှန် ကတော့ 56 k/m ( 35 mph ) ရှိပါတယ်။ ဆီ အပြည့် ဖြည့်ထား မယ် ဆိုရင် မိနစ် ၃၀ခန့် မောင်းနှင် လို့ ရမှာ ဖြစ်ပြီး ခရီး အကွာ အဝေး ကတော့ 30km ( 20 mil ) ထိသွား နိုင် မှာပါ။ ပျံသန်း နိုင်မယ့် အမြင့် ကတော့ 3000ft ( 900m ) ဖြစ်ပြီး သူ့ရဲ့ အရေးပေါ် ကယ်ဆယ်ရေး စနစ် အလုပ်လုပ် နိုင်ဖို့ အတွက် အနည်း ဆုံး 500ft ( 150m ) အမြင့် ကနေ ပျံသန်း သင့်တယ် လို့ ဆိုပါတယ်။ လက်ရှိ အနေနဲ့ ကတော့ ပျံသန်းမယ့် pilot တစ်ယောက် အတွက် jetpack ရဲ့ကျယ်လောင် လှတဲ့အသံကို ကာကွယ် ပေးနိုင် ဖို့ လိုအပ်ပြီး နောက်ထပ် အနေ နဲ့ ဦးထုပ်၊ လည်စွပ်၊ ဖိနပ်နဲ့ မီးဒဏ်ခံ ၀တ်စုံ တို့ လိုအပ် ပါတယ်။ Martin အနေနဲ့ဒီ jetpack ကို $100,000 နဲ့ရောင်းချဖို့ မျှော်လင့် ထားပြီး tax တွေ shipping fees တွေပါ ပေါင်းထည့် မယ် ဆိုရင်တော့ $150 – 200 လောက် ကျသင့် မှာပါ။ Martin Company ဟာ အခု ဆိုရင် အကြို အမှာစာ တွေ ကို စတင် လက်ခံ နေပါပြီ။ မဝေး တော့တဲ့ အနာဂတ် မှာ သာမန် ရိုးကျ လေယာဉ် ပုံစံတွေ ကနေ ခွဲထွက် ထားတဲ့ Martin Jetpack တွေကို စတင် အသုံးပြု နိုင် တော့မှာ ဖြစ်ပါတယ်။

Sayar Chan

0 comments:

Post a Comment

 
Penanggung Jawab Miftah Budi Kurniawan | Supported by Cheat Game 4U