Related Posts Plugin for WordPress, Blogger...

Friday, December 20, 2013

ဟာသ



တစ်နေ့ မှာ လူတစ်ယောက် ဘားထဲကို ၀င်လာပြီး ဘားဝန်ထမ်းကိုပြောတယ် ..

" ငါ မင်းကို အံ့အားသင့်စရာကောင်းတဲ့ ပြကွက်တစ်ခုကို ပြရင် ငါ့ကို အရက်တစ်ခွက် အလကားတိုက်မလား " လို့ မေးလိုက်တော့ ဘားဝန်ထမ်း က ခဏစဉ်းစားပြီး သဘောတူလိုက်တယ် ..
ဒီတော့ သူလည်း သူ့ ကုတ်အကျီ င်္ဘယ်ဘက်အိပ်ထဲလက်နှိုက်လိုက်ပြီး ကြွက်လေးတစ်ကောင်ကို ထုတ်လိုက်တယ် .. နောက်ပြီး ညာဘက်အိပ်ထဲ နှိုက်လိုက်ပြီး Piano သေးသေးလေးတစ်ခုထုတ်လိုက်တယ် .. အဲဒီကြွက်လေးက အပြင်လဲရောက်ရော အကြောအချဉ်တွေ ဆန့် လက်ဆစ်တွေချိုးပြီး Piano လေးပေါ်ထိုင်ပြီး ဘီသိုဗင်ရဲ့ တီးလုံးတွေကို အမှားအယွင်းမရှိဘဲ တီးပြလိုက်တယ် .. ဘားဝန်ထမ်းလဲ အံ့အားသင့်သွားပြီး အရက်တစ်ခွက် အလကားတိုက်လိုက်တယ် .. သူ က အရက်တစ်ခွက်လဲ သောက်လို့ ကုန်သွားရော ဘားဝန်ထမ်းကိုထပ်ပြောတယ် ..
" စောနက ပြတာထက် ပိုပြီး ကောင်းတဲ့ ပြကွက်တစ်ကွက် ပြရင် ငါ့ကို တစ်ညနေလုံးစာ အရက်အလကားတိုက်မလား" လို့ မေးလိုက်တယ် ..
ဘားဝန်ထမ်းကလဲ ဒီထက် ပိုပြီးကောင်းတဲ့ ပြကွက်တော့ ရှိမှာ မဟုတ်လောက်တော့ဘူးလို့ ထင်ပြီး သဘောတူလိုက်တယ် .. ဒီတော့ အဲလူက သူ့ ရဲ့ ဘောင်းဘီအိပ်ထဲကိုလက်နှိုက်ပြီး ဖားခုံညင်း တစ်ကောင်ထုတ်လိုက်တယ် .. အဲဒီ ဖားခုံညင်း က အပြင်လည်းရောက်ရော စောနက ကြွက်လေး တီးနေတဲ့ တီးလုံးနဲ့ စည်းချက်ညီတဲ့ သီချင်းတစ်ပုဒ်ကို လိုက်ဆိုပြတယ် .. အဲလို သီချင်းဆို နေတာကို ဘားမှာ ရှိတဲ့ သူစိမ်း တစ်ယောက် တွေ့ သွားပြီး သူ့ ကို မေးတယ် ..

" ခင်ဗျား ဖားခုံညင်းလေး ကျနော့်ကို ရောင်းပါလားဗျာ .. ကျနော် ဆယ်သိန်းပေးပါမယ် "လို့ ပြောတယ် .. ထို လူကလဲ " လုံးဝ မရောင်းနိုင်ဘူး "လို့ ပြန်ဖြေတယ် .. သူစိမ်းက လဲ " သိန်း ၅၀ ပေးပါမယ်ရောင်းပါ " လို့ ထပ်ပြောတယ် .. သူ ကလဲ ထုံးစံအတိုင်း " မရောင်းဘူး "ပဲဖြေနေလေရဲ့ .. နောက်ဆုံး သိန်း ၁၀၀ ပေးမယ်ဆိုတော့ မှ ရောင်းလိုက်တယ် ..

အဲဒါကို တွေ့ တဲ့ ဘားဝန်ထမ်း က " ခင်ဗျားဖားကို ဘာလို့ သိန်း ၁၀၀ ထဲနဲ့ ရောင်းလိုက်တာလဲဗျာ .. ခင်ဗျားဖား က တကယ်ဆို သိန်း ၁၀၀၀ လောက်ထိ တန်ကြေးရှိတာမသိဘူးလား " လို့  အားမလိုအားမရနဲ့မေးတော့မှ ထို လူ က " ခင်ဗျား ဘာမှ မသိဘဲ ၀င်မပြောစမ်းပါနဲ့ ဗျာ .. အဲဖား က ဘာမှ သုံးမရဘူး .. ကြွက် က အသံတုဆရာဗျ .. " တဲ့ ..

Sayar Chan

0 comments:

Post a Comment

 
Penanggung Jawab Miftah Budi Kurniawan | Supported by Cheat Game 4U