Related Posts Plugin for WordPress, Blogger...

Tuesday, January 14, 2014

ဟာသများ

Happy labor day
ဇီဇာကြောင်တဲ့သူဌေးနဲ့ ကပ်သီးကပ်သပ်ဝန်ထမ်း
သူဌေး ….. “မင်းသုံးနေတဲ့ကွန်ပြူတာက ကုမ္ပဏီက ကွန်ပြူတာပါ။ ဒီကွန်ပြူတာမှာ
မင်းရဲ့ကိုယ်ရေးကိုယ်တာတွေ မသိမ်းထားပါနဲ့။ မင်းမိန်းမဓာတ်ပုံ၊ မင်းကလေးဓာတ်ပုံတွေကိုလည်း
မသိမ်းထားပါနဲ့။ ဒီဓာတ်ပုံတွေကြည့်ပြီး မင်းကောင်းကောင်း အလုပ်မလုပ်ဘူး”
ဝန်ထမ်း….. “ဒီလိုဆိုရင် ကျွန်တော့်အိမ်ကကွန်ပြူတာနဲ့ ခင်ဗျားအလုပ်တွေကို မလုပ်ခိုင်းနဲ့။ မီတာအတက်တော့ကျွန်တော်မခံဘူး။ ရုံးချိန်မဟုတ်တဲ့အချိန်မှာ
ကျွန်တော်လက်ထိပ်တွေ ပိုလို့တောင် အပွန်းမခံနိုင်ဘူး”
သူဌေး…….. “ရုံးချိန်အတွင်း မင်းရဲ့ကိုယ်ပိုင်အလုပ်တွေကို မလုပ်ပါနဲ့။ ဥပမာ- လက်သည်းညှပ်တာတို့၊
ဆံပင်ဖြီးတာတို့… “
ဝန်ထမ်း ….. “ကျွန်တော်လည်း ခင်ဗျားကိုပြောချင်တယ်။ ရုံးချိန်အတွင်း ကျွန်တော်ဖြီးလိုက်တဲ့ဆံပင်၊
ညှပ်လိုက်တဲ့ လက်သည်းတွေဟာ ကျွန်တော်ရုံးတက်နေတုန်း ရှည်ထွက်လာတဲ့အရာတွေပါ”
သူဌေး….. “ရုံးချိန်အတွင်း ရုံးဖုန်းကိုသုံးပြီး ကိုယ်ရေးကိုယ်တာ မပြောပါနဲ့”
ဝန်ထမ်း….. “ဒီလိုဆိုရင် ကျွန်တော်အိမ်မှာ အနားယူနေတုန်း ခင်ဗျားဆက်လာတဲ့ဖုန်းကိုလည်း ကျွန်တော်မကိုင်ဘူး”
သူဌေး…. “ကုမ္ပဏီက သုံးဖို့ပေးတဲ့ကားက ကုမ္ပဏီကိစ္စအတွက်သုံးဖို့ပဲ။ မင်းလျှောက်စီး၊
လျှောက်မောင်းဖို့မဟုတ်ဘူး”
ဝန်ထမ်း…. “ဒီလိုဆိုရင် ကျွန်တော့်ကို ဖိနပ်အသစ်တရံပေးပါ။ ကုမ္ပဏီကားကို ဂီယာနင်းတဲ့အခါ
ကျွန်တော့်ကိုယ်ပိုင်ဖိနပ်ပွန်းသွားမှာ စိုးလို့ပါ…”
ဖတ်မိတာလေး ဘာသာပြန်မျှဝေပါတယ်
**********************************************************************************************************
download
အမူးသမားနှစ်ယောက် ရထားသံလမ်းပေါ် တယိမ်းတယိုင် လှမ်းလျှောက်နေတယ်။
ပထမအမူးသမား “တောက်……. ဒီလှေကားက တက်လို့မကုန်နိုင်ပါလား”
ဒုတိယအမူးသမား “အေးလေ… လက်ရန်းကလည်း နိမ့်လိုက်တာ”
**********************************************************************************************************
God Creating Man
သား… “ဖေဖေ… ဘုရားသခင်က ဘာဖြစ်လို့ ယောက်ျားကိုအရင်ဖန်ဆင်းပြီးမှ မိန်းမကို ဖန်ဆင်းရတာလဲ?”
အဖေ……”အင်း… ယောက်ျားကိုမဖန်ဆင်းခင် သူ့ဘေးမှာ တဗျစ်တောက်တောက်ရွတ်နေမယ့်မိန်းမ
မရှိစေချင်လို့ နေမှာပေါ့”
***************************************************************************
download (1)
စားသောက်ဆိုင်တစ်ဆိုင်မှာ လင်မယားနှစ်ယောက် မင်္ဂလာနှစ်ပတ်လည်နေ့ ကျင်းပနေတယ်။
ရိုမန်တစ်ဆန်တဲ့ဝန်းကျင်မှာမယားက ချိုချိုသာသာလေးနဲ့ ယောက်ျားကိုပြောပါတယ်။
“ယောက်ျားရေ… နောင်ဘဝကျရင် ငါ့ကိုနင်ယူဦးမလားဟင်…!”
ဒါကို ယောက်ျားက အားတက်သရော ပြန်ဖြေပါတယ်။
“မိန်းမရေ.. ဒီဘဝမှာ နင်နဲ့ဆုံရတာ ငါ့အတွက် ပျော်ရွှင်ခြင်းတစ်မျိုးပါ။ ဒါပေမဲ့ တစ်ကြိမ်ပဲ
ပျော်ပါရစေတော့။တစ်ခြားလူလည်း ပျော်ရအောင်လို့ နောင်ဘဝကျရင် ဒီပျော်ရွှင်တဲ့အခွင့်အရေးကို
တခြားလူဆီ ငါလွှဲခဲ့မယ်”
**********************************************************************************************************
download (2)
တစ်နေ့မှာ လုပ်ဖော်ကိုင်ဖက်က ရီရီကိုမေးတယ်။
“နင် နေ့တိုင်းအလုပ်တက်တော့ နင့်သားကို ဘယ်သူထိန်းလဲ?”
“ယောက္ခမထိန်းတယ်လေ”
“နင် ကံကောင်းလိုက်တာ..”
“ကံကောင်းတာလဲ မဟုတ်ပါဘူး။ နေ့ဆိုရင် ငါ့သားကို ယောက္ခမကထိန်းပေးတယ်။ ညဆိုရင် သူ့သားကို
ငါကထိန်းပေးတယ်။ ညီမျှပါတယ် ဟ..”
**********************************************************************************************************
images (2)
တရုတ်ပြည်မှာ အငယ်ထားတာ ခေတ်စားသတဲ့…
ထိုင်ဝမ်ကျွန်းကလူတစ်ယောက် လွန်ခဲ့တဲ့ငါးနှစ်က တရုတ်ပြည်မှာ အငယ်တစ်ယောက်ထားခဲ့တယ်။ အငယ်အတွက်
၎သိန်းတန်အိမ်တစ်လုံး ဝယ်ပေးခဲ့ပြီး လစဉ်လတိုင်း ယွမ် ၃ ထောင်ပေးသုံးခဲ့တယ်။ ဒီတစ်နှစ်မှာ အငယ်နဲ့
သူလမ်းခွဲလိုက်တယ်။ ဝယ်ထားတဲ့အိမ်ကိုရောင်းတော့ ၁၂သိန်းရတယ်။ တွက်ကြည့်တော့ အငယ်ကို ၆နှစ်အလကားတွဲလိုက်ရပြီး
၆သိန်းမြတ်သွားတယ်။ အိမ်မြေရောင်းဝယ်ရေးကို သူကျေးဇူးတင်တယ်။ အငယ်ထားတာဟာ
ရင်းနှီးမြှုပ်နှံမှုတစ်ခုလို့ သူဆိုတယ်။
အဲဒီလိုနဲ့ ထိုင်ဝမ်ပြန်ရောက်လို့ ဒီအကြောင်းကို မယားကြီးကသိတော့ သူ့ကိုနားရင်းအုပ်ပြီးဆူတယ်။
“ဘာဖြစ်လို့ အငယ်တစ်ယောက်ပဲ ထားခဲ့သလဲ” တဲ့…

0 comments:

Post a Comment

 
Penanggung Jawab Miftah Budi Kurniawan | Supported by Cheat Game 4U