တစ်ခါက ရွာတစ်ရွာတွင် အူတူတူသားအဖနှစ်ယောက် ရှိလေသည်။တစ်နေ့ ညသန်းခေါင်အချိန်တွင်
သားဖြစ်သူသည် ခြံထဲတွင် ဝါးလုံးရှည်ကြီး တစ်လုံးနှင့် လိုက်ပြီးရမ်းနေလေသည်။အဖေဖြစ်သူနိုးလာသော
အချိန်တွင် သားဘာလုပ်နေသည်ကို သိချင်သဖြ**့ လှမ်းမေးလိုက်လေသည်။
ဟေ့.......သား ညကြီးမိုးချုပ် ခြံထဲမှာဘာလုပ်နေတာလဲဟ...
ကြယ်တွေကို ရိုက်ချနေတာအဖေ........
ရိုက်လို့ရလားဟ.......
မရသေးဘူးအဖေ.....
ထိုအခါအဖေလုပ်သူမှသားကို ဆရာကြီးလေသံဖြ**့ လှမ်းပြောလိုက်သည်။
ဘယ်ရမလဲ .....မင်းက ခေါင်မိုးပေါ်မှ မတက်တာ.....
0 comments:
Post a Comment