Related Posts Plugin for WordPress, Blogger...

Wednesday, June 26, 2013

ပညာတတ်ကြဖို့ အရေးတကြီးလိုအပ်လျက်ရှိ။

ပညာတတ်ကြဖို့ အရေးတကြီးလိုအပ်လျက်ရှိ။

◄◄◄◄◄ အမျိုးစောင့်ဥပဒေကို ထောက်ခံတယ်/မထောက်ခံတယ် ရေးကြ ပြောကြတာတွေ ပလူပျံနေတာတွေ့ရပါတယ်။ တချို့တွေက ဆဲသံဆိုသံတွေ တညံညံပေါ့။ ►►►►►

ဒီနေရာမှာ အမျိုးအတွက် တားတာလည်း တားတာပေါ့။ ဒါပေမယ့် ကျနော် သိသလောက်က ပုံမှန်အားဖြင့် မြန်မာပြည်ဖွား မိန်းကလေးတွေက ကိုယ်နဲ့ ဘာသာလူမျိုး ကွဲပြားရင် လက်တွဲချင်တဲ့လူ မများသေးပါဘူး။ အိမ်ထောင်ရေးစဉ်းစားလျင် ဒါတွေကို ထည့်စဉ်းစားတာ များပါတယ်။ ဘယ်ဘာသာ ကိုးကွယ်ကိုးကွယ် အိမ်ထောင်ဘက်ကို ကိုယ့်ဘာသာဝင် ဖြစ်စေချင်ကြတာပါ။

ဒီတော့ မိန်းကလေးတွေသာ ပညာတတ်မယ်၊ လုံလောက်တဲ့ ဝင်ငွေရှိတဲ့ အလုပ်အကိုင် အခွင့်အလမ်းရှိမယ်ဆိုရင် သူတို့ရွေးချယ်သင့်တဲ့ အိမ်ထောင်ဘက်ကို ပိုပြီး ရွေးတတ်လာကြမယ် ထင်ပါတယ်။ နောက်ပြီး အိမ်ထောင်ဘက်ရွေးတာမှာ ဘာသာ၊ လူမျိုး ဆိုတာတွေအပြင် လုပ်ရည်ကိုင်ရည်၊ သဘောထားကြီးမှု၊ စာရိတ္တ ဆိုတာတွေပါ ထည့်သွင်းစဉ်းစားကြလို့ မြန်မာအမျိုးသားတွေကိုယ်တိုင်ကပါ ပိုပိုပြီး အရည်အချင်းပြည့်လာအောင် အားကိုးလောက်စရာ အမျိုးသားတွေ ဖြစ်လာအောင် လုပ်ရမှာ ကြိုးစားနေရမှာလို့ မြင်ပါတယ်။

လက်ရှိအနေထားရ...စီးပွားရေး မပြေလည်ကြတော့ ပညာရေးကို ဦးစားမပေးနိုင်တာကို လက်ခံပါတယ်။ တကယ်လဲ ကြုံတွေ့နေရတာပါပဲ၊ လူမှုရေး၊ စီးပွားရေး၊ ပညာရေး..စသဖြင့် အဖက်ဖက် ကပြည့်စုံဖို့ဆိုတာက....ရော့...အင့်..ဆိုပြီးချက်ချင်း မရနိုင်သေးပါဘူး။

ဘာပဲပြောပြော negative affect ကို ထည့်တွက်ရမယ်။ အောင်မြင်ချင်ရင် ထောက်ခံမယ့် လူရှာရမယ်။ အခြေအနေအရင်းအမြစ်ကို အဖြေမရှာရင် အားလုံးပွင့်ကန်ထွက်ကုန်မယ်။ အခုစားဝတ်နေရေးမပြေလည်ဘူးလို့ သိနေပြီ။

ဒါဆိုရင် ကျနော်တို့လုပ်သင့်တာ ဘာလို့ ကိုယ့်လူမျိုးလုပ်ငန်းရှင်တွေကို ဦးဆောင်ပြီး အလုပ်ဖန်တီးပေးတာတွေ၊ ပညာသင်ပေးတာတွေ မလုပ်သလဲ ?

တခြားလုပ်လို့ရတာတွေ အများကြီးပါ။

(တခုတော့ အမြင်မတော်ဘူးဗျာ။

အမျိုးစောင့် ဥပဒေကို လက်မခံလို့ ဆိုပြီး ဆဲဆိုနေကြတဲ့ စကားလုံးကြမ်းတွေနဲ့ မျက်နှာတောင် မပြနိုင်တဲ့ အမျိုးကောင်းသား (တချို့) ကို ကျနော် နားမလည်ပါ။ တကယ်ကောင်းတာကို တိုက်တွန်းနေတယ်ဆိုရင် မိဖဂုဏ်ကိုထိန်းပြီး ကျိုးသင့်ကြောင်းသင့်ပြောရမှာပါ

တကယ်ကို မြန်မာအမျိုးသမီးလေးတွေ အားကိုးလောက်အောင် ရှိတယ်လို့ ကိုယ့်ဘာသာ ယုံရင် မျက်နှာပြပြီး ဆွေးနွေးကြပါ။

ခင်ဗျားတို့သာ ခင်ဗျားတို့ကိုယ်တိုင်ပြောသလောက် ကောင်းနေရင် ကျနော့ ညီမလေးတွေနဲ့ မိတ်ဆက်ပေးချင်လို့ပါလို့)

ဝနေဆွ၏ Status အားထပ်ဆင့်ကူးယူဖော်ပြပါသည်။
Sayar Chan (Mandalay Image)

0 comments:

Post a Comment

 
Penanggung Jawab Miftah Budi Kurniawan | Supported by Cheat Game 4U