Related Posts Plugin for WordPress, Blogger...

Monday, September 30, 2013

လာမည့် ဇန်န၀ါရီ ဈေးကွက် တွင် အာဆင်နယ် နှင့် မန်ချက်စတာ ယူနိုက်တက် တို့ အပြိုင် လုဖွယ် ရှိနေ သည့် ဂျာမန် ကွင်းလယ် လူငယ်




လေဘာကူဆင် အသင်း၏ ကွင်းလယ် ကစားသမား လာစ်းဘန်ဒါ (Lars Bender) အား လာမည့် ဇန်န၀ါရီ အပြောင်းအရွေ့ ဈေးကွက် ပြန်ဖွင့်လျှင် ခေါ်ယူနိုင်ရန် မန်ချက်စတာ ယူနိုက်တက်နှင့် အာဆင်နယ် အသင်းတို့ အပြိုင် ကြိုးစား သွားကြ လိမ့်မည်ဟု Daily Star သတင်းစာက ဖော်ပြသွားသည်။

တကယ်တော့ ထိုကစားသမားအား အာဆယ်နယ်အသင်းက ပြီးခဲ့သည့် နွေရာသီ အပြောင်းအရွေ့ ဈေးကွက် ကတည်းက ပေါင် (၁၈)သန်းခွဲ ဖြင့် ကမ်းလှမ်း ခဲ့သော်လည်း ပယ်ချခြင်း ခံခဲ့ရသည်။

သို့အတွက်
အာဆင်ဝင်းဂါး အနေဖြင့် ထိုဂျာမန်လူငယ်အား ပေါင်သန်း(၂၀)အထက်ဖြင့် ကမ်းလှမ်းသွားရန် ရှိနေပြီး လာမည့် ဇန်န၀ါရီ ဈေးကွက်အတွက် ပြင်ဆင်ထားသည်ဟု သိရသည်။ ထို့အပြင် ဂျာမန်အသင်းဖေါ် ဖြစ်သူ အာဆင်နယ်ရောက် မတ်ဆုအိုဇေး ကလည်း အသင်းကို အားဖြည့် ဦးမည် ဆိုပါက လာစ်းဘန်ဒါ သာ အကောင်းဆုံး ရွေးချယ် မှု့ ဖြစ်လိမ့်မည် ဖြစ်ကြောင်း ထောက်ခံထားသည်။

ထို့အတူ ကွင်းလယ်အား ဖြည့်တင်းရန် ကြိုးစားရဦးမည့် ဒေးဗစ်မိုယက်စ် သည်လည်း အဆိုပါ ဂျာမန်လူငယ်အား ကမ်းလှမ်း မှု့ ပြုလုပ်သွား မည့်အကြောင်း ထုတ်ဖေါ် ပြောကြား ပြီးပြီး ဟုလည်း သိရသည်။

ပြီးခဲ့သည့် စနေနေ့က အိမ်ကွင်းတွင် ၀က်စ်ဘရွန်း အသင်းအား ရှုံးနိမ့်ခဲ့အပြီး ပထမနေရာမှ အာဆင်နယ် အသင်းနှင့် (၈)မှတ် အကွာ နံပါတ် (၁၂) နေရာသို့ ရောက်ရှိသွားခဲ့ရာ ဝေဖန်မှု့များ ရှိလာခဲ့အပြီး မိုယက်စ်က ကစားသမား ဖြည့်တင်းရန်လို အပ်နေသေးသည်ဟု ထုတ်ဖေါ် ပြောဆိုခဲ့သည်။

မန်ယူအသင်းသည် ပြီးခဲ့သည့် အပြောင်း အရွေ့ ဈေးကွက်က ဘာစီလိုနာမှ တီယာဂိုနှင့် ဖာဘရီဂတ်၊ ဂါရတ်ဘေး ၊ အန်ဒရာ ဟာရဲယား တို့အားခေါ်ယူနိုင်ရန် ကြိုးစားခဲ့သော်လည်း အောင်မြင်ခြင်း မရှိခဲ့ပဲ နောက်ဆုံး အပြောင်းအရွေ့ တံခါး ပိတ်ခါနီးမှ အဲဗာတန်မျ ဖလိုင်နီကို ခေါ်ယူနိုင်ခဲ့သည်။

Sayar Chan

0 comments:

Post a Comment

 
Penanggung Jawab Miftah Budi Kurniawan | Supported by Cheat Game 4U