ချဲလ်ဆီးတိုက်စစ်မှုး တောရက်စ်သည် လန်ဒန်ဒါဘီ ပွဲစဉ်တွင် စပါးနောက်ခံလူ
ဗာတွန်ဟန်ဖြင့် အချင်းများခဲ့ပြီး၊ ဗာတွန်ဟန်၏ မျက်နှာကို ကုတ်ခဲ့သည့်
ကိစ္စနှင့် ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုများ ခံယူရတော့မည် ဖြစ်သည်။
အဆိုပါ ပွဲစဉ်တွင်
(၂)၀ါ တစ်နီဖြင့် ထုတ်ပယ်ခံခဲ့ရသည့် တောရက်စ်သည် ကနဦး
ပြစ်ဒဏ်ကြောင့် (၁)ပွဲပယ် ပြစ်ဒဏ် ကျခံရမည် ဖြစ်ပြီး၊ ဗာတွန်ဟန်မျက်နှာအား
ကုတ်ခဲ့သည့် ကိစ္စနှင့် ပတ်သက်ပြီး ပြစ်မှု ထင်ရှားပါက ထပ်မံ၍ (၃)ပွဲပယ်
ပြစ်ဒဏ် ကျခံရမည်ဖြစ်သည်။
အက်ဖ်အေက ဖွဲ့စည်းထားသော စုံစမ်းစစ်ဆေးရေး ကော်မတီအနေဖြင့်
ဗွီဒီယိုဖိုင်ကို ပြန်လည်ကြည့်ရှုပြီး၊ ဖြစ်စဉ်အား စုံစမ်းသွားမည် ဖြစ်သည်။
အဆိုပါ ပြစ်ဒဏ်နှင့် ပက်သက်ပြီး အက်ဖ်အေ၏ စည်းမျဉ်းအနေရ တောရက်စ်အနေဖြင့်
အယူခံ ၀င်ခွင့် ရမည် မဟုတ်ပေ။ စုံစမ်းမှု အပြီး ပြစ်မှု ထင်ရှားပါက
အနီကဒ်ကြောင့် တစ်ပွဲပယ်ပြစ်ဒဏ်နှင့် ဖြစ်စဉ်မှ (၃)ပွဲကြောင့် စုစုပေါင်း
(၄)ပွဲပယ် ပြစ်ဒဏ် ကျခံရမည် ဖြစ်သည်။
Sayar Chan
0 comments:
Post a Comment