နေ၀န်းနီ (မန္တလေး) ဒုတိယဆုရရှိ ခဲ့သောစာမူဆောင်းပါးလေးပါ.. ။ ။
“အမျိုးသားယဉ်ကျေးမှု ထိန်းသိမ်းရေး”
____________________________
ကမ္ဘာမြေပုံအလယ်တွင် ဒေါင်းပျိလေးမလေးသဖွယ် ကြော့မော့တင့်တယ်
အသရေလျှမ်းနေသော တိုင်းပြည်သည် ကျွန်တော်တို့၏ အမိမြန်မာနိုင်ငံဖြစ်ပါသည်။
စေတီဘုရား ၊ တန်ဆောင်း ၊ကျောင်းကန်တို့ဖြင့် ငြိမ်းချမ်းသာယာသော
အမိမြန်မာနိုင်ငံကို ချမ်းမြေ့ကြည်နူးဖွယ် “ရွှေနိုင်ငံ” အဖြစ်
ကမ္ဘာကအသိမှတ်ပြုထားပါသည်။တရားရိပ်ငွေ့တို့ဖြင့် အေးမြဖြူစင်သော အမိမြန်မာ နိုင်ငံသည် ပြာလဲ့သော
ရေပြင် ၊ စိမ်းလန်းသော မြယာမြေ တို့မှပေါက်ဖွားလာသောရွှေဝါရောင်စပါးများ ရွှေသား ၊ စိန် ၊ ကျောက် စသော
ရတနာအလှများဖြင့် ရောက်ရှိလာသော မည်သူမဆို အပူကိုတိမ်း ပြီး ရင်ကိုငြိမ်းစေသော ရွှေရည်လိမ်းသည့်
အမိမြေဖြစ်ပါသည်။ ဧရာဝတီ ၊ ရွှေလီ ၊ ကစ္ဆပနဒီ နှင့် မြစ်မမြစ်ငယ် အသွယ်တို့တွယ်တာပေါင်းစည်းကာ
ဖြတ်သန်းစီးစင်းသော အမိမြေ ကချင် ၊ ကယား ၊ ကရင် ၊ချင်း ၊ မွန် ၊မြန်မာ ၊
ရခိုင် ၊ရှမ်း စသော တိုင်းရင်းသားပေါင်းတို့ မှိတင်းနေထိုင်ရာဖြစ်ပါသည်။
မြန်မာ့မြေတွင်နေ၊ မြန်မာ့ရေကိုသောက် ၊
မြန်မာ့လေကိုရှူကာ ကြီးပျင်းလာသော ပြည်ထောင်စုဖွားတိုင်းရင်းသားအားလုံး၏
ဂုဏ်ရောင်သည်ကမ္ဘာတွင် ထွန်းပြောင်ခဲ့ပေသည်။ “သူ့နိုင်ငံစား သံမှုန့် စား
မှတို့ဓားတုံးမည်” သက်တည်လော့ဟုဟစ်ကြွေး နိုင်သော မြန်မာ့သတ္တိကို
ကမ္ဘာကသိခဲ့ပါပြီ။ ထို့သို့သော သတ္တိအရာတွင် ထူးချွန်ပြောင်လှသောကြောင့်
မြန်မာတို့ကို လူရိုင်းများဟု သတ်မှတ်ချေက မှားပေမည်။ အဘယ်ကြောင့်ဆိုသော်
လူယဉ်ကျေးများဖြစ်ကြောင်းကို ယဉ်ကျေးမှုအထွတ်ထိပ်ရောက်ခဲ့ခြင်းက သက်သေတည်နေသောကြောင့်ပင် လူမျိုးတစ်မျိုးအဖြစ် ကမ္ဘာပေါ်တွင် တည်တံ့ရှည်ကြာစွာ နေထိုင်ရေးအတွက် ယဉ်ကျေးမှုသည်အခြေခံအုတ်မြစ်ဖြစ်သည်။
ယဉ်ကျေးမှုအခြေမခိုင်ပါက လူမျိုးမဏ္ဍိုင်ယိုင်လဲသွားမည် ။ ထို့ကြောင့်
မည်သည့်လူမျိုးမဆို မိ မိတို့ဆိုင်ရာ ဆိုင်ရာ
ယဉ်ကျေးမှုကိုထိန်းသိမ်းပေးရပါမည်။ မြန်မာ နိုင်ငံတွင်
နေထိုင်သော မြန်မာနိုင်ငံသူ ၊ မြန်မာနိုင်ငံသား တိုင်းသည်လည်းမြန်မာယဉ်ကျေးမှုကို ထိန်သိမ်းကြရပါမည်။မြန်မာ
ယဉ်ကျေးမှုလွန်စွာအဆင့်တန်းမြင့်ခဲ့ပါသည်။ လက်ညှိုးထိုးမလွဲနိုင်လောက်အောင်
လက်ရာမြောက်စေတီ ၊ ဘုရားများက ညွှန်ပြနေသည်။ ကျေက်စာများ ၊ ပေစာများ ၊
မင်စာများ ၊ ခေါင်းလောင်းစာများက မြန်မာ့်စာပေအဆင့်တန်းကို ဖော်ပြနေသည်။
လှပနုနွဲ့သော ပန်းချီလက်ရာများက ၊ ဖုထစ်ကြွရွနေသာ ပန်းပုလက်ရာများ
ကမြန်မာအနုပညာ အခန်းကဏ္ဍကိုတစ်ခန်းလှစ်ပြပြန်သည်။ ပြိုးပြက်လင်းနေသော အဆောင်နန်းတော်များ ၊ အ၀တ်အစားအသုံးအဆောင်များ ကမြန်မာ့လူနေမှုအဆင့်တန်းကို လက်ညှိုးထိုးပြသည်။
မြန်မာတို့၏ ယဉ်ကျေးခဲ့သော ဓလေ့စရိုက် အမူအကျင့်ထုံးစံတို့၏
သိမ်မွေ့နူးညံ့မှူ ၊ သာယာပျော့ပျောင်းမှု ၊ ချိုသာယဉ်ကျေးမှု တို့ကား
ကမ္ဘာပေါ်တွင် အယဉ်ကျေးဆုံးဟု ပြောစမှတ်ပြုပါ ပေသည်။ ထိုမျှယဉ်ကျေးခဲ့သော
ဓလေ့စရိုက်တို့ ကို မမှေးမှိန် မပျောက် ကွယ်သွားအောင် ထိန်းသိမ်းရမည့်
တာဝန်ကို မြန်မာလူမျိုးတိုင်း ဦးလည်မသုန်ဆောင်ရွက်သင့်သည်။ မိဘ ၊
ဆရာသမားစသော အနန္တော အနန္တဂိုဏ်းဝင်ကျေးဇူးရှင်သကဲ့သို့
သော ပုဂ္ဂိုလ်မျိုးကိုမဆိုထားဘိ ၊ မိမိထက်အသက်တစ်ရက် ၊ တစ်မိနစ်ကြီးသောသူ
ကိုပင် ဂါရဝေါစ ၊နိဝါတောစ တရားတို့ဖြင့် ရိုသေကိုင်းညွတ်စွာ ဆက်ဆံရပေမည်။
ဟီရိသြတ္တပ္ပ တရားကြီးမားခြင်းသည်လည်း မြန်မာ့အစဉ်အလာဓလေ့ဖြစ်သည်။
လုံနိုင်သမျှ လုံအောင် ဖုံးကာ အရှက်အကြောက်တရားကြီးမားကာ
လုံခြုံစွာနေတက်ကြသည်။ထို့ကြောင့် ရှေးလူကြီးများက အမျိုးသမီး (မိန်းကလေး)များကို “လုံမ”ဟုခေါ်တွင်စေသည်။ဒီခေတ်အခါတွင် ရှေးလူကြီးများ၏ စကားကိုပြင်ရတော့မည်။အဘယ်ကြောင့်ဆိုသော်
မိန်းကလေးများသည် လုံချုံစွာမ၀တ်ကြသောကြောင့်ပင်ဖြစ်ပေသည်။ထိုသို့သော
လူမှုရေး ဆိုင်ရာ ၊ ၀တ်စားဆင်ရေးဆိုင်ရာ ယဉ်ကျေးမှုတို့သည် ယခုအခါ
မှေးမိန်စပြုနေပြီ ။ ထိုသို့သောမှေးမှိန်ချင်းသည်ပင်လျှင်
ဆုတ်ယုတ်ပျက်စီးချင်းလမ်းမပေါ်သို့ လျှောက်နေခြင်းပင်ဖြစ်သည်။
မြန်မာတို့တစ်ချိန်က ဂုဏ်ယူစွာဝတ်ဆင်ခဲ့ကြသော ပင်နီအကျီင်္ ၊
ချိတ်ထဘီ ၊ထိုင်မသိမ်း စသည်တို့ သည် အခမ်းနားတို့တွင်သာဝတ်စရာအဖြစ်
သဘောထားခြင်းကို ခံလာရသည်။ မြန်မာ မိန်းကလေးများသည် ရင်ဖုံး အင်္ကျီနေရာတွင်
တီရှပ်ကိုခေါင်းကစွပ် ၊ လည်ဟိုက်မပေါ်တပေါ်များ ၀တ်လာကြသည်။ ချိန်ထဘီနေရာတွင်
ဂျင်းဘောင်းဘီ ၊ စတော့လ်ကင် ၊ ၀မ်းကွာတား ၊
ပေါင်တိုစကပ်တိုများနေရာယူလာသည်။
ခေတ်ရေစီးကြောင်း လိုက်သည်ကို မပြောလိုပေ။မိမိကိုယ် ကို လုံခြုံစွာဝတ်ရန်
ဖြစ်ပေသည်။ မြန်မာ့ယောကျာင်္းလေးများသည် ထိုနည်းတူပင်။
ကမ္ဘာကပင်လေးစားရသောအတုယူဝတ်ဆင်ရသော မြန်မာအ၀တ်စားများကို မြန်မာတို့ သည်အဘယ်ကြောင့် လေးစားဂုဏ်ယူစွာ မ၀တ်ဆင်ကြသနည်း။အဖြေကရှင်းပါသည်။
ကူးလူးဆက်ဆံရတက်သော သဘောအရ အနောက်တိုင်း ယဉ်းကျေးမှုတို့အဟုန်ပြင်းစွာ
ထိုးဖောက်ဝင်ရောက် လာသောကြောင့် ဖြစ်သည်။ မြန်မာတို့သည် မိမိယဉ်ကျေးမှု ကို
မိမိမှမထိန်းသိမ်းလျှင် ထိန်းသိမ်းပေးမည့်သူမရှိပေ။
တိုင်းခြားသားတို့ကလည်း မြန်မာတို့ကို စိတ်ဓာတ်ရေးရာအရလည်းပျက်စီးအောင်
တိုက်ခိုက်ကြသည်။မြင့်မတ် ခိုင်ကျည်စွာတည်ဆောက်ခဲ့သော
ယဉ်ကျေးမှုမဏ္ဍိုင်ကြီးကို ပျက်စီးပြိုလဲသွားအောင်
အနောက်တိုင်ယဉ်ကျေးမှုတို့ဖြင့်မှိုင်းတိုက်နေကြသည်။ထိုအချက်ကို
မြန်မာလူငယ်တို့သိမြင်လာကာ တွန်းလှန်ဖြိုဖျက်ရပေမည်။ အရှေ့ သည်
အရှေ့သာဖြစ်ပြီး အနောက်သည်အနောက်သာဖြစ်သည်။ ရေမြေချင်း
၊ယဉ်ကျေးမှုဓလေ့စရိုက်မတူ ညီသောဒေသမှ လူနှစ်ဦးကို
တစ်သားတည်းဖြစ်အောင်ပေါင်းစပ်မရနိုင်ပေ။ သို့သော်
တစ်နိုင်ငံနှင့်တစ်နိုင်ငံသည်ကူးလူးဆက်နေသည်။ထိုသို့ကူးလူးရာတွင်ယဉ်ကျေးမှုသည် တစ်ကဏ္ဍပါဝင်နေသည်။
ဝင်ရောက်လာသော ယဉ်ကျေးမှု ထဲတွင် ကောင်းသည်ရော ဆိုးသည်ပါ ရောနှောပါဝင်နေသည်။ဝင်ရောက်လာသောယဉ်ကျေးမှုကို လက်မခံရဟု တံခါးပိတ်ဝါဒကိုလက်ခံကျင့်သုံးနေမရပေ။ ချင့်ချိန်တက်သောဥာဏ်ဖြင့်ဝေဖန်ပိုင်းခြားကာရွေးချယ်လက်ခံရပေမည်။အတိတ်ကပြခဲ့သော
အဟောင်းတိုကထဲတွင် မကောင်းသည်များလည်းပါတက်ရာ ထိုအရာများကို ဖယ်`ရှားပြီး
ကောင်မွန်စွာအစားထို့းပေမည်။ အဟောင်းဝါဒဖြစ်စေ ၊ အသစ်ဝါဒဖြစ်စေ
တစ်ဖက်စွန်းရောက် ဆုတ်ကိုင်မထားဘဲ မျှတစွာ ဖြင့်ယဉ်ကျေးမှုမပျောက်ကွယ်သွားအောင် ထိန်းသိမ်းရပေမည်။ယခုခေတ်မြန်မာလူငယ်အချို့သည် ထိုသဘောမျိုး မရှိဘဲ ၀င်ရောက်လာသမျှသော တိုင်းခြားယဉ်ကျေးမှုများကို အတုခိုးကာ လိုက်လုပ်တက်ကြသည်။နိုင်ငံခြားကား ၊ ကိုရီးယားကားထဲတွင် ရေခဲသောတိုင်ပြည်ကမင်းသားသည်ကုတ်အင်္ကျီအရှည် နှင့်ဘောင်းဘီအထူကြီးဝတ်သည်မှာ စိတ်ပျက်စရာမကောင်းသော်လည်း မြန်မာနိုင်ငံ ကဲ့သို့သော ပူအိုက်သောဒေသတွင်အတုခိုးဝတ်ဆင်သောလူငယ်အချို့ကားစိတ်ပျက်စရာကောင်းလှသည်။ယခုခေတ်လူငယ်အချို့သည်
ဟစ်ဟော့တေးများ ကိုသိကျွမ်း ကျင်ကြသော်လည်း ချစ်သမျှကိုပတ် ပျိုး
ဆိုသည်ကို နားတွင် မကြားဖူးဟု ဆိုသည်မှာ ရင်နာဖွယ်ကောင်းလှသည်။လှပနုထွေးသော
မြန်မာစာမြန်မာကဗျာတို့ကို မြတ်နိုးတန်ဖိုးထားမည့်အစား
တိုင်းခြားစာတိုကို မှပိုမိုစိတ်ဝင်စားကာ တက်ချင်သည်။ ကမ္ဘာသုံး အင်္ဂလိပ်စာ
စကားပြော သင်တန်းများတက်ရောက်ချင်းကိုမပြောလိုပေ
။ ဥပမာ ။ ။ ကိုယ့်မြန်မာလူငယ်အချင်းချင်း တွေ့ကြသောအခါ
“မင်္ဂလာပါ”ဟုနှုတ်ဆက်ရမည်အစား နောက်တိုင်း (ကိုရီးယား)ဇာတ်ကားထဲကလို
“အညာစရော်” ဟုနှုတ်ဆက်ကြသည်။ ထို့အတူပင် နေကောင်းလား
စားပြီးလားလို့မေးသောအခါ ဟုတ်ကဲ့ပါ ဟုဖြေရမည်အစား “ရဲ” ဟုပြောဆိုကြသည်။
ဆိုလိုသည်မှ ဆုတ်ယုတ်ချင်းဖြစ်ပေသည်..။ ။
ထို့သို့သောသူများလာပါ ခက်ချေလိမ့်မည်။ ပျက်စီးစပြုလာပြီဖြစ်သော
မြန်မာလူငယ်တို့သည် လူကြီးများ ကထိန်းသိမ်းရပေမည်။ လူငယ်သည် ပေါ့ပေါ့နေ
ပေါ့ပေါ့စားတက်သော သဘော`ရှိသော်လည်း ရဲရင့်တည်ကြည် ပြီး အနာဂတ်ကို
တည်ဆောက်နိုင်ရမည်။ မြန်မာလူငယ်တို့မိမိတို့ယဉ်ကျေးမှုကို မြတ်နိုးလာအောင် ထိန်းသိမ်းလာတက်အောင် သွန် သင်ပေးရမည်။ စက်မှု့ပညာအရတွငထိပ်တန်းရောက်နေသော ဂျပန်နိုင်ငံသည်
`ရိုးရာယဉ်ကျေးမှုကို မပျောက်ပျက်အောာင် ထိန်းသိမ်းထားသည်ကိုအတုယူသင့်သည်။မြန်မာယဉ်ကျေးမှုထိန်းသိမ်းရေ သည် မြန်မာတစ်မျိုးသားလုံး၏တာဝန်ဖြစ်ပေသည်။သာယာသော တံတျာတေရှင် အသံများကိုနားသောတ၀ယ်ချိုငြိမ့်သောလှပနုနွဲ့သောစာတို့ဖြင့်
မြန်မာဂုဏ်ကိုမြင့်တင်ရင်း ကျက်သေရေအလွန်ရှိသော မြန်မာအမျိုးသားဝတ်စုံ ၊
မြန်မာ့အမျိုးသမီးဝတ် စုံတို့ဖြင့် မြန်မာအလှကိုဖော်ထုတ်ပြသရင်း တလက်လက်
တောက်ပနေသာ ဓားဦးတို့ဖြင့် မြန်မာ့ဇာတိမာန် ကိုထောက်ပြရင်းတိုးတက်သော
သာယာသောပြည်မြန်မာသို့ ဦးတည်လျှောက်လှမ်းရင်းတို့ဖြင့် မြန်မာ့အမျိုးသားယဉ်ကျေးမှုအစဉ်လာကို သမိုင်းပေးတာဝန်အဖြစ် ထမ်းဆောင်ရပေမည်…. ။ ။
သို့မှသာသူငါ`ရှု့မောရသော ရောင်စုံနှောသည့် ချစ်သောအမိနိုင်သည်
ကမ္ဘာအလည်တွင် တင့်တယ်ထည်ဝါစွာ ရပ်တည်နိုင်ပေမည်..။
။မြန်မာယဉ်ကျေးမှုပြည့်ဝစွာတည်ဆောက်ထားသော အမိမြန်မာနိုင်၏ အလှကိုမည်သို့သော ပန်းချီဆရာက ဆေးမီခြယ်သနိုင်ပါမည်နည်း…..။ ။ ။
နေ၀န်းနီ (မန္တလေး)
0 comments:
Post a Comment