Related Posts Plugin for WordPress, Blogger...

Thursday, July 18, 2013

ရိုးရာလက်ဝှေ့မှာ ကမ္ဘာ့အဆင့်ဖြစ်ပြီး ဆီးဂိမ်းပြိုင်ပွဲမှာ အပျော်တမ်းသာဖြစ်သည်ဟု လက်ဝှေ့အတွင်းရေးမှူး ပြော


မြန်မာ့ရိုးရာ လက်ဝှေ့ကစားနည်းမှာ ပရော်ဖက်ရှင်နယ် ကစားနည်းဖြစ်သောကြောင့် ဆီးဂိမ်းကစား နည်းအဖြစ် ပြောင်းလဲရန်မလွယ်ကူကြောင်း မြန်မာနိုင်ငံ ရိုးရာလက်ဝှေ့အဖွဲ့ချုပ် အတွင်းရေးမှူး ဦးစိုင်း ဇော်ဇော်က မဇ်္ဈိမသို့ ပြောသည်။

ရိုးရာလက်ဝှေ့ကစားနည်းမှာ ကမ္ဘာတ၀န်း လူသိများထင်ရှားပြီး ဆီးဂိမ်းတွင် ပါဝင်ကျင်းပရန် မြန်မာ အားကစား ပရိသတ်များက ဆန္ဒရှိနေသည်။ နှစ်,နှစ်လျှင်တစ်ကြိမ် ကျင်းပပြုလျက်ရှိသော ဆီးဂိမ်းပြိုင် ပွဲတွင် ထိုင်းရိုးရာကစားနည်းဖြစ်သော မွေထိုင်းကစားနည်းကို ထည့်သွင်းကျင်းပနေပြီး မြန်မာနိုင်ငံ တွင်ကျင်းပမည့် နေပြည်တော်ဆီးဂိမ်းတွင်လည်း ပါဝင်မည် ဖြစ်သည်။

ဆီးဂိမ်းတွင် မြန်မာ့ရိုးရာလက် ဝှေ့ကစားနည်း မပါဝင်နိုင်ခြင်းနှင့်ပတ်သက်ပြီး ဦးစိုင်းဇော်ဇော်က “ကျွန်တော်တို့ မြန်မာ့ရိုးရာလက်ဝှေ့ ကစားနည်းက ပရော်ဖက်ရှင်နယ်အဆင့် ဖြစ်တာကြောင့် ဆီးဂိမ်းကစားနည်းအဖြစ် ပြောင်းဖို့မလွယ်ပါဘူး။ ရိုးရာလက်ဝှေ့က ကမ္ဘာ့အဆင့်ဖြစ်ပြီး ဆီးဂိမ်းဆိုတာ အပျော်တမ်းပြိုင်ပွဲပါ။ ကျွန်တော်ဆိုလိုတာက ဆီးဂိမ်းတို့ အာရှအားကစားပွဲတို့ဆိုတာ နိုင်ငံဂုဏ်သိက္ခာအတွက် ကစားရတာပါ။ ဆုတံဆိပ်ပဲရပြီး ဆုကြေး မရပါဘူး။ ကျွန်တော်တို့ ရိုးရာလက်ဝှေ့ ကစားသမားတွေက ဆုကြေးစားတွေဖြစ်တဲ့အတွက် အပျော်တမ်းကိုပြောင်းဖို့ဆိုတာ မဖြစ်နိုင်ပါဘူး” ဟု ဦးစိုင်းဇော်ဇော်က မဇ်္ဈိမ၏ဆက်သွယ်မေးမြန်းမှုကို ဖြေကြားသည်။

မြန်မာ့ရိုးရာလက်ဝှေ့ ကစားသမားများ၏ တစ်ပွဲထိုးသတ်ကြေးမှာ သုံးသောင်း၊ရှစ်သောင်း၊ တစ်သိန်းခွဲ၊ ဆယ့်ငါးသိန်း၊ သိန်းလေးဆယ်စသည်ဖြင့် ကစားသမားအဆင့်အပေါ်မူတည်၍ သတ်မှတ်ကြောင်း သိရ သည်။ ထို့အပြင် ဦးစိုင်းဇော်ဇော်က မြန်မာ့ရိုးရာလက်ဝှေ့ကစားနည်းဖြင့် နိုင်ငံ့ဂုဏ်ဆောင်နိုင်ရန်မှာ ဆီးဂိမ်းတွင်ပါဝင်ခြင်းထက် ကမ္ဘာ့အဆင့်ပွဲကြီးများတွင် ၀င်ရောက်ယှဉ်ပြိုင်ခွင့်ရရန်သာ ကြိုးပမ်းသင့် ကြောင်းလည်း ဆက်လက်ပြောကြားသည်။

“ကျွန်တော့် တစ်ဦးတည်းအမြင်အရပြောရရင် ဆီးဂိမ်းမှာ ရိုးရာလက်ဝှေ့ကစားနည်းထည့်ပြီး နိုင်ငံ့ဂုဏ်ဆောင်ဖို့ထက် ကမ္ဘာ့အဆင့်တိုက်ခိုက်ပွဲတွေမှာ ၀င်ပြိုင် ခွင့်ရဖို့ ကြိုးပမ်းသင့်ပါတယ်။ ဒါလည်း ကမ္ဘာကသိပြီးနိုင်ငံ့ဂုဏ်ဆောင်နိုင်တာပါပဲ။ အခု အောင်လဆို မြန်မာနိုင်ငံသားမှန်း လူတိုင်းသိနေပြီ။ ရုရှားတို့ သြစတြေးလျတို့မှာလည်း ကလပ်တွေထောင်ပြီး ရိုးရာ လက်ဝှေ့ကို ကစားနေကြပြီ။ ဆီးဂိမ်းမှာမပါနိုင်တဲ့ နောက်တစ်ချက်က မွေကစားနည်းနဲ့ မြန်မာ့ရိုးရာ လက်ဝှေ့က သိပ်မကွာဘူး။ သူတို့က ဒူးမသုံးဘူး။ ကျွန်တော်တို့က ဒူးသုံးတယ်။ ဒါပဲကွာတယ်။ ဒါကြောင့် ရိုးရာလက်ဝှေ့ကို ဆီးဂိမ်းကစားနည်းပြောင်းရင် ဒုတိယမွေလို့ အပြောခံရမှာကိုလည်းစိုးရိမ်ပါတယ်” ဟု၎င်းက ဆိုသည်။
 
https://www.facebook.com/sayarchanbloger

0 comments:

Post a Comment

 
Penanggung Jawab Miftah Budi Kurniawan | Supported by Cheat Game 4U