Related Posts Plugin for WordPress, Blogger...

Thursday, July 18, 2013

မက်ဆေ့ခ်ျပို့ရုံဖြင့်ပင် ဖုန်းအင်တာနက် လျှောက်နိုင်မည်



မိုဘိုင်းဖုန်းအင်တာနက်ကို မိမိဖုန်းမှတစ်ဆင့် စာတိုပို့စနစ်(SMS) မက်ဆေ့ခ်ျပေးပို့ရုံဖြင့်ပင် လျှောက် ထားနိုင်သည့် အစီအစဉ်ကို လာမည့် သြဂုတ် ၁ ရက်တွင် စတင်မည်ဖြစ်သည်ဟု သတင်းအချက် အလက်နှင့် နည်းပညာဝန်ကြီးဌာန၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ မိုဘိုင်းသင်တန်းကျောင်းအုပ်ကြီး ဦးကျော်စိုးက မဇ္ဈိမကို ပြောသည်။

လက်ရှိတွင် မိုဘိုင်းဖုန်း အင်တာနက် လျှောက်ထားရာတွင် မြန်မာ့ဆက်သွယ်ရေး ရုံးသို့သွားရောက် လျှောက်ထားနိုင်သကဲ့သို့ ၀န်ဆောင်မှုပေးသည့် မိုဘိုင်းဖုန်းအရောင်းဆိုင်များတွင်လည်း ၀န်ဆောင်ခ ပေး၍ လျှောက်ထားနိုင်ခြင်းဖြစ်သည်။ မိုဘိုင်းဖုန်း အင်တာနက်လျှောက်ထားရာတွင် ငွေကျပ် ၁၀၀၀၀ ပေးသွင်းရသည်။ မိုဘိုင်းအင်တာနက်ကို မက်ဆေ့ခ်ျပို့ရုံဖြင့် လျှောက်ထားနိုင်ရာတွင် နံပါတ် ၁၃၃ သို့ Order Data Service ဟူသော စာသားပေးပို့လျှောက်ထားရမည်ဖြစ်သည်။

ဦးကျော်စိုးက “သြဂုတ်လကစပြီး မိုဘိုင်းဖုန်းနဲ့ SMS ပေးပို့ပြီး အင်တာနက်လျှောက်လို့ရမယ်။ လျှောက် ထားမယ့်သူရဲ့ ဖုန်းဘီလ်ထဲမှာ ငွေကျပ် ၁၀၀၀၀ နဲ့အထက်တော့ ရှိဖို့လိုတယ်။ ဖုန်းဘီလ်မှတစ်ဆင့် အင်တာနက်လိုင်း တပ်ဆင်ခကို ဖြတ်သွားမှာပါ”ဟု ပြောသည်။

မိုဘိုင်းအင်တာနက်လျှောက်ထားရာတွင် ပေးဆောင်ရသည့် ကျပ် ၁၀၀၀၀ ကို မိမိဖုန်းဘီလ်ထဲမှ ဖြတ် တောက်သွားမည်ဖြစ်ပြီး အင်တာနက်လိုင်းရရှိပါက "You Have ordered data Service Successfully " ဟု လျှောက်ထားသော မိုဘိုင်းဖုန်းသို့ စာတိုပို့စနစ်ဖြင့် ပြန်လည်ပေးပို့မည်ဖြစ်သည်။

မိုဘိုင်းဖုန်းအင်တာနက်ကို ပြင်ပ၀န်ဆောင်မှုပေးသူများမှတစ်ဆင့် လျှောက်ထားရာတွင် အင်တာနက် လျှောက်ခနှင့် ၀န်ဆောင်ခ စုစုပေါင်း ကျပ် ၁၁၀၀၀ မှ ၁၅၀၀၀ အထိ ပေးရကြောင်း ဈေးကွက်အတွင်းမှ သိရသည်။ သွားရောက်လျှောက်ထားရာတွင် ဖုန်းပိုင်ဆိုင်ကြောင်း စာချုပ်လည်း လိုအပ်သည်ဟုသွား ရောက်လျှောက်ထားသူများက ပြောသည်။ လျှောက်ထားပြီး သုံးရက်မှ ငါးရက်အတွင်း မိုဘိုင်းအင်တာနက်ကို အသုံးပြုနိုင်မည်ဖြစ်သည်။

ယင်းသို့လျှောက်ထားရာတွင် ဂျီအက်စ်အမ်၊ စီဒီအမ်အေ မိုဘိုင်းဖုန်းများအားလုံး လျှောက်ထားနိုင်ပြီး မိမိဖုန်းထဲတွင် ဖုန်းဘီလ်ကျပ် ၁၀၀၀၀ ကျော်ရှိရမည်ဖြစ်သည်။

SMS ပို့ရုံဖြင့် မိုဘိုင်းအင်တာနက်လျှောက်ထားနိုင်ခြင်းနှင့် ပတ်သက်ပြီး လျှောက်ထားလိုသူ ကုမ္ပဏီ ၀န်ထမ်းတစ်ဦးက “အချိန်ကုန်လည်း သက်သာတယ်။ နောက် ဆက်သွယ်ရေးရုံးတွေမှာ၊ ဆိုင်တွေမှာ သွားလျှောက်ရင် စောင့်ဆိုင်းရတာတွေ၊ လျှောက်ပေးတဲ့ပွဲစားတွေကို ပိုက်ဆံပိုပေးရတာတွေလည်း ပြေလည်သွားမယ်ထင်ပါတယ်”ဟု ပြောသည်။

လက်ရှိတွင် မိုဘိုင်းဖုန်းအင်တာနက်များအတွက် ဂျီအက်စ်အမ်ဖုန်းများကို တစ်မိနစ်လျှင် နှစ်ကျပ်နှုန်း ကောက်ခံပြီး WCDMA နှင့် စီဒီအမ်အေ ၈၀၀ မဂ္ဂါဟာ့ဇ်ဖုန်းများအတွက် တစ်မိနစ်လျှင် လေးကျပ် ကောက်ခံသည်။
 
https://www.facebook.com/sayarchanbloger

0 comments:

Post a Comment

 
Penanggung Jawab Miftah Budi Kurniawan | Supported by Cheat Game 4U