Related Posts Plugin for WordPress, Blogger...

Tuesday, November 26, 2013

မြန်မာနိုင်ငံတွင် လက်ခံကျင်းပမည့် ဆီးဂိမ်းစ်ပြိုင်ပွဲနှင့် ၂၀၁၄ ခုနှစ် အာဆီယံထိပ်သီး အစည်းအဝေးများတွင် အသုံးပြုရန် ရဲတပ်ဖွဲ့သုံး မော်တော်ဆိုင်ကယ် အစီး ၁၀၀ လှူဒါန်း



မြန်မာနိုင်ငံတွင် လက်ခံကျင်းပမည့် ဆီးဂိမ်းစ်ပြိုင်ပွဲနှင့် ၂၀၁၄ ခုနှစ် အာဆီယံထိပ်သီး အစည်းအဝေးများတွင် အသုံးပြုရန် ရဲတပ်ဖွဲ့သုံး မော်တော်ဆိုင်ကယ် အစီး ၁၀၀ အား နိုဝင်ဘာ ၂၅ ရက်က MICC အစည်းအဝေး ခန်းမတွင် ဆူဇူကီး ကုမ္ပဏီမှ မြန်မာအစိုးရသို့ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

အဆိုပါ လှူဒါန်းသည့် ရဲတပ်ဖွဲ့သုံး မော်တော်ဆိုင်ကယ်အား ဒီဇင်ဘာတွင် ကျင်းပမည့် ဆီးဂိမ်းပြိုင်ပွဲနှင့် မြန်မာနိုင်ငံ၌ ကျင်းပမည့် ၂၀၁၄ ခုနှစ် အာဆီယံထိပ်သီး အစည်းအဝေးများနှင့် ဆက်စပ် အစည်းအဝေးများသို့ တက်ရောက်မည့် အာဆီယံနိုင်ငံ အသီးသီးမှ အကြီးအကဲများ၏ လုံခြုံရေး
ယာဉ်တန်းများတွင် အသုံးပြုသွားမည် ဖြစ်ကြောင်း သိရသည်။

Mr.Toshihiro Suzuki က ''လာမည့် ဒီဇင်ဘာတွင် ဆီးဂိမ်း၏ အိမ်ရှင်နိုင်ငံ အဖြစ်သာမက၊ အာဆီယံထိပ်သီး အစည်းအဝေးများ လက်ခံကျင်းပမည့် အလှည့်ကျ အာဆီယံဥက္ကဋ္ဌ နိုင်ငံဖြစ်သော မြန်မာနိုင်ငံ၏ အမျိုးသားရေးရာပိုင်း ဂုဏ်ယူဝမ်းမြောက်ဖွယ်ရာ ဆောင်ရွက်ချက်များကို စဉ်ဆက်မပြတ် ကြိုဆိုလျက် ကမ္ဘာတစ်ဝန်းက ထောက်ခံအားပေးမှုကို ရရှိထားသော DL650 စနစ် အခြေခံ ရဲသုံးဆိုင်ကယ် အစီး ၁၀၀ ကို လှူဒါန်းနိုင်သည့် အခွင့်အရေးရရှိပြီး နိုင်ငံတော်၏ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များတွင် တစ်တပ်တစ်အား ပါဝင်ဖြည့်ကူညီခွင့် ရသည့်အတွက် Suzuki မော်တော် ကော်ပိုရေးရှင်းမှ ဂုဏ်ယူဝမ်းမြောက် မိပါတယ်'' ဟု ပြောကြားသည်။

ရဲတပ်ဖွဲ့သုံး Suzuki ဆိုင်ကယ် လှူဒါန်းပေးအပ်ပွဲ အခမ်းအနားတွင် ပြည်ထဲရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ သမ္မတရုံးဝန်ကြီး၊ နိုင်ငံခြားရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ရထားပို့ဆောင်ရေး ၀န်ကြီးဌာန ဒုတိယ ၀န်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

(Suzuki မှ လှူဒါန်းသော ရဲတပ်ဖွဲ့သုံး မော်တော်ဆိုင်ကယ်များကို တွေ့ရစဉ်)

0 comments:

Post a Comment

 
Penanggung Jawab Miftah Budi Kurniawan | Supported by Cheat Game 4U