
နိုင်ငံတကာ သုံးစွဲသူ အီလက်ထရောနစ် ပြပွဲ (CES) မှာ ရင်ခုန်စိတ်လှုပ်ရှားဖွယ် မောင်းသူမဲ့ ကားနည်းပညာနဲ့ပတ်သက်ပြီး ထိပ်တန်းကားကုမ္ပဏီတွေက ပြသသွားပါတယ်။
BMW နဲ့ Audi ကားကုမ္ပဏီတွေဟာ သူတို့ရဲ့ နောက်ဆုံးပေါ် မောင်သူမဲ့ ကားနည်းပညာကို ထုတ်ဖော်ခဲ့ပြီး အစမ်းမောင်းပြမှုတွေ လုပ်ခဲ့တယ်လို့သိရပါတယ်။ Nevada မှာအစမ်းမောင်းပြခဲ့ပြီး ဒီပြည်နယ်ဟာ မောင်းသူမဲ့ကား အစမ်းမောင်းတာကို ခွင့်ပြုထားတဲ့ အနည်းငယ်သော ပြည်နယ်တွေထဲက တစ်ခုဖြစ်ပါတယ်။ မောင်းသူမဲ့ကားမောင်းထွက်ဖို့ဆိုရင်တော့ ယာဉ်မောင်းခုံမှာ လူတစ်ယောက်တော့ ထိုင်ပေးထားဖို့ လိုအပ်ပါလိမ့်မယ်။
ထိန်းချုပ်စနစ်က ဘယ်လောက်တိကျတယ်ဆိုတာနဲ့ အရေးကြုံလာတဲ့အခြေအနေမှာ ဘယ်လိုကိုင်တွယ်ဖြေရှင်းနိုင်တယ်ဆိုတာကို ပြသတဲ့အနေနဲ့ ထိန်းညှိုထားတဲ့ drift ဆွဲပြသွားပါသေးတယ်။
“ခင်ဗျားမှာရှိတဲ့ အကောင်းဆုံး အစမ်းယာဉ်မောင်း တစ်ယောက်နဲ့အတူတူပဲ။” လို့ BMW ပရောဂျက်မန်နေဂျာ ယာဉ်မောင်း Dr. Werner Huber ကပြောသွားပါတယ်။





1:02 AM
sayarchan.blogspot.com
Posted in:
0 comments:
Post a Comment