Related Posts Plugin for WordPress, Blogger...

Wednesday, September 25, 2013

ကင်ညာရှော့ပင်းစင်တာ အကြမ်းဖက်မှု ပြီးဆုံးပြီ

ကင်ညာရှော့ပင်းစင်တာ အကြမ်းဖက်မှု ပြီးဆုံးပြီ
Wednesday, September 25, 2013

အာဖရှိကတိုက်ရှိ ကင်ညာနိုင်ငံရဲ့ မြို့တော် Nairobi မြို့က ရှော့ပင်းဈေးဆိုင်မှာ Al Shabab အကြမ်းဖက်တွေရဲ့ အနုကြမ်းစီးမှုဟာ ၄ ရက်မြောက်နေ့မှာ ပြီးဆုံးသွားပြီဖြစ်တဲ့အကြောင်း ကင်ညာနိုင်ငံသမ္မတ Uhuru Kenyatta က ကြေညာခဲ့ပါတယ်။

၎ ရက်ကြာ အနုကြမ်းစီးမှုအတွင်း လူပေါင်း ၆၀ ကျော် သေဆုံးခဲ့ပြီး ရှော့ပင်းစင်တာထဲမှာ နံရံတွေ ပြိုကျခဲ့တဲ့အတွက် ပျောက်ဆုံးနေသူ အမြောက်အများ ရှိသေးတယ်လို့ သိရပါတယ်။

ရှော့ပင်းစင်တာမှာ စစ်သား ၁၁ ဦး ဒဏ်ရာရခဲ့ပြီး ဆေးရုံအရောက်မှာတော့ သုံးဦး ကျဆုံးသွားပါတယ်။

နှစ်ဖက်ပစ်ခတ်မှုအတွင်း အကြမ်းဖက်သမား ၅ ဦး ပစ်သတ် ခံခဲ့ရပြီး ၁၁ ဦး ဖမ်းဆီးထားပြီလို့ သိရပါတယ်။

လူပေါင်း ၂၀၀ ကျော် ဒဏ်ရာရပြီး ဆေးရုံတင်ထားရပါတယ်။

အခုလို အကြမ်းဖက် တိုက်ခိုက်ဖို့ Al Shabab စစ်သွေးကြွတွေက ပြီးခဲ့တဲ့ တစ်နှစ်ကတည်းက ရှော့ပင်းစင်တာ အနီးမှာ ရှိတဲ့ နေအိမ်တစ်အိမ်မှာ အိမ်ဌားနေပြီး စတင်ကြံစည်မှု ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

အကြမ်းဖက်သမားတွေဟာ နိုင်ငံအတော်များများက ဖြစ်ကြပြီး ဆိုမားလီးယားနိုင်ငံမှာ ကင်ညာစစ်တပ်တွေ တပ်ချထားမှုကို ရုတ်သိမ်းပေးဖို့ တောင်းဆိုမှု ရှိခဲ့တယ်လို့ သိရပါတယ်။

Al Shabab စစ်သွေးကြွတွေရဲ့ ကွန်ယက်ဟာ နိုင်ငံတကာ အဆင့် ပါဝင်ဆက်နွယ်မှုတွေ ရှိတယ်လို့ ဆိုပါတယ်။

သေဆုံးသူတွေထဲမှာ ဆယ်ကျော်သက် အမေရိကန်နိုင်ငံသား ၃ ဦး၊ ဗြိတိသျှနိုင်ငံသား ၂ ဦးအပါအဝင် သြစတြေးလျနိုင်ငံသား တစ်ဦးလည်း ပါဝင်ပါတယ်။

ABC Radio Australia

ရှော့ပင်းဈေးဆိုင်တိုက် အပြင်မှာ အသင့်နေရာ ယူထားကြတဲ့ ကင်ညာစစ်သားများ (Credit: AFP) 

http://www.myanmaronlinenews.net/2013/09/blog-post_7558.html

Facebook မှာ Password မေ့သွားလို့ဘယ်လိုပြန်လုပ်ရမယ်လဲ......? facebook မှာ lock ဖြစ်သွားတဲ့ အကောင့် တွေလည်းအများကြီးပါ။တကယ်တော့ တင်းကျပ်လာတဲ့  facebook ရဲ့ pivicay တွေကိုမသိလို့ ခဏတာလော့ ကျသွားတဲ့ အကောင့် တွေကိုဒီနည်းနဲ့ ပြန်ပြီးယူလို့ ရပါတယ်။password ပြန်ပြီအသစ် စ်ပြောင်းချင်သူများလည်းဒီမှာလိုက်လုပ်ကြည့် ပါ။တစ်ချို့ လော့ကျတဲ့  facebook အကောင့် တွေကိုမဖွင့် ပဲ တစ်ပါတ်လောက်ပစ်ထားပြီးဒီနည်းအတိုင်းလိုက်လုပ်ကြည့် လိုက်ပါ။အဆင်ပြေပါတယ်။ဒါဆိုရင်လတ်တလောအပူတွေဖြစ်နေတဲ့ သူငယ်ချင်းတွေကိုလည်းအကောင်းဆုံးကူညီပေးနိုင်မယ်လို့ မျှော်လင့် ပါတယ်။ (အဆင့်-၁) Facebook webpage ကိုဖွင့်လိုက်ပါ။ အောက်ကပုံလေးမှာ ပြထားတဲ့ အတိုင်း မိမိရဲ့Facebook email ကိုရိုက်ထည့်လိုက်ပါ။ပြီးလျှင် Forgot your password? ဆိုတဲ့ လင့်ကို ကလစ်နှိပ်လိုက်ပါ။ (အဆင့်-၂ ) Enter your email or phone number ဆိုတဲ့ အကွက်ကလေးမှာ မိမိရဲ့  facebook email ကို ရိုက်ထည့်ပေးပါ။ပြီးရင် Search ကို ကလစ်နှိပ်လိုက်ပါ။ (အဆင့်-၃) This Is My Account ဆိုတာကိုနှိပ်ပေးလိုက်ပါ။ (အဆင့်-၄) Continue ဆိုတာကိုနှိပ်လိုက်ပါ။ ( အဆင့်-၅) ဒီအဆင့်မှာတော့ အခုစာမျက်နှာကို ဒီတိုင်းထားပြီး email အကောင့် ကိုဖွင့် လိုက်ပါ။ ( အဆင့်-၆ ) facebook ကနေမိမိတို့  email ကိုစာတစ်စောင်ရောက်နေပါလိမ့် မယ်။အဲဒီကကုဒ်နံပါတ်ကိုယူလိုက်ပါ။ ( အဆင့်-၇ ) အောက်ကပုံအတိုင်း အဲဒီမှာပါတဲ့ လျှို့ဝှက်ကုဒ်ကိုကော်ပီကူပြီးဖြည့်လိုက်ပါပြီး။ထို့နောက် Continue ဆိုတာကိုနှိပ်လိုက်ပါ။ ( အဆင့်-၈ ) Choose a new password ဆိုတဲ့ Box မှာ password အသစ်ရိုက်ထည့်ဖို့ အကွက်ကလေးနှစ်ကွက်ပေါ်လာပါလိ့မ်မယ်။ အဲဒီမှာ မိမိအသစ်ပြန်ပြောင်းလိုတဲ့ password ကိုအကွက်2ခုမှာ မှန်အောင်ဖြည့်လိုက်ပါ။ ပြီးရင်Continue ဆိုတာကိုနှိပ်လိုက်ပါ အထက်ပါ အဆင့်တွေ အားလုံးလုပ်ဆောင်ပြီးသွားပါက password အသစ်ပြန်ရလို့ ဖေ့စ်ဘုတ် အကောင့်ကိုလည်ပြန်အသုံးပြုလို့ ရပါပြီ။ credit to -ကိုလင်းသလ္လာဝတီ

Source: http://www.aungkyaw.net/2013/09/facebook-password.html
www.aungkyaw.net မှ ပြန်လည်မျှဝေသည်v

0 comments:

Post a Comment

Penanggung Jawab Miftah Budi Kurniawan | Supported by Cheat Game 4U