Related Posts Plugin for WordPress, Blogger...

Tuesday, September 24, 2013

နန့်ဆန်တွင် ကိုယ်ဝန်ဆောင်တစ်ဦး အပါအ၀င် လူသုံးဦး ကားနှင့်အတူ ချောက်အတွင်း ပြုတ်ကျခြင်းကို ခရီးသွားများက တွေ့ရှိကယ်ဆယ်နိုင်ခဲ့



ချောက်အတွင်း ကျသွားသော ကိုယ်ဝန်ဆောင်မိခင်အား ပြန်လည်သယ်ဆောင်လာစဉ် (ဓာတ်ပုံ-အောင်သူ)

ရှမ်းပြည်နယ် မြောက်ပိုင်း နန့်ဆန်ဒေသတွင် ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦး၊ အမျိုးသားနှစ်ဦး ကားနှင့်အတူ ချောက်အတွင်း ပြုတ်ကျသော်လည်း အသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့ကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ စက်တင်ဘာ ၂၂ ရက် နံနက် ၉ နာရီခန့်က နန့်ဆန်မြို့ မန်ကန်းရွာနှင့် စခန်းသာ ကျေးရွာကြား မိုင်တိုင် ၃၉ ရှိ ကိုး မိုင်ကွေ့တွင် ကျောက်သယ် ထော်လာဂျီကားတစ်စီး အရှိန်လွန်ကာ ချောက်အတွင်း ပြုတ်ကျမှု ဖြစ်ပွားခဲ့ပြီး ကားနှင့်အတူ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် တစ်ဦးအပါအ၀င် ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦး တို့မှာလည်း ချောက်အတွင်းသို့ ပြုတ်ကျသွားခဲ့ကြောင်း သိရသည်။

''ကိုယ်ဝန်ဆောင် အမျိုးသမီးက စခန်းသာရွာကနေ ထွေလာဂျီကားကို လမ်းကြုံ တားစီးခဲ့တာ။ အကွေ့မှာ အရှိန်လွန်ပြီး
ချောက်ထဲကျသွားတယ်။ ယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက်ကတော့ ချောက်ထဲကနေ သူတို့ဘာသာ ပြန်တက်လာကြတာ။ အမျိုးသမီးတစ်ဦး ပါသွားတယ် ဆိုတာသိလို့ ဆင်းကယ်ခဲ့ကြတာ'' ဟု စခန်းသာရွာမှ ပလောင်တိုင်းရင်းသား ကိုထွန်းကျော်က ပြောကြားခဲ့သည်။



ချောက်အတွင်း ပြုတ်ကျသွားသော ကိုယ်ဝန်ဆောင် မိခင်အား ပြန်လည် သယ်ဆောင်လာစဉ်

''နန့်ဆန်မြို့ ဇယန်းကြီး ကျေးရွာမှာ ငြိမ်းချမ်းရေးနေ့ အထိမ်းအမှတ် သစ်ပင်သွားစိုက်ရင်း အပြန်မှာ ချောက်ထဲ ကားကျတယ်ဆိုတာ သိရလို့ ဒေသခံတွေနဲ့ အဖွဲ့သားတွေ ဆင်းကယ်ဖြစ်ခဲ့တယ်။ ကိုယ်ဝန်ဆောင် အမျိုးသမီးကို ချောက်ထဲကနေ အဖွဲ့လိုက် ထမ်းခေါ်လာပြီး နန့်ဆန်ဆေးရုံကို ပို့ပေးခဲ့ရတယ်'' ဟု မန္တလေးမြို့ စိမ်းရောင်စို အရိပ်ရသစ်ပင် စိုက်ပျိုးရေး အဖွဲ့မှ အဖွဲ့ဝင်တစ်ဦးက ပြောကြားသည်။

ချောက်အတွင်းမှ ကယ်ဆယ်ခဲ့သော အမျိုးသမီးသည် ကိုယ်ဝန်ရှစ်လ ရှိနေသူဖြစ်ပြီး ကားလမ်းပေါ်သို့ ပြန်အရောက်တွင် စကားပြောဆို နိုင်သော်လည်း တစ်ကိုယ်လုံး အထိမခံနိုင်အောင် အတွင်းဒဏ်ရာများ ရရှိခဲ့ကြောင်း၊ ချောက်အတွင်း ကျသွားသည့် ထော်လာဂျီယာဉ်မှာ စခန်းသာ ဆောက်လုပ်ရေးလမ်း အထူးအဖွဲ့(၁)မှ ကျောက်သည်ယာဉ် တစ်စီးဖြစ်ကြောင်း သိရသည်။

0 comments:

Post a Comment

 
Penanggung Jawab Miftah Budi Kurniawan | Supported by Cheat Game 4U