Related Posts Plugin for WordPress, Blogger...

Tuesday, September 24, 2013

သူရ ဦးရွှေမန်းနဲ့ မစ္စယင်လတ်တို့ ထားဝယ်စီမံကိန်းကိစ္စ ဆွေးနွေး

ထိုင်းနိုင်ငံကို ၅ ရက်တာ အလည်အပတ် ခရီးရောက်နေတဲ့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ၊ ပြည်ထောင်စု လွှတ်တော် နာယက သူရ ဦးရွှေမန်းဟာ မနေ့ကတော့ ထိုင်းဝန်ကြီးချုပ် မစ္စ ယင်လတ် ရှင်နာဝပ်နဲ့ တွေ့ဆုံပြီး ထားဝယ်အထူး စီးပွားရေးဇုံကိစ္စ ဆွေးနွေးကြတယ်လို့ သိရပါတယ်။ 

 ဓာတ်ပုံ- Bangkok post~~



ထိုင်း နိုင်ငံ အစိုးရ အိမ်တော်မှာ တွေ့ဆုံမှုမှာ ထားဝယ်စီးပွားရေးဇုံ စီမံကိန်းဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းတွေကို အရှိန်မြှင့် လုပ်ဆောင်သွားကြဖို့ သူရ ဦးရွှေမန်းနဲ့ မစ္စယင်လတ်တို့ သဘောတူကြတဲ့အကြောင်း ယနေ့ နေ့စွဲနဲ့ ဘန်ကောက်ပို့စ် သတင်းတပုဒ် က ဖော်ပြပါတယ်။ 

ထိုင်းဝန်ကြီးချုပ် မစ္စယင်လတ်က ထားဝယ်အထူးစီးပွားရေးဇုံမှာ အခြေခံ အဆောက်အအုံကဏ္ဍ၊ စွမ်းအင် နဲ့ ရေ ကဏ္ဍ အစရှိတာတွေနဲ့ပတ်သက်ပြီး ပြောကြားတယ်လို့လည်း ဆိုပါတယ်။ 


“ဒီစီမံကိန်း ရှေ့ဆက် တိုးပြီး ဆောင်ရွက်ဖို့ မြန်မာ- ထိုင်း ၂ နိုင်ငံ အတူလက်တွဲ လုပ်ဆောင်သွားကြမယ်။ ပြီးတော့ ထားဝယ် ရေနက် ဆိပ်ကမ်းက ပေါ်ထွက်လာမယ့် အကျိုးအမြတ်တွေနဲ့ပတ်သက်ပြီးလည်း လူထုတွေကို အသိပေး သွားရမှာပါ” လို့ မစ္စယင်လတ်က ဘန်ကောက်ပို့စ်ကို ပြောထားပါတယ်။ 

မနေ့က ဘန်ကောက်ပို့စ်မှာ လက်ရှိ ထိုင်းဝန်ကြီးချုပ် မစ္စ ယင်လတ် ရှင်နာဝပ်ရဲ့ အကိုဖြစ်သူ သက်ဆင် ရှင်နာဝပ်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ စင်ကာပူက ဖော်မြူလာဝမ်း ကားပြိုင်ပွဲမှာ အမှတ်မထင်တွေ့တာကို သတင်းတပုဒ်အဖြစ် ဖော်ပြခဲ့ပါသေးတယ်။

0 comments:

Post a Comment

 
Penanggung Jawab Miftah Budi Kurniawan | Supported by Cheat Game 4U