Related Posts Plugin for WordPress, Blogger...

Thursday, August 15, 2013

အလုပ်ထုတ်ခံရရင် ဘာတွေလုပ်ကြမှာလဲ

စီးပွားရေးလုပ်ငန်းတွေ ကောင်းနေသည်ဖြစ်စေ၊ ဆိုးနေသည်ဖြစ်စေ သင်ခန့်မှန်းဖို့ ခက်တာကတော့ အလုပ်တစ်ခုမှာ တည်မြဲရေးပါ။ ဘာကြောင့်လဲဆိုတော့ လုပ်ငန်းခွင်တစ်ခုမှာ နေရာအပြောင်းအလဲ လုပ်လိုက်လို့ ရာထူးဆက်ခံတဲ့ ပုဂ်္ဂိုလ်သစ်ကအဖွဲ့ကို အနည်းငယ် ပြန်လည်စုစည်းမှု ပြုလုပ်ခြင်းဖြင့် ငွေ ကုန်ကြေးကျ ပိုလာမယ်ဆိုတာကို ပြောလေ့ရှိပါတယ်။ တစ်ချိန်ထဲမှာပဲ သင့်ရဲ့အလုပ်တည်မြဲရေးကို လည်း ထိခိုက်လာပါတယ်။ ဆိုလိုတာကတော့ အလုပ်ရပ်နားစာတွေ ဘာတွေသင့်ဆီကို ပို့နိုင်လို့ပါပဲ။

တကယ်တော့ အလုပ်ထုတ်ခံရတယ်ဆိုတာ သင့်အနေနဲ့ မလိုချင်ဆုံး အဖြစ်အပျက်တွေထဲက တစ်ခု ဖြစ်မှာပါ။ ဒီလို ကိစ္စရပ်မျိုး ကြုံတွေ့လာရပြီဆိုရင် သင့်အနေနဲ့ ဒါဟာအရမ်းကိုကြောက်စရာ မကောင်း ဘူးဆိုတဲ့ အသိနဲ့ သင့်ကိုယ်သင် လုံခြုံအောင် လုပ်ရမှာပါ။
ယခုတင်ပြသလို လုပ်နိုင်မယ့် အချက် ဆယ်ချက်ကို ရှင်းလင်းတင်ပြသွားပါမယ်။ မဇ္ဈိမက နေ့စဉ် ဖော်ပြ ပေးသွားမှာ ဖြစ်ပါတယ်။

၉။ သူငယ်ချင်းအသစ်တွေ ရှာပါ။

အများအားဖြင့် အလုပ်ဖြုတ်ခံလိုက်ရပြီဆိုရင် လူတော်တော်များများနဲ့ စကားမပြောချင် ဖြစ်သွားတတ်ပါ တယ်။ ပြီးတော့ ဟိုလူနဲ့ အဆင်မပြေ၊ ဒီလူနဲ့ အဆင်မပြေ။ အဲ့ဒီလို ခံစားရတတ်ပါတယ်။ အားလုံးက ငါ့ကို တစ်မျိုးမြင်ကြတယ်ဆိုပြီး ကိုယ့်ကိုယ်ကိုယ်

သိမ်ငယ်တတ်ပြန်ပါတယ်။ ဒါဟာ မှားယွင်းတဲ့ ယူဆ ချက် တွေပါပဲ။ အမှန်တကယ် လုပ်ရမှာက နဂိုရှိပြီးသား သူငယ်ချင်းတွေ၊ ကိုယ့်ရဲ့ လူမှုကွန်ရက်ကို ဖြန့် ကျက်ရမှာပါ။ ဆုံးရှုံးမှုကနေ ပြန်လည်အားသစ်မွေးရမယ်ဆိုတဲ့ အချက်က ဒီအချက်ပါပဲ။

အိမ်တွင်းအောင်း မနေပါနှင့်။ ဘယ်နေရာ၊ ဘယ်အချိန်ဖြစ်ဖြစ် လူတွေနဲ့ ရောရောထွေးထွေး၊ ရင်းရင်းနှီး နှီးနေပါ။ အရင်အလုပ်မှာ လုပ်ခဲ့ဖူးတဲ့ လူတွေနဲ့ အဆက်အသွယ် မပြတ်ပါစေနဲ့။ ဒီလူတွေဟာ ကိုယ့် အကြောင်းကို သိတဲ့သူတွေ၊ နောက်အလုပ်တစ်ခုအတွက် အထောက်အကူပြုမဲ့သူတွေဆိုတာ ဂရုပြုပါ။ ဒါပေမဲ့ ဒီလူတွေကို အားကိုးနေတာမျိုး မဟုတ်ဘဲ ကိုယ့်ဘာသာလည်း ပြင်ဆင်နေရပါမယ်။ သူတို့နဲ့ အမြဲတမ်း ဆက်သွယ်နေခြင်းက ကိုယ်ရရှိမဲ့ သတင်းအချက်အလက်တွေကို မပြတ်လေ့လာနေခြင်း တစ်မျိုးလည်းဖြစ်ပါတယ်။ ၀မ်းနည်းစရာကောင်းတာက တစ်ချို့အရမ်းခင်ပါတဲ့ဆိုတဲ့ သူငယ်ချင်းတွေ ဟာ အလုပ်မရှိတော့တဲ့ ကိုယ့်ကို သိပ်မဆက်ဆံချင်တာမျိုး ဖြစ်သွားတတ်ပါတယ်။ ဒါပေမဲ့ ဒါဟာလည်း ဘယ်သူငယ်ချင်းက ဘယ်လိုလူလည်းဆိုတာ သိရခြင်းတစ်မျိုးပါပဲ။




Sayar Chan

0 comments:

Post a Comment

 
Penanggung Jawab Miftah Budi Kurniawan | Supported by Cheat Game 4U