Related Posts Plugin for WordPress, Blogger...

Saturday, August 24, 2013

၅၂ နှစ်မြောက် နိုင်ငံတော်ဘာသာနေ့၊ သြဂုတ်လ ၂၆ရက်

၅၂ နှစ်မြောက် နိုင်ငံတော်ဘာသာနေ့၊ သြဂုတ်လ ၂၆ရက်

တွင် ဗုဒ္ဓဘာသာအိမ်တိုင်း သာသနာ့အလံတော် လွှင့်ထူကြရန် အသိပေး

ပြည်ထောင်စု မြန်မာနိုင်ငံတော်တွင် ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာအဖြစ်
အတည်ပြုသတ်မှတ်ပြဌာန်းခဲ့ခြင်းသည် ယခုနှစ်တွင် ၅၂နှစ်မြောက်ပြီ
ဖြစ်သည်။

“အမျိုး- ဘာသာ- သာသနာအတွက်”ဟူသော ဆောင်ပုဒ်ဖြင့်
“ထေရ၀ါဒ ဓမ္မကွန်ရက်”ကို တိပိဋကဓရ ဆရာတော်ကြီးများ၏ သြ၀ါဒကို
ခံယူကာ ဘာသာရေးအသင်းအဖွဲ့များ၊ ပရဟိတအသင်းအဖွဲ့များ စုစည်း
ချိတ်ဆက်၍ ၂၆.၈.၂၀၁၂တွင် စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

သြဂုတ် ၂၅
ရက်နေ့၊ နံနက် ၇နာရီမှ ၁၁နာရီထိ အသင်းအဖွဲ့များ၏ သာသနာရေး
အလုပ်ရုံဆွေးနွေးပွဲ၊ မိနစ် ၂၀စာ စာတမ်းဖတ်ပွဲ၊ မွန်းတည့် ၁၂နာရီမှ ညနေ
၎နာရီထိ နိုင်ငံတော်ဘာသာနေ့အကြိုအခမ်းအနားကို ၂၆ရပ်ကွက်၊ ဒဂုံမြို့သစ်
(တောင်ပိုင်း)မြို့နယ်ရှိ ပိဋကသုံးပုံ နိကာယ်စာသင် တိုက်(ပန်းခြံမှတ်တိုင်အနီး) တွင် ကျင်းပသွားမည်ဖြစ်သည်။

“ထေရ၀ါဒ ဓမ်္မကွန်ရက်” နှစ်ပတ်လည်
စုံညီအစည်းအဝေးပွဲကြီးတွင် မြန်မာနိုင်ငံဒေသအသီးသီးမှ ဘာသာရေး
လူမှုရေးအသင်းအဖွဲ့များ တွေ့ဆုံမိတ်ဆက် ဆွေးနွေးကြရန် ဖိတ်ကြားခြင်း
ဖြစ်သည်။ သြဂုတ် ၂၆ရက် နိုင်ငံတော်ဘာသာနေ့အားကြိုဆိုသောအားဖြင့်
သြဂုတ် ၂၅ရက်နေ့စ၍ သာ့သနာ့အလံများ အကြိုလွှင့်ထူရမည်ဖြစ်သည်။


သြဂုတ် ၂၆ရက်နေ့တွင် ဥပုသ်သီတင်းဆောက်တည်ခြင်း၊ အလှူဒါနများပြု
လုပ်ခြင်း၊ တိရစ်္ဆာန်များကို ဘေးမဲ့လွှတ်ခြင်း၊ ပရိတ်ပဌာန်းစသော တရားတော် များ စုပေါင်းရွတ်ပွားခြင်း၊ မေတ်္တာဘာဝနာ စုပေါင်းပို့သခြင်း၊ သြ၀ါဒခံယူပွဲများ ကျင်းပခြင်း၊ ဓမ်္မဟောပွဲများ၊ တရားပွဲများ ကျင်းပခြင်းတို့ကို စွမ်းနိုင်သမျှပြုလုပ်မည်ဖြစ်သည်။

သြဂုတ် ၂၇ရက်နေ့ မွန်းလွဲပိုင်းတွင် အလံတော်များ
ကို ပြန်လည်သိမ်းဆည်းနိုင်ကြမည်ဖြစ်ကြောင်း သိရသည်။

0 comments:

Post a Comment

 
Penanggung Jawab Miftah Budi Kurniawan | Supported by Cheat Game 4U