Related Posts Plugin for WordPress, Blogger...

Sunday, August 11, 2013

လူထု အစဉ်အလာကို သိဖို့ လူထုကြီးပွားရေး စာအုပ်တိုက် စာအုပ်ပြပွဲ ကျင်းပမည်



မန္တလေး- သြဂုတ်-၁၁

လူထုကြီးပွားရေးစာအုပ်တိုက် ၇၅ နှစ်ပြည့် စာအုပ်ပြပွဲကို သြဂုတ်လ ၁၄-၁၅ မနက် ၉း၀၀ နာရီ ကနေ ညနေ ၅း၀၀ နာရီအထိ အမှတ် ၂၂၁၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းမှာ ရှိတဲ့ လူထုစာအုပ်တိုက် မန္တလေးမှာ ကျင်းပမယ်လို့ သိရပါတယ်။

လူထုကြီးပွားရေး စာအုပ်တိုက်နဲ့ ၇၅ နှစ်တာ သက်တမ်းရှည်ကြာမှု အစဉ်အလာကို နောင်မျိုးဆက်တွေ သိရှိရန် ရည်ရွယ်ချက်နဲ့ လူထု စာအုပ်ပြပွဲ ကျင်းပမှာ ဖြစ်တယ်လို့ လူထုစာအုပ်တိုက်က ဆရာငြိမ်းချမ်းစိမ်းလန်းက ( ညီပုလေး)က ပြောပါတယ်။

“အမေတို့ တည်ထောင်ခဲ့တာကို ကျွန်တော်တို့က အမွေဆက်ခံတာပါ။ အမေတို့ကတည်းက တည်ထောင်ခဲ့တာ အခုဆိုရင် (၇၅)နှစ် ပြည့်သွားပါပြီ။ အမေတို့ အဖေတို့ တည်ထောင်ခဲ့တာကို ဆက်ပြီး အဓွန့်ရှည်ရှည် တည်ထောင်မယ်။ ဗမာစီးပွားရေး လုပ်ငန်းတစ်ခုက ၇၅ နှစ် ရှည်ကြာတယ်ဆိုတာ အလွန်ရှားပါတယ်။

နောင်မျိုးဆက်တွေက ဒီလူထုဆိုတာကို သိပ်မသိကြတော့ဘူး။ လူထုရဲ့ အစဉ်အလာကိုလည်း နောင်မျိုးဆက်တွေ သိအောင်ဒီပွဲကို ကျင်းပတာလည်း ပါပါတယ်။“လို့ ဆရာက ပြောပါတယ်။

လူထုစာအုပ်တိုက်ဟာ စာဖတ်သူတွေရဲ့ အလုပ်အေကျွးပြုခဲ့တာတွေ၊ အလုပ်သမားတွေ ချစ်ချစ်ခင်ခင်နဲ့ စုပေါင်းရုန်းကန်ခဲ့တာတွေကြောင့် စာအုပ်တွေ ထုတ်နိုင်ခဲ့တာလို့ ဆိုပါတယ်။

၁၉၃၈ ခုနှစ်ကနေ စတင်တည်ထောင်ခဲ့တဲ့ လူထုကြီးပွားရေး
စာအုပ်တိုက်ဟာ ဒီနှစ်နဲ့ပါဆိုရင် (၇၅)နှစ် ပြည့်မြောက်ခဲ့ပြီဖြစ်တဲ့အတွက် လူထုစာအုပ်တိုက်တည်ရာ နေရာမှာပဲ စာအုပ်ပြပွဲကို ခင်းကျင်းပြသသွားမှာ ဖြစ်ပါတယ်။
 
http://sayarchan.blogspot.com/feeds/posts/default

0 comments:

Post a Comment

 
Penanggung Jawab Miftah Budi Kurniawan | Supported by Cheat Game 4U