Related Posts Plugin for WordPress, Blogger...

Friday, August 9, 2013

လွတ်လပ်တဲ့မီဒီယာဥပဒေတစ်ခုဖြစ်ပေါ်လာရေးကြိုးပမ်းဆာင်ရွက်နေ

လွတ်လပ်တဲ့မီဒီယာဥပဒေတစ်ခုဖြစ်ပေါ်လာရေးကြိုးပမ်းဆာင်ရွက်နေရာ တွင် တတ်နိုင်သည့်ဖက်က ၀ိုင်းဝန်ကူညီပေးကြသည် မိဘပြည်သူများအားများစွာကျေးဇူးတင်ရှိပါကြောင်းဒီနေရာကနေ မှတ်တမ်း တင်ဂုဏ်ပြု လိုက်ရပါသည်။
ထိုအတူအလုပ်မအားလပ်ကြသည့်ကြားက မိမိတို့ ကိုယ်အားညဏ်အားရှိသ၍ ပူးပေါင်းဆောင်ရွက်ပေးကြသည့်လုပ်ဖော်ကိုင်ဖက်များ၊မှတ်တမ်းတင်ဓါတ်ပုံရိုက်ပေးကြသည် သူငယ်ချင်းမိတ်ဆွေများ နှင့် ကြုံတုန်းကြုံခိုက်ဝိုင်းဝန်းဆောင်ရွက်ပေးခဲ့ကြသည့်လုပ်ဖော်ကိုင်ဖက်များကိုလဲ အထူးပင်ကျေးဇူးတင်ရှိရပါသည်။
ထို့ ကာလအတွင်းစေတနာအမှားကြောင့် လုပ်ဖော်ကိုင်ဖက်များအား လုပ်မှားကိုင်မှားပြောမှားဆိုမှားရှိခဲ့ပါသလျှင်လဲခွင့်လွှတ်ပေးကြဖို့ ကိုလဲဒီနေရာကတောင်းပန်လိုက်ပါရစေ။
အားလုံးသိကြသည့်အတိုင်းဒီမိုကရေစီမရရှိသေးသည့်ကျွန်တော်တို့ နိုင်ငံတွင် အချို့ ကိစ္စရပ်များကိုမူ့ ဒီမိုကရေစီရရှိံပြီးသားနိုင်ငံများကစံနှုန်းများဖြင့်အားလုံးကိုတိုင်း တာလို့ မရနိုင်သေးပါ။ ကျွန်တော်တို့ မှာ Principle တစ်ခုအကိုင်အမာရှိပြီးသားပါ။
လွှတ်လပ်တဲ့မီဒီယာတစ်ခုပေါ်ပေါက်ရေးအတွက် တတ်အားသ၍ဆောင်ရွက်နေမူ့ များနှင့်ပတ်သက်၍ Act ivies တက်ကြွလှုပ်ရှားသူ များဟုတံဆိပ်ကပ်စေကာမူ့ ကျွန်တော်တို့ ယုံကြည်ချက်အတွက် ကျွန်တော်တို့ တတွေသည်ရဲရဲတင်းတင်းဆက်လက်လုပ်ဆောင်သွားမယ်ဆိုတာ ကိုလဲဒီနေရာကနေ တခါတည်းအပြတ်ပြောလိုက်ပါရစေ။
ဒီကနေ့ ဆောင်ရွက်နေမူ့ များသည်အနာဂတ်မြန်မာနိုင်ငံသူနိုင်ငံသားများအတွက် ကျရာတာဝန်တစ်ခုကိုမည်သူကမှမပေးအပ်သည်တိုင် တာဝန်သိသောနိုင်ငံသား တစ်ဦးအနေဖြင့်သာဆက်လက်ချီတက်နေပါအုံးမည်။မိဘပြည်သူအားလုံး ဘေးဘရာဝေးကွာပြီး စိတ်ချမ်းသာလို့ ကိုယ်ကျန်းမာကျပါစေ..

ခင်မင်လေးစားစွာဖြင့်
Sayar Chan

0 comments:

Post a Comment

 
Penanggung Jawab Miftah Budi Kurniawan | Supported by Cheat Game 4U