Related Posts Plugin for WordPress, Blogger...

Monday, August 12, 2013

၂၀၁၃ ခုနှစ်တွင် အာဆီယံနိုင်ငံများက ချီးမြှင့်မည့် ထင်ရှားကျော်ကြားသော ကဗျာဆရာဆုကို မြန်မာနိုင်ငံကမောင်စိန်ဝင်း (ပုတီးကုန်း)ကရရှိ



Monday, August 12, 2013

နှစ်စဉ်အာဆီယံနိုင်ငံများက ထင်ရှားကျော်ကြားသော စာရေးဆရာများကို
ဆုများပေးအပ်ချီးမြှင့်လျှက်ရှိရာတွင်ယခုလာမည့် ၂၀၁၃ ခုနှစ် ထင်ရှား
ကျော်ကြားသောကဗျာဆရာဆုကို မြန်မာနိုင်ငံစာရေးဆရာအသင်း(ဗဟို)
၏ရွေးချယ်မှုနှင့်မြန်မာနိုင်ငံ၏ထင်ရှားကျော်ကြားသောကဗျာဆရာအဖြစ် စာရေးဆရာကဗျာဆရာမောင်စိန်ဝင်း (ပုတီးကုန်း) က ရရှိခဲ့ကြောင်း
သိရသည်။

အဆိုပါဆုကိုထိုင်းနိုင်ငံဘန်ကောက်မြို့သို့ ၂၀၁၃ ခုနှစ်
အောက်တိုဘာလ ၁၄ ရက်နေ့တွင်တက်ရောက်လက်ခံရယူရမည်ဖြစ်ပြီး
ဆရာမောင်စိန်ဝင်း (ပုတီးကုန်း) သည်ယခုလိုဆုပြန်လည်ရွေးချယ်သည့်
အချိန်တွင်ကဗျာနှင့်ပထမဆုံးရရှိသူဖြစ်ကြောင်းသိရသည်။ ယခင်
မြန်မာနိုင်ငံ က စာရေးဆရာများကိုရွေးချယ်ခဲ့ရာမှ နှစ်အတန်ကြာ
ရွေးချယ်ခြင်းကိုရပ်နားထားခဲ့ပြီး ယခုနှစ်တွင်ပြန်လည်ရွေးချယ်ခြင်
ဖြစ်ကြောင်း သိရသည်။

ယခုလို ရွေးချယ်ရာတွင် မြန်မာနိုင်ငံစာရေးဆရာအသင်းက ၃ နှစ်တာကာလအတွင်းကဗျာလုံးချင်းစာအုပ် ထုတ်ဝေခဲ့ပြီး
ကဗျာရေးသားသူများအနက်မှ ဗဟိုကော်မတီဝင် အားလုံး၏ဆန္ဒနှင့်
ယခုလိုရွေးချယ်ခြင်းဖြစ်သည်။

ကဗျာဆရာမောင်စိန်ဝင်းပုတီးကုန်းသည်ကဗျာလုံးချင်း (၁၀) အုပ်ထုတ်ဝေထားပြီးဝတ္တုစာအုပ်ပေါင်းများစွာ
ကိုလည်းရေးသားထုတ်ဝေနေသူဖြစ်ကာစာဖတ်ပရိသတ်များ၏နှစ်သက်
အားပေးမှုကိုရရှိနေသော စာရေးဆရာတစ်ယောက် ဖြစ်ကြောင်းသိရသည်။


Sayar Chan Myanmar Media News

0 comments:

Post a Comment

 
Penanggung Jawab Miftah Budi Kurniawan | Supported by Cheat Game 4U