Related Posts Plugin for WordPress, Blogger...

Sunday, September 15, 2013

ရတနာပုံတက္ကသိုလ်ရေကြီးနေပြီ

Photo: "ရတနာပုံတက္ကသိုလ်ရေကြီးနေပြီကျောင်းကရေကြီးမှာပေါ့ တောင်သမာန်က ငါးမွေးကန်ဖြစ်နေပြီလေ ရေထွက်ပေါက်ကြီး ပိတ်ထားတာကိုး

ဘယ်သူကဘယ်လိုဦးနှောက်နဲ့ပေးလိုက်တယ်မသိ။

ကျောင်းကလဲ မြို့ပြင်ရောက်နေကတည်းကမှားတယ်။ သူများလယ်တွေသိမ်းပြီး တောပို့ထားရတယ်လို့

အခုတော့ရေကြီးပြီ မနက်ဖြန်စာမေးပွဲကမဖျက်သိမ်းဘူးလားမသိ ရေထဲမှာဖြေကြမယ်ထင်တယ်

ပြီးရင်ဝန်ထမ်းတွေကို ရေကင်းဆိုပြီချဦးမယ်

အဲဒီရေကင်းဆိုတာကြီးကဘာမှန်းကိုမသိဘူး။ ဟိုတုန်းကတည်းကလုပ်လာတာ။ စာရွက်စတမ်းတွေလဲ လွတ်ရာရွှေ့ပြီးပြီ။ ဒါကို ရေထဲလာခိုင်းပြီးကင်းချသေးတာ။ ရေများရုတ်တရက်တက်လာပြီးကြီးလို့ကတော့ သေဖို့ပြင်ထားပဲ

ဝန်ထမ်းတွေဒီလိုရေကင်းဘာညာသာလုပ်ရတာ။ ၀န်ထမ်းကားကျတော့ အစုတ်စီးရတာ။ ပါချုပ်က သူ့ကားသာ လန်ပျံနေအောင်ထားတာ။ ၀န်ထမ်းကားပျက်ရင် ပြင်ဖို့တောင်မနဲပြောရတယ်

ဝန်ထမ်းကားလာပြီဆိုရင်လေ တအိအိနဲ့ ကြွက်ဝင်နေသလားအောင်မေ့ရတယ်။ ၀န်ထမ်းတွေလဲ ပြွတ်သိပ်လို့။ နေရာဦးရတာပိုသေးတယ်။

တခြားဌာနတွေများဆိုရင် ၀န်ထမ်းကားကအသစ်တွေဖြစ်နေပြီ။ ဘာသံမှမကြားရဘူး။ ဒီလိုကားမျိုးပြောင်းပေးဖို့အစီစဉ်မရှိဘူးလားမသိဘူး။ ငါးမွေးဖို့လောက်စဉ်းစားနေတာ

ဝန်ထမ်းတွေဘ၀မှာ မနက်အိပ်ယာထ ကားနေရာဦးဖို့စဉ်းစားပြီးပြေးရနဲ့ တော်တော်အလုပ်ရှုပ်ပါတယ်

ဒါကမိန်းဘက်ဝန်ထမ်းတွေ။ အနောက်ဖက်ဝန်ထမ်းတွေကျတော့ အမှတ်၈လိုင်းကားက ကထွက်ပေးပါ့မလားစိတ်ပူရ။

(အခုဆိုရင် တစ်စီးပဲထွက်ပေးတယ် တစ်ယောက် ၅၀၀ပေးရတယ်)
ထွက်မရင် ဘယ်လိုသွားရမလဲ။ လူကြုံရှာမလား။ ကျောင်းသား/သူတွေဆိုင်ကယ်ကိုတားပြီး တောင်းပန်လိုက်ရမလား။ စက်မှုကားစီး ရတနာပုံတက္ကသိုလ်အပေါက်ရောက်တော့ လူကြုံရှာပြီးလိုက်ရမလား။ တောင်မြို့ကားစီးပြီး ကွက်သစ်ကပ်ကျော်ကျရင် လူကြုံရှာပြီးလိုက်ရမလား။ အဲဒါစဉ်းစားနေရတယ်။

ဆိုင်ကယ်ဆိုတာ လူတိုင်းစီးနိုင်တာမဟုတ်ဘူးလေ။ ပြီးတော့ တစ်အိမ်မှာ တစ်စီးလောက်ပဲရှိရင် ဘယ်လိုလုပ်မလဲ။ ၀န်ထမ်းတွေရဲ့ ရုံးတက်ဖို့က တော်တော်ပြဿနာကြီးနေတယ်

ဒါတွေကိုမသိကြဘူး။ ၀န်ထမ်းတွေကလဲ ဘယ်သူ့မှမပြောရဲဘူး။ ဖြစ်သလို နေတတ်သလိုနေနေရတယ်။

အဲဒါကြောင့်ပါချုပ်ကြီးရေ ကျောင်းမှာ ငါးမွေးတာလဲမွေးပေါ့။ ရှင့်ကား အင်ဂျင်လဲတာလဲပေါ့။ ၀န်ထမ်းတွေကို မင်းတို့မစားနဲ့ ငါစားမယ်လဲလုပ်တာလုပ်တာပေါ့။ ၀န်ထမ်းကားကိုတော့အသစ်ပြောင်းပေးပါ။ ၀န်ထမ်းအားလုံးအဆင်ပြေအောင် နှစ်စီးထဲမလုပ်ပါနဲ့။"
"ရတနာပုံတက္ကသိုလ်ရေကြီးနေပြီကျောင်းကရေကြီးမှာပေါ့ တောင်သမာန်က ငါးမွေးကန်ဖြစ်နေပြီလေ ရေထွက်ပေါက်ကြီး ပိတ်ထားတာကိုး

0 comments:

Post a Comment

Penanggung Jawab Miftah Budi Kurniawan | Supported by Cheat Game 4U