Related Posts Plugin for WordPress, Blogger...

Friday, September 27, 2013

လျှပ်စစ်မီး ၂၄ နာရီအပြည့်လာသောကြောင့် ၀ါယာရှော့ခ်ဖြစ်ပြီး အိမ်မီးလောင်ဟုဆို

ကချင်ပြည်နယ်၊ မိုးညှင်းမြို့တွင် မီး၂၄နာရီ ရရှိပြီးနောက် ဝါယာရှော့ဖြစ်၍ မီးလောင်မှုတစ်ခု စိမ်း ရတနာမွန်(မြောက်)ရပ်ကွက် အိမ်အမှတ် စမ-၇တွင် ဖြစ်ပွားခဲ့ကြောင်း မှုခင်းမှတ်တမ်းများအရ သိရသည်။



မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့(မိုးညှင်း)မှ မီးသတ်ကား(၃)စီးနှင့် အရန်မီးသတ်ကား(၁)စီးတို့ သွားရောက်ခဲ့ရာ သန္ဓေမီး သတ်(၇)နှစ်ဦးတို့က မီးငြိမ်းသတ်ရေးအတွက် ဆောင်ရွက်ခဲ့ပြီး မီးလောင်မှုအား (၁၀) မိနစ်ခန့် အကြာတွင် ငြိမ်းသတ်နိုင်ခဲ့ကြောင်း မီးသတ်အရာရှိ တစ်ဦးထံမှ သိရသည်။

“မဟာဓာတ်အားလိုင်းက လျှပ်စစ်ဗို့အား ပြည့်ဝလို့ ဆွေးမြေ့နေတဲ့ လျှပ်စစ်ဝါယာကြိုးများအစား ၀ါယာကြိုး အသစ်ကြီးကြီးနဲ့ ပြောင်းလဲ အသုံးပြုသင့်ပါတယ်”ဟု လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးဌာန တာဝန်ရှိသူက ပြော သည်။

ယင်းကဲ့သို့ မီးလောင်မှုများကို အချိန်မီ တားဆီးနိုင်ရန်
“မီးလောင်မှု ဖြစ်ပွားတာ သိသိချင်း ကား(၃)စီးနဲ့ ထွက်ခဲ့ တာပါ။ အချိန်မီသတင်း ပို့ပေးခဲ့ကြလို့ ပြည်သူတွေရဲ့ အသက်အိုးအိမ်တွေကို အချိန်မှီကာကွယ် ပေးနိုင်ခဲ့ ပါတယ်။ ဘာအတွက်ကြောင့်ပဲ မီးလောင်လောင် စသိတာနဲ့ မီးသတ်ရုံးဖုန်း ၀၇၄-၆၀၂၁၀ကို ဆက်သွယ်ပေးစေ လိုပါတယ်”ဟု မီးသတ်ဦးစီးက ပြောသည်။

ယင်းမီးလောင်သည့် နေအိမ်ပိုင်ရှင် ဦးနိုင်စိုးအား မီးလောင်မှု ဖြစ်ပွားခြင်းအတွက် မီးပေါ့ဆမှု ပုဒ်မ၂၈၅ဖြင့် ဒုရဲအုပ်ကြည်စိုးမှ တရားလိုပြုလုပ်၍ အရေးယူထားကြောင်း သိရသည်။

သီဟအောင်(ကချင်)
http://sayarchan.blogspot.com/

0 comments:

Post a Comment

 
Penanggung Jawab Miftah Budi Kurniawan | Supported by Cheat Game 4U