Related Posts Plugin for WordPress, Blogger...

Thursday, September 12, 2013

အဓမ္မသိမ်းပိုက်ရန်အတွက် အခန်းပိတ်လှောင်ခံနေရသည့်မြန်မာအမျိုးသမီးအားကယ်ထုတ်



ဘန်ကောက်မြို့ ဘန်ဖီနယ်မြေ ၀တ်လုံဖေါ့ အရပ်တွင်ရှိသောဘဲသားအလုပ်ရုံအနီ

းတွင်နေထိုင် သည့်မြန်မာပွဲစားတစ်ဦးက မြန်မာအမျိုးသမီးတစ်ဦး အား အလိုမတူပဲ သားမယားအဖြစ် ပေါင်းသင်းရန် အဓမ္မကြံစည်စဉ်အခန်းနီးနားမှ မြန်မာအလုပ်သမား များက MAT အဖွဲ့သို့ အကူညီတောင်းသဖြင့်
ယမန်နေ့က ပြန်လည်လွတ်မြောက်လာပြီဖြစ်ကြောင်း သိရှိရသည်။

မြန်မာပြည် ရှမ်းပြည်နယ်၊ မြောက်ပိုင်း ……….မှ …….. မ ဆိုသူအား အခန်းထဲတွင် ပိတ်လှောင်ထားပြီး
နောက် သားမယားအဖြစ် ပေါင်းသင်းရန် ကြံစည်နေသဖြင့် ဘန်ကောက်အခြေစိုက် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ MAT နှင့် ထိုင်းအစိုးရ လူကုန်ကူးမှုတိုက်ဖျက်ရေးအဖွဲ့ AHTD နှင့်ပူးပေါင်း၍ ကယ်တင်ခဲ့ကြောင်းသိရသည်။

“သမီးကို အခန်းမှာ ပိတ်လှောင်ထားတာ ၆ ရက်ရှိပြီ၊ အခန်းနီးနားတွေက သမီးရဲ့အခြေအနေကို သိလို့
ဦးလေးတို့ MAT အဖွဲ့ကို အကူညီတောင်းလို့ ခုလိုလွတ်လာတာ။ ပတ်ဝန်းကျင် က ထင်နေတာက သမီး
တို့ကို လင်မယား လို့ထင်နေကြတာ။ ဘန်ကောက်ကို တက်လာတုန်းက သမီး ကို အဓမ္မပြုကျင့်ထား
တယ်။ သူက သမီးကို ထပ်ကြိုးစားတယ်။ သမီးက ဗမာပြည်ပြန်ပို့ပေးဖို့ပြောတယ်။သမီးက နှလုံးလည်း အားနည်းတယ်လေ။ ခုလိုကူညီပေးကြတာကို ကျေးဇူးတင်ပါတယ်” ဟုပြောဆိုသွားသည်။

သားမယားအဖြစ် အဓမ္မ သိမ်းပိုက်ရန် ကြိုးစားသည့် မြန်မာပွဲစား….. အား သူမကို ထပ်မံ မနှောက်
ယှက်ရန်နှင့် ယခုကဲ့သို့သော အပြုအမူမျိုးအား မပြုလုပ်ရန် ကတိက၀တ်ပြု လက်မှတ်ထိုးစေလျှက်
အာမခံဖြင့် ရဲစခန်းမှ ပြန်လည်လွှတ်ပေးခဲ့ကြောင်း သိရှိရသည်။

သူမ၏ နောက်ဆက်တွဲ ကျမ္မာရေးစောင့်ရှောက်မှု ကိစ္စရပ်များအတွက်လည်း AHTD က
စီစဉ်ညွန်ကြားထားပြီဖြစ်ကြောင်း သိရှိရသည်။

0 comments:

Post a Comment

 
Penanggung Jawab Miftah Budi Kurniawan | Supported by Cheat Game 4U