Related Posts Plugin for WordPress, Blogger...

Thursday, September 19, 2013

ဒိန်ချက် အမက(လွန်)မှ ဆရာ၊ ဆရာမများ KIA အရာရှိတစ်ဦး၏ အသက်အန္တရာယ် ခြိမ်းခြောက်မှုခံရ

 
 
မချမ်းဘောမြို့နယ် ဒိန်ချက်ကျေးရွာ အခြေခံပညာမူလတန်းလွန်ကျောင်းမှ ဆရာ၊ ဆရာမ(၆)ဦးအား စက်တင် ဘာ(၁၆)ရက် ည ၉ နာရီချိန်ခန့်တွင် ကချင်လွတ်လပ်ရေးတပ်မတော်(KIA)အရာရှိ တစ်ဦးမှ ခေါ်ယူတွေ့ဆုံ ကာ အသက်အန္တရာယ်ခြိမ်းခြောက်ပြောဆိုမှုများ ပြုလုပ်ခဲ့ကြောင်း ယင်းဒေသခံအချို့ထံမှ သတင်းရရှိသည်။
“ဒီကျောင်းမှာ ဆရာ ၄ ယောက်နဲ့ ဆရာမ ၂ ယောက် စုစုပေါင်း(၆)ယောက် ရှိပါတယ်။ လွန်ခဲ့တဲ့နှစ်ရက် လောက်က ဟိုဘက်ရွာကို ကချင်လွတ်လပ်ရေးတပ်ဖွဲ့ဝင်တွေ လာခေါ်သွားတာတွေ့တယ်။ ဆရာ၊ ဆရာမတွေ လည်း ကြောက်အားလန့်အားနဲ့ လိုက်သွားသွားကြရတာပေါ့။ 
ည ၉ နာရီလောက်လာခေါ်သွားတာ ၁၂ နာရီ လောက်မှာ ပြန်ရောက်လာကြတယ်” ဟု ယင်းရွာသားတစ်ဦးက ပြောပြသည်။
စက်တင်ဘာ(၁၆)ရက်နေ့က ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ တပ်မဟာ(၁)၊ တပ်ရင်း(၇)မှ ဗက တန်ဂွန်းဦးစီးအဖွဲ့သည် မချမ်းဘောမြို့နယ် အင်ဂါဒိန်ဆာ ကျေးရွာသို့ ရောက်ရှိလာပြီး ရ၀မ်အမျိုးသမီးကြီး တစ်ဦး၏ နေအိမ်၌ ခေတ္တတည်းခိုခဲ့ကြကြောင်း ၎င်းနေအိမ်၌ ဒိန်ချက် အမက(လွန်)မှ ဆရာ၊ ဆရာမ(၆)ဦးအား ခေါ်ယူတွေ့ဆုံခဲ့ကြောင်း သိရသည်။
အဆိုပါ ဆရာ၊ ဆရာမများနှင့် ရင်းနှီးသော ရွာသားတစ်ဦး၏ ပြောပြချက်အရ KIA အရာရှိ ဗိုလ်ကြီး တန်ဂွန်းမှ ဆရာ၊ ဆရာမများအား ပညာရေးနှင့် စစ်ရေးပတ်သက်မှုမရှိကြောင်း၊ ကိုယ့်အလုပ်ကိုယ်ဆက်လုပ်ဖို့လိုကြောင်း၊ ၎င်းတို့၏လှုပ်ရှားမှုများကို အစိုးရစစ်ကြောင်းများအား သတင်းပေးပါက ကျောင်းကို မီးရှို့ပစ်ပြီး လူတွေကိုပါ သတ်မည်ဟု ခြိမ်းခြောက်ပြောဆိုသွားခဲ့ကြောင်း သိရှိရသည်။
မချမ်းဘောမြို့နယ် အင်ခါဂါးကျေးရွာအနီးတွင် သြဂုတ် ၂၈ ရက်နေ့က KIA နှင့် နယ်မြေခံတပ်မတော်စစ် ကြောင်းတို့ တိုက်ပွဲများဖြစ်ပွားခဲ့ရာ တပ်မတော်အရာရှိတစ်ဦးအား KIA အဖွဲ့မှ ခေါင်းဖြတ်သတ်ခဲ့သည်ဟု သတင်းများလည်း ထွက်ပေါ်နေ၍ ဆရာ၊ ဆရာမများမှာ အသက်အန္တရာယ်အတွက် စိုးရိမ်နေကြရကြောင်း၊ KIA ခေါင်းဆောင်မှ ယခုကဲ့သို့ ခြိမ်းခြောက်မှုကြောင့် ဆရာ၊ ဆရာမများမှာ လုံခြုံရေးအာမခံချက် မရှိသောကြောင့် ပြောင်းရွှေ့ခွင့်တင်လိုကြကြောင်း ပြောင်းရွှေ့ခွင့် မရပါက နုတ်ထွက်ခွင့်တင်ရန် စီစဉ်နေကြကြောင်း ယင်းဆရာ၊ ဆရာမများနှင့် နီးစပ်သော အမည်မဖော်လိုသူ ရွာသားတစ်ဦးက ပြောပြခဲ့ပါသည်။

0 comments:

Post a Comment

 
Penanggung Jawab Miftah Budi Kurniawan | Supported by Cheat Game 4U