မုံရွာ-အမြင့်ကားလမ်းဘေးမှ
ရေအရောင်၊ အနံ့ပြောင်းသွားခဲ့သော ရေအိုးစင်ကိုတွေ့ရစဉ်
ဓာတ်ပုံ-မျိုးမင်းဦး - 7Day Dailyမုံရွာ-အမြင့်ကားလမ်း
မြို့ဝင်ဘီးခွန်ကောက်ခံရေးစခန်းအနီး လမ်းဘေး
အပန်းဖြေသောက်ရေအိုးခုနစ်လုံးတွင် အောက်တိုဘာ ၁၆ ရက် နံနက်က
ရေအရောင်နှင့်အနံ့များ သံသယဖြစ်ဖွယ်
ပြောင်းလဲနေသည်ကိုတွေ့ရှိရပြီးနောက်ပိုင်း သောက်သုံးသူအချို့
ဆေးဝါးကုသမှုခံယူရသည်ဆိုသည်မှာ ကောလာဟလများသာဖြစ်ကြောင်း မုံရွာမြို့၊ အမှတ်
(၁)ရဲတပ်ဖွဲ့စခန်း စခန်းမှူး ရဲအုပ်ကျော်ကျော်ညွန့်ကပြောသည်။
““ရေအိုးစင်တွေမှာ
အရောင်နဲ့အနံ့ပြောင်းလဲမှုဖြစ်စဉ် သံသယဖြစ်ဖွယ်တွေ့ရလို့ သက်ဆိုင်ရာက
ရေကိုဓာတ်ခွဲစစ်ဆေးဖို့ ပို့ဆောင်ထားပါတယ်။ အဲဒီသောက်ရေအိုးကရေကို
သောက်သုံးလို့ ဆေးဝါးကုသမှုခံယူရတယ်ဆိုတာ လုံးဝမဟုတ်ပါဘူး””ဟု
ရဲအုပ်ကျော်ကျော်ညွန့်က ပြောကြားသည်။
““အဲဒီနေ့တုန်းက နဂါးတွင်းမှာ
ဆရာတော်ကြီးရဲ့ သက်တော် ရာပြည့်ပွဲရှိတော့ အသွားအလာ များတယ်။ ဒီလမ်းမှာ
ညဥ့်သန်းခေါင်ကျော်ချိန်ဆိုရင် ဈေးသည်တွေ၊ ပန်းသည်တွေက ကူးနေတာဆိုတော့
အသွားအလာမပြတ်ဘူး။ နေ့တိုင်း နံနက် (၅)နာရီဆို ရေအိုးတွေ လဲလှယ်လေ့ရှိတယ်။
အဲဒီနေ့တုန်းက ရေအိုးလှယ်တော့ ရေတွေက အနီရောင်ပြောင်းနေတယ်။ ရေအနံ့ကလည်း
ပုပ်အဲ့အဲ့အနံ့တွေရနေတယ်။ ဒါကြောင့် ရပ်ကွက်လူကြီးတွေရော၊
ရဲတွေရောအကြောင်းကြားတော့ လာစစ်ဆေးသွားတယ်။ ကျန်းမာရေးဌာနကရော
စီအိုင်စီအဖွဲ့ကပါ ရေစစ်ဆေးဖို့ နှစ်ဘူးစီ ဓာတ်ခွဲစစ်ဆေးဖို့ယူသွားတယ်။
ချက်ချင်းရေအိုးတွေကိုလည်း အသစ်လဲလှယ်ထားပါတယ်။ ဒီနေ့အထိ ရေသောက်လို့
ဆေးကုသမှုခံရတယ်ဆိုတာလည်း လုံးဝမဟုတ်ပါဘူး””ဟု အဆိုပါသောက်ရေအိုး
အပန်းဖြေကုသိုလ်ရှင် ဦးကျော်တင်၏ သမီး မတူးမာက အောက်တိုဘာ ၁၇ ရက်တွင်
ပြောကြားခဲ့သည်။
မုံရွာခရိုင် ကျန်းမာရေးဌာနသို့
ဖုန်းဖြင့်ဆက်သွယ်မေးမြန်းရာ မုံရွာ-အမြင့် ကားလမ်းဘေး သောက်ရေအိုးစင်မှ
သံသယဖြစ်ဖွယ်ရေကို သက်ဆိုင်ရာဓာတ်ခွဲ န်းသို့ပေးပို့စစ်ဆေးလျက်ရှိပြီး
ရေသောက်သုံးသူ တစ်ဦးတစ်ယောက်မှ ဆေးဝါးကုသမှုခံယူရခြင်းမရှိကြောင်း
အတည်ပြုပြောကြားသည်။
အမှတ်တရ ရှင်းတမ်း နှင့် မန်ဘာဝင်နည်း ( ဖတ်ဖြစ်အောင်ဖတ်ပေးကြပါ )
-
ရှင်းတမ်း
*******
အားလုံးသော ၀ါတနာ တူ ညီ အစ်ကိုမောင်နှမများ မင်္ဂလာပါ .။ ကျွန်တော်က တော့
ဒီဆိုဒ်ရဲ့ Admin အနေနဲ့ ဝင်ရောက်ရေးသားနေတဲ့ နေသာ (kingboyonline@gm...
5 years ago




12:28 AM
sayarchan.blogspot.com
0 comments:
Post a Comment