ပြည်ထောင်စုဝန်ကြီးဌာန များနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရ
အသီးသီးက ဆောင်ရွက်နေသည့် ဌာနဆိုင်ရာ လုပ်ငန်းများတွင် ပြည်သူများ
ကြုံတွေ့နေရသည့် အဆင်မပြေမှု များနှင့် အခက်အခဲများကို ပြည်ထောင်စုအစိုးရ
အဖွဲ့က တိုက်ရိုက်ကိုင်တွယ် ဖြေရှင်းသွားမည် ဖြစ်ကြောင်း
နိုင်ငံတော်သမ္မတရုံးက အောက်တိုဘာလ ၁၈ ရက်နေ့တွင် ထုတ်ပြန်သည်။
ဝန်ကြီးဌာနများနှင့် ဒေသအစိုးရ တို့၏ လုပ်ငန်းအသီးသီး အကောင်အထည်ဖော်
ဆောင်ရွက်မှု လျင်မြန်ထိရောက်စေရန် ဒုတိယဝန်ကြီးများ ဦးဆောင်သည့်
အစိုးရအဖွဲ့ ဆပ်ကော်မတီ ၂၇ ခုကို
ဖွဲ့စည်းထားပြီး ဖြစ်ကြောင်း၊
ဌာနဆိုင်ရာများ၏ လုပ်ငန်းလိုအပ်ချက် များကို အကြံပြုနိုင် သည့်အပြင်
အဆင်မပြေမှု များကိုလည်း အဆိုပါ ဆပ်ကော်မတီသို့ တိုင်ကြားနိုင်ကြောင်း
ယင်းထုတ်ပြန်ချက် အရ သိရသည်။
"ပြည်သူ့ဝန်ဆောင်မှု စွမ်းဆောင်ရည် အကဲဖြတ်အဖွဲ့ကို တင်ပြတဲ့ အခက်အခဲတွေ
ဖြေရှင်းဆောင်ရွက်မှု အဆင်မပြေရင် ဆပ်ကော်မတီ တွေကို တိုက်ရိုက်
ပြောလို့ရတယ်" ဟု အစိုးရအဖွဲ့ တာဝန်ရှိသူတစ်ဦးက ရှင်းပြသည်။
ပြည်သူများ၏ အကြံပြုတင်ပြချက် များနှင့် အခက်အခဲ တိုင်ကြားချက်များကို
ကိစ္စရပ် အကြီးအသေးပေါ် မူတည်၍ အချိန်ကာလ သတ်မှတ်ချက်တစ်ခု အတွင်း
ဒုတိယဝန်ကြီးများ ဦးဆောင်သည့် အဖွဲ့က ဖြေရှင်းပြန်ကြားမည် ဖြစ်ကြောင်း
၎င်းက ထပ်လောင်းပြောကြားသည်။
"အဆင်မပြေမှု တွေက ရပ်ကွက် ဥက္ကဋ္ဌ အဆင့်ကနေ ဗဟိုအထိ အဆင့်ဆင့်မှာ ရှိတယ်။
ဒီလိုပဲ နားလည်မှုနဲ့ လုပ်နေရတာ။ ပြည်သူ့အခက်အခဲ မှန်သမျှ အစိုးရက
တိုက်ရိုက်ရှင်းပေးတာ မျိုးတော့ မမျှော်လင့်ရဲသေးဘူး" ဟု မကွေးမြို့မှ
အိမ်၊ ခြံ၊ မြေ လုပ်ငန်း လုပ်ကိုင်သူ ဦးကျော်ကြီးက ဆိုသည်။
ဌာနဆိုင်ရာ လုပ်ငန်း အသီးသီးတွင် လာဘ်စားမှုများ နေရာအနှံ့ ကျန်ရှိနေသေးပြီး
အုပ်ချုပ်ရေးမှူး များမှတစ်ဆင့် တန်ဖိုးနည်းဖုန်း ရောင်းချသည့်
ကိစ္စရပ်များနှင့် ချဲထီ၊ ဘောလုံး လောင်းကစား လုပ်ငန်းများ တွင်တွင်ကျယ်ကျယ်
ဖြစ်နေခြင်းမှာ သက်ဆိုင်ရာက ဥပဒေနှင့်အညီ လုပ်ငန်းဆောင်ရွက်ခြင်း
မရှိသည်မှာ သိသာထင်ရှားကြောင်း ၄င်းက ထုတ်ဖော်ပြောကြားသည်။
အစိုးရဌာနဆိုင်ရာ ဆောင်ရွက်လုပ်ကိုင်မှု များနှင့်ပတ်သက်၍ အကြံပြု
တိုင်ကြားချက်များကို သက်ဆိုင်ရာ လုပ်ငန်း ကဏ္ဍအလိုက် ဆက်သွယ်ရမည့်
ကော်မတီ၏အမည် တယ်လီဖုန်းအမှတ်၊ ဖက်စ်နံပါတ် နှင့် အီးမေးလ်လိပ်စာ များကို
ဖော်ပြထားပြီး နိုင်ငံတော်သမ္မတရုံး ဖုန်းအမှတ် ၀၁-၂၃၉၉၆၆၆ သို့
ပူးတွဲပေးပို့နိုင်ကြောင်း သမ္မတရုံး၏ ကြေညာချက်တွင် ဖော်ပြထားသည်။
အမှတ်တရ ရှင်းတမ်း နှင့် မန်ဘာဝင်နည်း ( ဖတ်ဖြစ်အောင်ဖတ်ပေးကြပါ )
-
ရှင်းတမ်း
*******
အားလုံးသော ၀ါတနာ တူ ညီ အစ်ကိုမောင်နှမများ မင်္ဂလာပါ .။ ကျွန်တော်က တော့
ဒီဆိုဒ်ရဲ့ Admin အနေနဲ့ ဝင်ရောက်ရေးသားနေတဲ့ နေသာ (kingboyonline@gm...
5 years ago




1:07 AM
sayarchan.blogspot.com
0 comments:
Post a Comment