Related Posts Plugin for WordPress, Blogger...

Sunday, November 24, 2013

3D အာရုံခံစနစ် ကုမ္ပဏီ PrimeSense ကို ဝယ်ယူခဲ့ကြောင်း Apple အတည်ပြု

Photo: 3D အာရုံခံစနစ် ကုမ္ပဏီ PrimeSense ကို ဝယ်ယူခဲ့ကြောင်း Apple အတည်ပြု
==========

Apple သည် 3D အာရုံခံစနစ် ထုတ်လုပ်သော အစ္စရေးနိုင်ငံ အခြေစိုက် PrimeSense ကုမ္ပဏီအား ဝယ်ယူ လိုက်ပြီ ဖြစ်ကြောင်း အတည်ပြုပြောကြားသွားသည်။

PrimeSense သည် Microsoft ၏ Xbox 360 ဂိမ်းစက်တွင် ကိုယ်အမှုအရာဖြင့် ထိန်းချုပ် ကစားနိုင်သည့် Kinect sensor အတွက် ပံ့ပိုးပေးခဲ့သည့် ကုမ္ပဏီဖြစ်သည်။

Apple ၏ ပြောရေးဆိုခွင့်ရှိသူ Kristin Huguet က Apple အနေဖြင့် PrimeSense အား ဝယ်ယူလိုက်ပြီ ဖြစ်ကြောင်း AllThingsD သို့ အတည်ပြုသွားခဲ့သည်။ သို့သော် ဝယ်ယူသည့် တန်ဖိုးအား ထုတ်ပြန်ရန် ၎င်းက ငြင်းဆိုခဲ့သည်။ Huguet က Apple အနေဖြင့် နည်းပညာ ကုမ္ပဏငယ်များကို ရံဖန်ရံခါ ဆိုသလို ဝယ်ယူနေပြီး မိမိတို့၏ အစီအစဉ်များ နှင့် ရည်ရွယ်ချက်များကို ဆွေးနွေးလေ့ မရှိကြောင်း ပြောကြား သွားခဲ့သည်။

PrimeSense ကုမ္ပဏီ၏ နည်းပညာများကို 3D scanner, iRobot ၏ Ava, Asus ၏ Xtion တို့တွင်လည်း အသုံးပြုခဲ့သည်။ PrimeSense ကုမ္ပဏီကို အစ္စရေးနှင့် အမေရိကန် စီးပွားရေး ကုမ္ပဏီများ ဖြစ်သော Canaan Partners Global, Gemini Israel နှင့် Genesis Partners တို့က ဒေါ်လာ ၈၅ သန်းဖြင့် စတင် တည်ထောင်ခဲ့သည်။

Ref: CNET

အေးချမ်းမွန် Credit To > Internet Journal <Thanks
Apple သည် 3D အာရုံခံစနစ် ထုတ်လုပ်သော အစ္စရေးနိုင်ငံ အခြေစိုက် PrimeSense ကုမ္ပဏီအား ဝယ်ယူ လိုက်ပြီ ဖြစ်ကြောင်း အတည်ပြုပြောကြားသွားသည်။

PrimeSense သည် Microsoft ၏ Xbox 360 ဂိမ်းစက်တွင် ကိုယ်အမှုအရာဖြင့် ထိန်းချုပ် ကစားနိုင်သည့် Kinect sensor အတွက် ပံ့ပိုးပေးခဲ့သည့် ကုမ္ပဏီဖြစ်သည်။

Apple ၏ ပြောရေးဆိုခွင့်ရှိသူ Kristin Huguet က Apple အနေဖြင့် PrimeSense အား ဝယ်ယူလိုက်ပြီ ဖြစ်ကြောင်း AllThingsD သို့ အတည်ပြုသွားခဲ့သည်။ သို့သော် ဝယ်ယူသည့် တန်ဖိုးအား

ထုတ်ပြန်ရန် ၎င်းက ငြင်းဆိုခဲ့သည်။ Huguet က Apple အနေဖြင့် နည်းပညာ ကုမ္ပဏငယ်များကို ရံဖန်ရံခါ ဆိုသလို ဝယ်ယူနေပြီး မိမိတို့၏ အစီအစဉ်များ နှင့် ရည်ရွယ်ချက်များကို ဆွေးနွေးလေ့ မရှိကြောင်း ပြောကြား သွားခဲ့သည်။

PrimeSense ကုမ္ပဏီ၏ နည်းပညာများကို 3D scanner, iRobot ၏ Ava, Asus ၏ Xtion တို့တွင်လည်း အသုံးပြုခဲ့သည်။ PrimeSense ကုမ္ပဏီကို အစ္စရေးနှင့် အမေရိကန် စီးပွားရေး ကုမ္ပဏီများ ဖြစ်သော Canaan Partners Global, Gemini Israel နှင့် Genesis Partners တို့က ဒေါ်လာ ၈၅ သန်းဖြင့် စတင် တည်ထောင်ခဲ့သည်။


0 comments:

Post a Comment

 
Penanggung Jawab Miftah Budi Kurniawan | Supported by Cheat Game 4U