ရန်ကုန်မြို့တွင်း မြို့ပြင်အတွက် ထုတ်ပြန်ထားသော အိမ်၊ခြံ၊မြေ ဈေးစံနှုန်း
သတ်မှတ်ချက်များကို သက်ဆိုင်ရာ မြို့နယ်များရှိ ပြည်သူများနှင့်
အခွန်ဦးစီးမှူးများက ပြောင်းလဲသင့်ကြောင်း တင်ပြလာပါက စံနှုန်း
သတ်မှတ်ချက်များ ပြောင်းလဲပေးမည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး
ပြည်တွင်း အခွန်များဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်ကျော်က The Voice
သို့ ပြောကြားသည်။
“သက်ဆိုင်ရာ မြို့နယ်တွေက ပြည်သူတွေရော၊
အခွန်မှူးတွေကရော ဒီမြို့နယ်ကတော့ ပြောင်းလဲဖို့လိုပြီ ဆိုရင်တော့
ပြောင်းလဲပေးမှာပါ။ ဘာဖြစ်လို့လဲဆိုတော့ ဈေးနှုန်း တကယ်ပြောင်းလဲတယ်၊
မပြောင်းလဲဘူးဆိုတာ သူတို့က ပိုသိနိုင်လို့ပါ” ဟု ၎င်းကဆိုသည်။
အဆိုပါ
စံနှုန်း သတ်မှတ်ချက်များမှာ စတင်သတ်မှတ် ကတည်းက နှုန်းသေများ မဟုတ်ဘဲ
နှုန်းရှင်များသာ ဖြစ်ပြီး ပြင်ပ ပေါက်ဈေး အပြောင်းအလဲပေါ် မူတည်ကြောင်း
ရန်ကုန်တိုင်းဒေသကြီး ကာလတန်ဖိုး စိစစ်သတ်မှတ်ရေးရုံးမှ တာဝန်ရှိသူ တစ်ဦးက
ပြောကြားသည်။
လက်ရှိတွင် မြို့နယ်အလိုက် တစ်ပေပတ်လည် စံနှုန်း
သတ်မှတ်ချက်များတွင် ဗဟန်းမြို့နယ်မှာ ကျပ်သုံးသောင်း ငါးထောင်မှ
ကျပ်သုံးသိန်း နှစ်သောင်း ငါးထောင်ဖြင့် အမြင့်ဆုံး ဖြစ်ပြီး
ခရမ်းမြို့နယ်မှာ တစ်ပေပတ်လည်လျှင် ကျပ် ၂၀၀ မှ ၁၁၀၀ ကျပ် အထိဖြင့်
အနိမ့်ဆုံး ဖြစ်ကြောင်း ကာလတန်ဖိုး စိစစ်သတ်မှတ်ရေး ရုံး၏ ထုတ်ပြန်ချက်အရ
သိရသည်။
မန္တလေးတိုင်းဒေသကြီးရှိ မြို့တွင်း၊ မြို့ပြင် တစ်ပေပတ်လည်
စံနှုန်း သတ်မှတ်ချက်များကို နိုဝင်ဘာလအတွင်း ထုတ်ပြန် ကြေညာမည်
ဖြစ်ကြောင်း ယင်းရုံး၏ ထုတ်ပြန်ချက်အရ သိရသည်။
အမှတ်တရ ရှင်းတမ်း နှင့် မန်ဘာဝင်နည်း ( ဖတ်ဖြစ်အောင်ဖတ်ပေးကြပါ )
-
ရှင်းတမ်း
*******
အားလုံးသော ၀ါတနာ တူ ညီ အစ်ကိုမောင်နှမများ မင်္ဂလာပါ .။ ကျွန်တော်က တော့
ဒီဆိုဒ်ရဲ့ Admin အနေနဲ့ ဝင်ရောက်ရေးသားနေတဲ့ နေသာ (kingboyonline@gm...
4 years ago
0 comments:
Post a Comment