Related Posts Plugin for WordPress, Blogger...

Saturday, November 23, 2013

စနစ်ပြောင်းနေသည်မှာ သေချာပြီလား


တရားရုံး အသီးသီးမှ ပုဒ်မ ၁၈ အတွက် ထောင်ဒါဏ်များ အသီးသီး ချမှတ်နေသည့် ယနေ့ ကာလကို လေ့လာခြင်းအားဖြင့် ....................
ငါးလောင်းပြိုင် လူသတ်မှု ၊ နိုင်ငံ့ဘဏ္ဍာအလွဲသုံးစား လုပ်မှု၊ အာဏာပိုင်များ ဖေါက်ပြန်မှု၊ ဥပဒေ အထက်မှ ကိုယ်ကျိုးစီးပွားရှာစားမှုများ အတွက် ဖေါ်ထုတ်မည့် သူ အရေးယူမည့်သူ မရှိ၊ တာဝန်ယူမည့်သူ မရှိသေးကြောင်း၊

တရားဥပဒေ စိုးမိုးရေး ဟူသည်မှာ ၀မ်ပေါင်နှင့် ဦးပိုင် အကျိုးစီးပွား ကာကွယ်ရန် အတွက်သာ ဖြစ်ပြီး။ လူထု လူမှု ဘ၀ နှင့် နိုင်ငံသားတို့ အတွက် ခွင့်ပြုပေးထားသည် ဆိုသော လွတ်လပ်စွာ ပြောဆိုခွင့်

စုဝေးခွင့် ဟူသည် ရေထဲက အရုပ်များသာဖြစ်ကြောင်း။

တရားစွဲ အဖွဲ့ နှင့် တရားဥပဒေ ဘက်တော်သားများသည် ပုဒ်မ ၁၈ လောက်ကိုသာ ရေးကြီးခွင်ကျယ် ဖမ်းဆီး ထောင်ချရန် ကြိုးပမ်းအားထုတ်နေသော အဖွဲ့အစည်းများ အဖြစ် ပေါ်လွင်ထင်ရှားလာပါသည်။

သေချာသည်မှာ စနစ်ပြောင်းနေသည်မှာ သေချာပြီလား ဆိုသည့် မေးခွန်းကို မေးကြရတော့မည် ဖြစ်သည်။

0 comments:

Post a Comment

 
Penanggung Jawab Miftah Budi Kurniawan | Supported by Cheat Game 4U