ပဲခူးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များတွင် ယခုရက်ပိုင်း
အတွင်း အချိန်ခါမဟုတ်မိုးရွာပြီး၊ မိုးကြိုးပစ်ခြင်းကြောင့် အိပ်ချိန်းထရန်စဖော်မာ လောင်ကျွမ်းသွားကာ ဆက်သွယ်
ရေးလိုင်းများ ပြတ်တောက်သွားခြင်းဖြစ်ကြောင်း ပဲခူးတိုင်း လျှပ်စစ်လက်ထောက်အင်ဂျင်နီယာ ဦးမျိုးမြင့်က ပြောကြားသည်။
ဆက်သွယ်ရေုးဖုန်းလိုင်းများ ပြတ်တောက်ခဲ့ခြင်းကြောင့်
ပြည်သူများအနေဖြင့် ဖုန်းဆက်သွယ်ပြောဆိုရန် အခက် အခဲများဖြစ်ပေါ်ခဲ့ကြောင်း ပဲခူးမြို့ခံများကပြောကြားသည်။
“အစ်မတို့အိမ်မှာ ဖုန်းလေးလုံးရှိတယ်။ အိတ်ချိန်းကချပေးတဲ့
ကြိုးဖုန်းရယ်၊ GSM, CDMA 1500 တွေ ရောတစ်ခုမှသုံးလို့
မရဘူး။ အစ်မတို့ အိမ်က သိမ်ဇရပ်ကုနုးမှာအမြင့်ဆုံးပဲ။
မစဉ်းစားနဲ့တော့”ဟု သိမ်ဇရပ်မြို့ခံတစ်ဦးက ပြောကြားသည်။
ပဲခူးမြို့နယ်တွင်
အိမ်ချိန်းထရန်စဖော်မာ လောင်ကျွမ်းခြင်းကြောင့် ပဲခူးတိုင်းအပြင်
မွန်ပြည်နယ်အတွင်းရှိ မြို့အချို့နှင့် ရေးမြို့တွင်လည်း
ဖုန်းလိုင်းများပြတ်တောက်ခဲ့ကြေ
မိုးကြိုးပစ်ခတ်ခြင်းကြောင့် ပေ ၅၀၀အကွာတွင်ရှိသော အိတ်ချိန်းထရန်စဖော်မာလောင်ကျွမ
ပြင်ဆင်ပြီးစီးနေပြီ
ဖြစ် ၍ နယ်ဝေးလိုင်းများကို ဦးစားပေးကာ စတင်လွှတ်ပေးနေကြောင်း
ပြည်သူများအနေဖြင့် နားလည် ခွင့်လွှတ်ပေးရန်လိုအပ်ကြောင်း လက်ထောက်
အင်ဂျင်နီယာ ဦးမျိုးမြင့်က ပြောကြားသည်။
“ကျွန်တော်တို့မှာ ဖြစ်နေတဲ့အခက်အခဲကို ပြည်သူတွေ မသိဘူး။ လောင်သွားတဲ့ အိတ်ချိန်းထရန်စဖော်မာကို ပြင်ဖို့
နေ့မအိပ်ညမအိပ် လုပ်နေ ပါတယ်။ အခုပြင်လို့ပြီးသွားပြီ။ လိုင်းတွေ ပြန်ချိတ်ဆက်ပြီး စစ်ဆေး လွှတ်ပေးနေပါတယ်”ဟု ၎င်းက ပြောကြားသည်။
အမှတ်တရ ရှင်းတမ်း နှင့် မန်ဘာဝင်နည်း ( ဖတ်ဖြစ်အောင်ဖတ်ပေးကြပါ )
-
ရှင်းတမ်း
*******
အားလုံးသော ၀ါတနာ တူ ညီ အစ်ကိုမောင်နှမများ မင်္ဂလာပါ .။ ကျွန်တော်က တော့
ဒီဆိုဒ်ရဲ့ Admin အနေနဲ့ ဝင်ရောက်ရေးသားနေတဲ့ နေသာ (kingboyonline@gm...
4 years ago
0 comments:
Post a Comment