Related Posts Plugin for WordPress, Blogger...

Wednesday, November 20, 2013

အလွန်ဝနေသည်ဟု သတ်မှတ်ခံထားရသည့် ပြင်သစ်အမျိုးသား လေယာဉ်စီးခွင့် ရရှိ



ချီကာဂိုမှ ရထားစီးလာပြီးနောက် နိုဝင်ဘာ ၁၂ ရက်တွင် နယူးယောက်ရှိ ပင်းဘူတာရုံသို့ ရောက်လာသော ကီဗင်ချီနိုင်းကို တွေ့ရစဉ် (Photo:AFP)

လေယာဉ်စီးနင်းရန် အလွန်ဝနေသည်ဟု ယူဆခံရသော ပြင်သစ်အမျိုးသားသည် ဥရောပသို့ သင်္ဘောဖြင့် ပြန်ရန်အစီအစဉ် မအောင်မြင်ဖြစ်ခဲ့ပြီး နောက်ဆုံးတွင် လေယာဉ်လက်မှတ် ရရှိသွားပြီဖြစ်ကြောင်း သူ၏ဖခင်က နိုဝင်ဘာ ၁၈ ရက်တွင် ပြောကြားခဲ့သည်။

ဟော်မုန်းမမျှတမှု ဖြစ်ပေါ်နေသည့် ကီဗင်ချီနိုင်းသည် အမေရိကန်သို့ လာရောက်ပြီး ဆေးကုသမှု ခံယူခြင်း ဖြစ်သည်။ ၎င်းသည် နိုဝင်ဘာ ၁၈ ရက် ညနေပိုင်း ဗာဂျင်လေကြောင်းခရီးစဉ်ဖြင့် နယူးယောက်မှ လန်ဒန်သို့ မိဘများနှင့်အတူ ပြန်မည်ဖြစ်ကြောင်း ဖခင်ဖြစ်သူ ရေနီချီနိုင်းက ပြောကြားခဲ့သည်။ သို့သော် ရေနီချီနိုင်းသည် ၎င်းတို့မိသားစု လန်ဒန်သို့ ရောက်ရှိပြီးနောက် မည်သို့ဆက်လက်
လုပ်ဆောင်ရမည်ကို သေချာမသိသေးကြောင်း ပြောကြားခဲ့သည်။

ယခု အသက် ၂၂ နှစ်အရွယ်တွင် ပေါင်ချိန် ၅၀၀ (၂၃၀ ကီလိုဂရမ်) အလေးချိန်ရှိသည့် အ၀လွန် ပြင်သစ်အမျိုးသားသည် လေယာဉ်ပေါ်တွင် တင်ဆောင်ရန် အလွန်လေးသည်ဟု ဗြိတိသျှ လေကြောင်းလိုင်းက ပြီးခဲ့သည့်လတွင် ဆုံးဖြတ်ခဲ့ပြီးနောက် သောင်တင်မှုဇာတ်လမ်း စတင်ခဲ့ခြင်းဖြစ်သည်။ ထို့ နောက် ၎င်း၏မိသားစုသည် ချီကာဂိုလေဆိပ် ဟိုတယ်တွင် သီတင်းတစ်ပတ်ခန့် နေခဲ့ရပြီး ပိုက်ဆံလည်း မရှိတော့ကြောင်း သိရသည်။ နိုဝင်ဘာ ၁၈ ရက်တွင် ချီနိုင်းတို့ မိသားစုသည် နယူးယောက်သို့ ရထားစီးသွားရန် ဆုံးဖြတ်ခဲ့သည်။ ၎င်းတို့သည် နယူးယောက်မှ အင်္ဂလန်သို့ နိုဝင်ဘာ ၁၉ ရက်တွင် ထွက်ခွာမည့် သင်္ဘောနှင့် လိုက်ပါရန် စီစဉ်ခဲ့ကြသည်။ သို့သော် အတ္တလန္တိတ် သမုဒ္ဒရာကို ဖြတ်ကျော်မည့် Queen Mary သင်္ဘောသည် ကျန်းမာရေး အကြောင်းပြချက်ဖြင့် ကီဗင်ကို မလိုက်ပါစေလိုကြောင်း ဖခင်ရေနီချီနိုင်းက ပြောကြားခဲ့သည်။

၂၄ နာရီပတ်လုံး အောက်ဆီဂျင်နှင့် စောင့်ရှောက်မှု လိုအပ်နေသည့် ချီနိုင်းသည် ၂၀၁၂ ခုနှစ် မေလက ပြင်သစ်နိုင်ငံမှ ဆေးကုသမှု ခံယူရန် မင်နီဆိုတားရှိ မေယိုဆေးခန်းသို့ လာရောက်ခဲ့ခြင်းဖြစ်သည်။ ချီနိုင်းသည် ၎င်းခြောက်လ အရွယ်ကတည်းက စတင်ဖြစ်ပေါ်ခဲ့သည့် ကျန်းမာရေး ပြဿနာကြောင့် ပုံမှန်ဘ၀အတိုင်း နေထိုင်ခဲ့ရကြောင်း သိရသည်။

0 comments:

Post a Comment

 
Penanggung Jawab Miftah Budi Kurniawan | Supported by Cheat Game 4U